• Follow Us on

Home ဘာကီနာဖူဆိုတွင် စစ်အာဏာသိမ်းပြီးနောက် သမ္မတကို ဖမ်းဆီးထိန်းသိမ်းထား

ဘာကီနာဖူဆိုတွင် စစ်အာဏာသိမ်းပြီးနောက် သမ္မတကို ဖမ်းဆီးထိန်းသိမ်းထား

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၅ (People Media)

 

ဘာကီနာဖာဆိုနိုင်ငံတွင် ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းက စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက် သမ္မတ ရို့ချ်မာ့စ်ခရစ်ရှန်ကာဘိုးကို ဖမ်းဆီးကာ စစ်တန်းလျားဆောင်တွင်ထိန်းသိမ်းထားကြောင်း လုံခြုံရေးသတင်းရင်း မြစ်များကပြောသည်။

 

ဘာကီနာဖူဆိုစစ်တပ်သည် သမ္မတကိုဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ထား လိုက်ပြီး အစိုးရအဖွဲ့နှင့် အမျိုးသားလွှတ်တော်တို့ကို ဖျက်သိမ်းကာ နိုင်ငံ၏ နယ်စပ်လမ်းကြောင်းများကို ပိတ်ပင် ထားလိုက်သည်။

 

အာဏာသိမ်းစစ်တပ်၏ကြေညာချက်ကို ဒုတိယဗိုလ်မှူးကြီး ပေါလ်ဟန်ရီ ဆန်ဒါဂိုဒါမီဘာက လက်မှတ်ရေးထိုး ခြင်းဖြစ်သည်။ “ကျွန်ုပ်တို့နိုင်ငံ၏ အခြေခံအုတ်မြစ်များကို ခြိမ်းခြောက်နေသည့် လုံခြုံရေးအခြေအနေများဆက် လက်ယိုယွင်းပျက်စီးလာမှုကိုထောက်ရှုကြည့်လျှင် နိုင်ငံတော်သမ္မတ ရို့ချ်မာ့စ်ခရစ်ရှန်ကာဘိုးအနေဖြင့် အခြေ အနေများကို ကိုင်တွယ်ထိန်းသိမ်းနိုင်စွမ်းမရှိသည်မှာ ထင်ရှားနေသဖြင့် နိုင်ငံတော်အာဏာကိုရယူသိမ်းပိုက် လိုက်ရခြင်းဖြစ်ကြောင်း” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နိုင်ငံတွင်းရှိစစ်စခန်းအချို့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တပ်မတော်ထိပ်တန်းခေါင်းဆောင် များကို ဖြုတ်ချပေးရေးနှင့် ဂျီဟတ်ဝါဒီသူပုန်များတိုက်ခိုက်ရာတွင် စစ်လက်နက်ပစ္စည်းများ ပိုမိုထောက်ပံ့ပေး ရေးတို့ တောင်းဆိုကာ ပုန်ကန်ထကြွခဲ့ကြသည်။

 

ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် မြို့တော်ဝါးဂက်ဒီဂိန် (Ouagadougou) ရှိ သမ္မတကာဘိုးနေအိမ် အနီး တွင် သေနတ်သံများကြားရပြီး အိမ်အပေါ်ဘက်တွင် ရဟတ်ယာဉ်တစ်စင်း ပျံသန်းနေသည်ကို မြင်တွေ့ရ ကြောင်း မျက်မြင်သက်သေများကပြောသည်။

 

“ပါလီမန်အကြီးအကဲဖြစ်တဲ့ သမ္မတကာဘိုးနဲ့ ဝန်ကြီးတွေကို စစ်သားတွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

 

တနင်္ဂနွေနေ့မှစ၍ အင်တာနက်လိုင်းများဖြတ်တောက်ထားသဖြင့် ကောလာဟလသတင်းများကို အတည်ပြုရန် ခက်ခဲသောကြောင့် မြို့တော်တွင်းရှိ အခြေအနေများမှာ တင်းမာ၊ ရှုပ်ထွေးနေသည်။

 

ခေါင်းစွပ်မျက်နှာဖုံးဝတ်ဆင်ထားသောလုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးမှာ ဇန်နဝါရီလ ၂၄ ရက်နေ့က အမျိုးသားအသံ လွှင့်ဌာနရှေ့တွင် နေရာယူထားသည်ကိုတွေ့ရှိရသော်လည်း ယင်းအဖွဲ့မှာ အာဏာသိမ်းစစ်တပ်ကအဖွဲ့လား၊ အစိုးရကစေလွှတ်သောအဖွဲ့လားဆိုသည်ကို ရှင်းလင်းကွဲပြားစွာ မသိရကြောင်း AFP သတင်းထောက်များက ပြောသည်။

 

သမ္မတကာဘိုးသည် ပထမဦးဆုံး ၂၀၁၅ ခုနှစ်တွင် ရွေးချယ်ခံခဲ့ရပြီး နောက်ထပ်ငါးနှစ်တွင် ထပ်မံရွေးချယ်ခံခဲ့ရ သည်။ ကာဘိုးသည် ဂျီဟတ်ဝါဒီသူပုန်များကို တိုက်ခိုက်ရန် ဦးစားပေးဆောင်ရွက်ခဲ့ပြီး နိုင်ငံတွင်းသွေးထွက်သံ ယိုမှုများရပ်ဆိုင်းအောင် ပြုလုပ်နိုင်ခြင်းမရှိသည့်အတွက် လူထုဒေါသနှင့် ရင်ဆိုင်ခဲ့ရသည်။

 

အာဏာသိမ်းစစ်သားများကိုထောက်ခံသည့် ဆန္ဒပြအဖွဲ့တစ်ဖွဲ့သည် မျက်နှာဖုံးများတပ်ဆင်ထားပြီး မြိ့တော် တွင်းရှိ အဓိကလမ်းမကြီးသုံးလေးခုကို ပိတ်ထားခဲ့သော်လည်း နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များကပြန်လည်ရှင်း ထုတ်ခဲ့ကြောင်း AFP သတင်းထောက်များကပြောသည်။ ဘာကီနာဖာဆိုနိုင်ငံတွင် စစ်အာဏာသိမ်းမှု သို့မ ဟုတ် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု သုံးလေး ကြိမ်ဖြစ်ခဲ့ဖူးကြောင်းသိရသည်။

 

Ref: Coup in Burkina Faso as army deposes government and Burkina Faso President Arrested by Mutinous Soldiers: Security Sources

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 

Ref: Coup in Burkina Faso as army deposes government and Burkina Faso President Arrested by Mutinous Soldiers: Security Sources

 

#PeopleMedia


Share this post