• Follow Us on

Home ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကို စြပ္စြဲျပစ္တင္မႈျပဳလုပ္ရန္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ မ်ားက အေရးႀကီးအဆိုတင္

၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကို စြပ္စြဲျပစ္တင္မႈျပဳလုပ္ရန္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ မ်ားက အေရးႀကီးအဆိုတင္

Share this post

ရန္ကုန္၊ ဇြန္ ၆

ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၏ ေဆာင္ရြက္ခ်က္မ်ားႏွင့္ပတ္သက္၍ စြပ္စြဲျပစ္တင္ရန္ အတြက္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္တစ္ခ်ိဳ႕ႏွင့္ တပ္မေတာ္ကိုယ္စားလွယ္မ်ားက ဇြန္ ၅ ရက္ ေန႔က တင္ျပခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံမွ သိရသည္။

ဦးၿဖိဳးမင္းသိန္းအား စြပ္စြဲျပစ္တင္မႈျပဳလုပ္ရန္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၂၆၃ (က) အရ လႊတ္ေတာ္ကိုယ္ စားလွယ္ ၄ ပုံ တစ္ပုံခန္႔က ယမန္႔ေန႔တင္ျပခဲ့ျခင္းျဖစ္ျဖစ္ၿပီး အဆိုပါကဲ့သို႔ တင္ျပခဲ့ျခင္းေၾကာင့္ ရန္ကုန္တိုင္း ေဒသႀကီးလႊတ္ေတာ္ က်င္းပမည့္အခ်ိန္ကို ၁ နာရီ ေနာက္က်ကာ က်င္းပခဲ့ရေၾကာင္း သိရသည္။

“အဓိကေတာ့ ပုဒ္မ ၂၆၃ အရ (ဖြဲ႕စည္းပုံအေျခခံဥပေဒ) ေပးအပ္ခဲ့တဲ့တာ၀န္ေတြကို မလုပ္လို႔ ဦးတို႔အေနနဲ႔ တရား၀င္လႊတ္ေတာ္မွာ ေတာင္းဆိုတာပါ” ဟု ဆိပ္ကမ္းၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစံေက်ာ္ ေျပာသည္။

အဆိုပါကဲ့သို႔ စြပ္စြဲျပစ္တင္မႈျပဳလုပ္ရန္ တင္ျပျခင္းသည္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူအတြက္ တင္ျပခဲ့ျခင္းျဖစ္ေၾကာင္း ဦးစံေက်ာ္က ဆိုသည္။

“စြပ္စြဲျပစ္တင္မႈအဆိုကို သတ္မွတ္တဲ့ကိုယ္စားလွယ္ ေလးပုံတစ္ပုံေပ့ါ၊ ေလးပုံတစ္ပုံဆိုတာက တပ္မေတာ္သား ကိုယ္စားလွယ္တင္ ေလးပုံတစ္ပုံရွိတယ္။ ျပည္ခိုင္ၿဖိဳးက ကိုယ္စားလွယ္ေတြကပါ လက္မွတ္ထိုးေတာ့ ေက်ာ္ ေတာင္သြားတယ္” ဟု အမည္မေဖာ္လိုသည့္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္အစည္းအေ၀းသည္ ယမန္ေန႔က ၿပီးဆုံးသြားၿပီျဖစ္ေသာ္လည္း ယင္းသို႔ တင္ျပမႈႏွင့္ပတ္သက္၍ ေဆြးေႏြးရန္ လႊတ္ေတာ္အစည္းအေ၀းကို ထပ္မံေခၚရန္ရွိေနေၾကာင္း တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕ကဆိုသည္။

“ရန္ကုန္တိုင္းလႊတ္ေတာ္ကေတာ့ မၾကာမီရက္ပိုင္းအတြင္းမွာ အေရးေပၚျပန္ေခၚမလား ပုံမွန္ေခၚမလားဆိုတာ ကေတာ့ မသိဘူးေပါ့ေနာ္။ ေခၚၿပီးရင္ေတာ့ အခုလက္မွတ္ထိုးတဲ့ကိစၥႀကီးကို အေကာင္ထည္ေဖာ္ေပးရမယ္။ ဒါေပမယ့္ မဲခြဲတဲ့အခါမွာ NLD က မ်ားတဲ့အခါက်ေတာ့ ရႈံးရင္လည္းရႈံးမယ္။ ဒါေပမယ့္ ဒါကိုအေရးေတာ့ ယူရ ေတာ့မယ္။ မယူလို႔ေတာ့ မရဘူး” ဟု တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးကေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ကို စြတ္စြဲျပစ္တင္မႈအဆိုအား တင္ျပရာတြင္ တပ္မေတာ္သားကိုယ္စား လွယ္မ်ားႏွင့္ ျပည္ခိုင္ၿဖိဳးပါတီကိုယ္စားလွယ္မ်ားက လက္မွတ္ထိုးသည့္အျပင္ ဒဂုံၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ ေတာ္ကိုယ္စားလွယ္တစ္ဦးပါ ပါ၀င္လက္မွတ္ေရးထိုးထားေၾကာင္းလည္း သိရသည္။

လက္ရွိရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္သည္ စီမံကိန္းမ်ားႏွင့္ပတ္သက္၍ေသာ္လည္းေကာင္း ေဆာင္ရြက္ ခ်က္မ်ားႏွင့္ပတ္သက္၍ေသာ္လည္းေကာင္း ေ၀ဖန္မႈမ်ားခံရသည့္ ၀န္ႀကီးခ်ဳပ္တစ္ဦးျဖစ္ၿပီး ကိုဗစ္ကာလတြင္ ဗိုလ္တေထာင္ေစတီေတာ္တြင္ လူစုလူေ၀းျပဳလုပ္ျခင္းေၾကာင့္ ေ၀ဖန္မႈမ်ားခံေနရသည့္ ၀န္ႀကီးခ်ဳပ္တစ္ဦးလည္း ျဖစ္သည္။

ၿဖိဳးေအာင္

#PeopleMedia

(unicode)
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို စွပ်စွဲပြစ်တင်မှုပြုလုပ်ရန် တိုင်းလွှတ်တော်ကိုယ်စားလှယ် များက အရေးကြီးအဆိုတင်
………………………………………………………………………

ရန်ကုန်၊ ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ စွပ်စွဲပြစ်တင်ရန် အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ချို့နှင့် တပ်မတော်ကိုယ်စားလှယ်များက ဇွန် ၅ ရက် နေ့က တင်ပြခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ဦးဖြိုးမင်းသိန်းအား စွပ်စွဲပြစ်တင်မှုပြုလုပ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ (က) အရ လွှတ်တော်ကိုယ် စားလှယ် ၄ ပုံ တစ်ပုံခန့်က ယမန့်နေ့တင်ပြခဲ့ခြင်းဖြစ်ဖြစ်ပြီး အဆိုပါကဲ့သို့ တင်ပြခဲ့ခြင်းကြောင့် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ကျင်းပမည့်အချိန်ကို ၁ နာရီ နောက်ကျကာ ကျင်းပခဲ့ရကြောင်း သိရသည်။

“အဓိကတော့ ပုဒ်မ ၂၆၃ အရ (ဖွဲ့စည်းပုံအခြေခံဥပဒေ) ပေးအပ်ခဲ့တဲ့တာဝန်တွေကို မလုပ်လို့ ဦးတို့အနေနဲ့ တရားဝင်လွှတ်တော်မှာ တောင်းဆိုတာပါ” ဟု ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော် ပြောသည်။

အဆိုပါကဲ့သို့ စွပ်စွဲပြစ်တင်မှုပြုလုပ်ရန် တင်ပြခြင်းသည် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူအတွက် တင်ပြခဲ့ခြင်းဖြစ်ကြောင်း ဦးစံကျော်က ဆိုသည်။

“စွပ်စွဲပြစ်တင်မှုအဆိုကို သတ်မှတ်တဲ့ကိုယ်စားလှယ် လေးပုံတစ်ပုံပေ့ါ၊ လေးပုံတစ်ပုံဆိုတာက တပ်မတော်သား ကိုယ်စားလှယ်တင် လေးပုံတစ်ပုံရှိတယ်။ ပြည်ခိုင်ဖြိုးက ကိုယ်စားလှယ်တွေကပါ လက်မှတ်ထိုးတော့ ကျော် တောင်သွားတယ်” ဟု အမည်မဖော်လိုသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးသည် ယမန်နေ့က ပြီးဆုံးသွားပြီဖြစ်သော်လည်း ယင်းသို့ တင်ပြမှုနှင့်ပတ်သက်၍ ဆွေးနွေးရန် လွှတ်တော်အစည်းအဝေးကို ထပ်မံခေါ်ရန်ရှိနေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ကဆိုသည်။

“ရန်ကုန်တိုင်းလွှတ်တော်ကတော့ မကြာမီရက်ပိုင်းအတွင်းမှာ အရေးပေါ်ပြန်ခေါ်မလား ပုံမှန်ခေါ်မလားဆိုတာ ကတော့ မသိဘူးပေါ့နော်။ ခေါ်ပြီးရင်တော့ အခုလက်မှတ်ထိုးတဲ့ကိစ္စကြီးကို အကောင်ထည်ဖော်ပေးရမယ်။ ဒါပေမယ့် မဲခွဲတဲ့အခါမှာ NLD က များတဲ့အခါကျတော့ ရှုံးရင်လည်းရှုံးမယ်။ ဒါပေမယ့် ဒါကိုအရေးတော့ ယူရ တော့မယ်။ မယူလို့တော့ မရဘူး” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို စွတ်စွဲပြစ်တင်မှုအဆိုအား တင်ပြရာတွင် တပ်မတော်သားကိုယ်စား လှယ်များနှင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များက လက်မှတ်ထိုးသည့်အပြင် ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်တစ်ဦးပါ ပါဝင်လက်မှတ်ရေးထိုးထားကြောင်းလည်း သိရသည်။

လက်ရှိရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စီမံကိန်းများနှင့်ပတ်သက်၍သော်လည်းကောင်း ဆောင်ရွက် ချက်များနှင့်ပတ်သက်၍သော်လည်းကောင်း ဝေဖန်မှုများခံရသည့် ဝန်ကြီးချုပ်တစ်ဦးဖြစ်ပြီး ကိုဗစ်ကာလတွင် ဗိုလ်တထောင်စေတီတော်တွင် လူစုလူဝေးပြုလုပ်ခြင်းကြောင့် ဝေဖန်မှုများခံနေရသည့် ဝန်ကြီးချုပ်တစ်ဦးလည်း ဖြစ်သည်။

ဖြိုးအောင်

#PeopleMedia


Share this post