• Follow Us on

Home ေရြးေကာက္ပြဲလုပ္ငန္းစဥ္မ်ားရွိေနမႈေပၚ အခြင့္ေကာင္းယူၿပီး စစ္ေရးအရအျမတ္ထုတ္မႈရန္လိုမႈမ်ားရပ္ၾကရန္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေျပာ

ေရြးေကာက္ပြဲလုပ္ငန္းစဥ္မ်ားရွိေနမႈေပၚ အခြင့္ေကာင္းယူၿပီး စစ္ေရးအရအျမတ္ထုတ္မႈရန္လိုမႈမ်ားရပ္ၾကရန္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေျပာ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၆

ကပ္ေရာဂါကူးစက္မႈ ေရြးေကာက္ပြဲလုပ္ငန္းစဥ္မ်ား ရွိေနမႈေပၚ အခြင့္ေကာင္ယူၿပီး စစ္ေရးအရ အျမတ္ထု တ္မႈမ်ား၊ ရန္လိုမႈမ်ားကို ရပ္တန္းက ရပ္ၾကဖို႔ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က NCA လက္မွတ္ေရးထိုးျခင္း (၅)ႏွစ္ျပည့္ ေျပာၾကားမိန္႔ခြန္းတြင္ ထည့္သြင္း ေျပာၾကားလိုက္ပါတယ္။

“COVID-19 ဆိုင္ရာ စိန္ေခၚမႈေတြ ေရြးေကာက္ပြဲဆိုင္ရာလုပ္ငန္းစဥ္းေတြ ရွိေနေပမယ့္လည္း ကၽြန္မတို႔ရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဆိုတာ ယာယီရပ္တန္႔ထားလို႔ရတဲ့အရာ မဟုတ္ဘူး၊ ကပ္ေရာဂါကူးစက္မႈ ေရြးေကာက္ပြဲလုပ္ငန္းစဥ္ေတြ ရွိနေနမႈေပၚ အခြင့္ေကာင္းယူၿပီး စစ္ေရးအရ အျမတ္ထုတ္တာေတြ ရန္လိုမႈေတြ ျပသေနတာေတြကိုလည္း ရပ္တန္းက ရပ္ၾကဖို႔ အေလးအနက္ ေျပာၾကားလိုပါတယ္”ဟု နိုင္ငံေတာ္အတိုင္ပ င္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

(၂၁)ရာစု ပင္လုံညီလာခံ ၂၀၂၀ ေရြးေကာက္ပြဲေတြအလြန္မွာလည္း ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ ေရွ႕ဆက္ ၾကမယ့္ဆိုတဲ့ ကတိက၀တ္ေတြ အပ္ႏွင္းခဲ့ၾကတာဟာ အခ်ိန္ကာလကို ခဏဆိုင္းလိုက္တယ္လို႔လည္း မျမင္ေစခ်င္ေၾကာင္း၊ ကၽြန္မတို႔ အားလုံးျပဳနိုင္တဲ့ သေဘာတူညီခ်က္ သစၥာတရားကို ညီလာခံႀကီးမွာ အထင္အရွားျပဳခဲ့ၾကတာျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးဆိုတာ ခါးဆက္အျပတ္ခံလို႔ မရေသးလို႔ ဒုကၡပင္လယ္ေဝေနၾကတဲ့ ကၽြန္မတို႔ရဲ့ ျပည္သူေတြ တက္နိုင္သမၽွ သက္သာရာရေစဖို႔ အခ်ိန္တိုင္း ႀကိဳးပမ္းေနၾကရမွာ ျဖစ္တယ္လို႔ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဆိုပါတယ္။

ဒါေၾကာင့္ NCA ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ ပါေနတဲ့အဖြဲ႕ေတြေရာ NCAလက္မွတ္ မထိုးရေသးေပမယ့္ ေဆြးေႏြးညႇိႏွိုင္း အေျဖရွာမႈေတြကို အလြတ္သေဘာပဲျဖစ္ျဖစ္ တရား၀င္ပဲျဖစ္ျဖစ္ ဆက္တိုက္ လုပ္ေနၾကရမွာျဖစ္ေၾကာင္း၊ အထူးအေလးအနက္ထားၿပီး ေျပၾကားလိုတာကေတာ့ တိုက္ပြဲေတြ စစ္ပြဲေတြ ပစ္ခတ္တိုက္ခိုက္မႈေတြကိုသာ ရပ္စဲဖို႔ လိုအပ္ေနတာ ျဖစ္ၿပီး ၿငိမ္းခ်မ္းရး အပစ္အခတ္ရပ္စဲေရးကိုေတာ့ ရပ္စဲခံလို႔ မရေၾကာင္း ၿငိမ္းခ်မ္းေရးမွာ ေစာင္ၾကည့္တာေပါ့ဆိုတဲ့သေဘာမ်ိဳး မထားၾကဖို႔ အေလးအနက္ ေမတၱာရပ္ခံတိုက္တြန္းခ်င္ေၾကာင္း နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က NCA လက္မွတ္ေရးထိုးျခင္း (၅)ႏွစ္ျပည့္ ေျပာၾကားမိန္႔ခြန္း ေျပာၾကားခ်က္အရ သိရပါတယ္။

#PeopleMedia

(unicode)
ရွေးကောက်ပွဲလုပ်ငန်းစဉ်များရှိနေမှုပေါ် အခွင့်ကောင်းယူပြီး စစ်ရေးအရအမြတ်ထုတ်မှုရန်လိုမှုများရပ်ကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
………………………………………………………

ရန်ကုန်၊ အောက်တိုဘာ ၁၆

ကပ်ရောဂါကူးစက်မှု ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ရှိနေမှုပေါ် အခွင့်ကောင်ယူပြီး စစ်ရေးအရ အမြတ်ထု တ်မှုများ၊ ရန်လိုမှုများကို ရပ်တန်းက ရပ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA လက်မှတ်ရေးထိုးခြင်း (၅)နှစ်ပြည့် ပြောကြားမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလိုက်ပါတယ်။

“COVID-19 ဆိုင်ရာ စိန်ခေါ်မှုတွေ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်းတွေ ရှိနေပေမယ့်လည်း ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ ယာယီရပ်တန့်ထားလို့ရတဲ့အရာ မဟုတ်ဘူး၊ ကပ်ရောဂါကူးစက်မှု ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ရှိနနေမှုပေါ် အခွင့်ကောင်းယူပြီး စစ်ရေးအရ အမြတ်ထုတ်တာတွေ ရန်လိုမှုတွေ ပြသနေတာတွေကိုလည်း ရပ်တန်းက ရပ်ကြဖို့ အလေးအနက် ပြောကြားလိုပါတယ်”ဟု နိုင်ငံတော်အတိုင်ပ င်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

(၂၁)ရာစု ပင်လုံညီလာခံ ၂၀၂၀ ရွေးကောက်ပွဲတွေအလွန်မှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရှေ့ဆက် ကြမယ့်ဆိုတဲ့ ကတိကဝတ်တွေ အပ်နှင်းခဲ့ကြတာဟာ အချိန်ကာလကို ခဏဆိုင်းလိုက်တယ်လို့လည်း မမြင်စေချင်ကြောင်း၊ ကျွန်မတို့ အားလုံးပြုနိုင်တဲ့ သဘောတူညီချက် သစ္စာတရားကို ညီလာခံကြီးမှာ အထင်အရှားပြုခဲ့ကြတာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆိုတာ ခါးဆက်အပြတ်ခံလို့ မရသေးလို့ ဒုက္ခပင်လယ်ဝေနေကြတဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေ တက်နိုင်သမျှ သက်သာရာရစေဖို့ အချိန်တိုင်း ကြိုးပမ်းနေကြရမှာ ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါကြောင့် NCA ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါနေတဲ့အဖွဲ့တွေရော NCAလက်မှတ် မထိုးရသေးပေမယ့် ဆွေးနွေးညှိနှိုင်း အဖြေရှာမှုတွေကို အလွတ်သဘောပဲဖြစ်ဖြစ် တရားဝင်ပဲဖြစ်ဖြစ် ဆက်တိုက် လုပ်နေကြရမှာဖြစ်ကြောင်း၊ အထူးအလေးအနက်ထားပြီး ပြေကြားလိုတာကတော့ တိုက်ပွဲတွေ စစ်ပွဲတွေ ပစ်ခတ်တိုက်ခိုက်မှုတွေကိုသာ ရပ်စဲဖို့ လိုအပ်နေတာ ဖြစ်ပြီး ငြိမ်းချမ်းရး အပစ်အခတ်ရပ်စဲရေးကိုတော့ ရပ်စဲခံလို့ မရကြောင်း ငြိမ်းချမ်းရေးမှာ စောင်ကြည့်တာပေါ့ဆိုတဲ့သဘောမျိုး မထားကြဖို့ အလေးအနက် မေတ္တာရပ်ခံတိုက်တွန်းချင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA လက်မှတ်ရေးထိုးခြင်း (၅)နှစ်ပြည့် ပြောကြားမိန့်ခွန်း ပြောကြားချက်အရ သိရပါတယ်။

#PeopleMedia


Share this post