• Follow Us on

Home ဘရာဇီးနိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ တစ္မိနစ္လ်င္ လူတစ္ဦးေက်ာ္ ေသဆုံးေန

ဘရာဇီးနိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ တစ္မိနစ္လ်င္ လူတစ္ဦးေက်ာ္ ေသဆုံးေန

Share this post

နိုင္ငံတကာ၊ ဇြန္ ၅

ဇြန္လ ၄ ရက္က ကိုဗစ္-၁၉ ေရာဂါေၾကာင့္ လူ ၁၄၇၃ ဦး ေသဆုံးခဲ့ရာ အဆိုပါကပ္ေရာဂါ စတင္ျဖစ္ပြား ခ်ိန္ေနာက္ပိုင္း ၂၄ နာရီအတြင္း လူေသဆုံးမႈ အျမင့္ဆုံးျဖစ္လာခဲ့ေၾကာင္း ဘရာဇီးနိုင္ငံက ေၾကညာလိုက္သည္။

လူေသဆုံးမႈစာရင္းအရ တစ္မိနစ္လ်င္ လူတစ္ဉီးေက်ာ္ ေသဆုံးၿပီး ဘရာဇီးနိုင္ငံမွာ ယခုအခါ ကမာၻေပၚ တြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ လူေသဆုံးမႈ တတိယအျမင့္ဆုံးတိုင္းျပည္ ျဖစ္လာခဲ့သည္။

က်န္းမာေရးဝန္ႀကီးဌာနက ဘရာဇီးနိုင္ငံ၏ လူၾကည့္အမ်ားဆုံး သတင္းအစီအစဥ္ျဖစ္သည့္ ယမန္ေန႕ည ပိုင္း ကိုရိုနာဗိုင္းရပ္စ္ ေသဆုံးမႈစာရင္းကို ေဒသစံေတာ္ခ်ိန္ ည ၁၀ နာရီအထိ ထုတ္ျပန္ရန္ ၾကန႔္ၾကာခဲ့သည္။

ဇြန္လ ၄ ရက္မွာ ဘရာဇီးနိုင္ငံတြင္ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ လူေသဆုံးမႈစံခ်ိန္တင္သည့္ တတိယ ေျမာက္ေန႕ျဖစ္သည္။

ဘရာဇီးနိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ လက္ရွိအခ်ိန္ထိ လူ ၃၄၀၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး အီတလီနိုင္ငံ ၏ လူေသဆုံးမႈစာရင္းကို ေက်ာ္ျဖတ္ကာ ၿဗိတိန္ႏွင့္ အေမရိကန္နိုင္ငံတို႔ၿပီးလ်င္ တတိယလူေသဆုံးမႈအမ်ားဆုံး တိုင္းျပည္ျဖစ္လာခဲ့သည္။

ကိုဗစ္-၁၉ ေရာဂါ စမ္းသပ္မႈမ်ား မလုံေလာက္မႈေၾကာင့္ လူေသဆုံးမႈစာရင္း ေလ်ာ့တြက္ထားသည္ဟု ကြၽမ္းက်င္သူမ်ားက ယူဆၾကသည္။

ကိုးကား – Press Association

Ref; Brazil death toll hits new high for third straight day

[Unicode]
ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်မိနစ်လျင် လူတစ်ဦးကျော် သေဆုံးနေ
…………………………………………………………………………………..

နိုင်ငံတကာ၊ ဇွန် ၅

ဇွန်လ ၄ ရက်က ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၁၄၇၃ ဦး သေဆုံးခဲ့ရာ အဆိုပါကပ်ရောဂါ စတင်ဖြစ်ပွား ချိန်နောက်ပိုင်း ၂၄ နာရီအတွင်း လူသေဆုံးမှု အမြင့်ဆုံးဖြစ်လာခဲ့ကြောင်း ဘရာဇီးနိုင်ငံက ကြေညာလိုက်သည်။

လူသေဆုံးမှုစာရင်းအရ တစ်မိနစ်လျင် လူတစ်ဉီးကျော် သေဆုံးပြီး ဘရာဇီးနိုင်ငံမှာ ယခုအခါ ကမ္ဘာပေါ် တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု တတိယအမြင့်ဆုံးတိုင်းပြည် ဖြစ်လာခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနက ဘရာဇီးနိုင်ငံ၏ လူကြည့်အများဆုံး သတင်းအစီအစဉ်ဖြစ်သည့် ယမန်နေ့ည ပိုင်း ကိုရိုနာဗိုင်းရပ်စ် သေဆုံးမှုစာရင်းကို ဒေသစံတော်ချိန် ည ၁၀ နာရီအထိ ထုတ်ပြန်ရန် ကြန့်ကြာခဲ့သည်။

ဇွန်လ ၄ ရက်မှာ ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် လူသေဆုံးမှုစံချိန်တင်သည့် တတိယ မြောက်နေ့ဖြစ်သည်။

ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ လူ ၃၄၀၀၀ ကျော် သေဆုံးခဲ့ပြီး အီတလီနိုင်ငံ ၏ လူသေဆုံးမှုစာရင်းကို ကျော်ဖြတ်ကာ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့ပြီးလျင် တတိယလူသေဆုံးမှုအများဆုံး တိုင်းပြည်ဖြစ်လာခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ စမ်းသပ်မှုများ မလုံလောက်မှုကြောင့် လူသေဆုံးမှုစာရင်း လျော့တွက်ထားသည်ဟု ကျွမ်းကျင်သူများက ယူဆကြသည်။

ကိုးကား – Press Association

Ref; Brazil death toll hits new high for third straight day


Share this post