• Follow Us on

Home ဘရာဇီးနိုင်ငံ၌ လေယာဉ်ပျက်ကျမှုကြောင့် ဘောလုံးသမားလေးဦး အပါအဝင် ခြောက်ဦး သေဆုံး

ဘရာဇီးနိုင်ငံ၌ လေယာဉ်ပျက်ကျမှုကြောင့် ဘောလုံးသမားလေးဦး အပါအဝင် ခြောက်ဦး သေဆုံး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဘရာဇီးနိုင်ငံ၊ တိုကန်တင်စ်ပြည်နယ်၌ ယမန်နေ့က လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် ဘောလုံးသမား လေးဦးနှင့် ပါးမက်စ်ဘောလုံးအသင်းဥက္ကဋ္ဌတို့အပါအဝင် လူခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လေယာဉ်မှူးနှင့် အသက် ၃၂ နှစ်အရွယ် ကလပ်အသင်းဥက္ကဋ္ဌတို့က ဘောလုံးသမားလေးဦးနှင့်အတူ လေ ယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ကြောင်း ဘရာဇီးနိုင်ငံ စီးရီးဒီတွင် ယှဉ်ပြိုင်နေသည့် ပါးမက်စ်အသင်းက ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောသည်။

Green Cup ပြိုင်ပွဲအတွက် ယနေ့ ဗီလာနိုဗာအသင်းနှင့် ယှဉ်ပြိုင်ကစားရန် အိမ်နီးချင်း ဂွိုင်ရီယပ်စ်ပြည်နယ်သို့ သားရောက်ရန် တိုကန်တင်စ်ပြည်နယ်ရှိ ပေါ်တိုနေရှင်နယ်လေဆိပ်ရှိ ပြေးလမ်းတစ်ခုပေါ်မှ ပျံတက်စဉ် လေ ယာဉ်ပျက်ကျခဲ့ခြင်းဖြစ်သည်။

“လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်သူမရှိပါဘူး” ဟု ပါးမက်စ်အသင်းက ထုတ်ပြန်ချက်အတွင်း ပြောသည်။

ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသန္တရမီးသတ် တပ်ဖွဲ့က ပြောသည်။

ဘရာဇီးနိုင်ငံတစ်ဝန်းရှိ ဘောလုံးအသင်းများက အဆိုပါဖြစ်ရပ်ဆိုးအတွက် ဝမ်းနည်းပူဆွေးကြောင်း လူမှု ကွန်ရက်မှတစ်ဆင့် ဖော်ပြခဲ့သည်။

ကိုးကား – ဆင်ဟွာ

Ref; Plane carrying Brazilian soccer players crashes, killing six

#PeopleMedia

(unicode)
…………………………………………………………









Ref; Plane carrying Brazilian soccer players crashes, killing six

#PeopleMedia


Share this post