• Follow Us on

Home ဘာ႐ွန္ခ်ားကၽြန္းေပၚသို႔ ဘဂၤါလီမ်ားေျပာင္းေ႐ႊ႕ေနရာခ်ထားေရး ႏိုင္ငံတကာက ဘဂၤလားေဒ့႐ွ္ႏိုင္ငံကို ဖိအား ေပးေနဟု ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးေျပာ

ဘာ႐ွန္ခ်ားကၽြန္းေပၚသို႔ ဘဂၤါလီမ်ားေျပာင္းေ႐ႊ႕ေနရာခ်ထားေရး ႏိုင္ငံတကာက ဘဂၤလားေဒ့႐ွ္ႏိုင္ငံကို ဖိအား ေပးေနဟု ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးေျပာ

Share this post

ဒါကာ၊ ေအာက္တိုဘာ ၁၉
 
ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားကို ဘာ႐ွန္ခ်ားကၽြန္းေပၚသို႔ေ႐ႊ႕ေျပာင္းေနရာခ်ထားေရးကိစၥအေပၚ ဘဂၤါလီတခ်ိဳ႕က သူတို႔အတြက္ေဆာက္လုပ္ေပးထားေသာေနရာမ်ားဆီ ေပ်ာ္႐ႊင္စြာသြားေရာက္ရန္ ႐ွိေသာ္ လည္း ကုလသမဂၢဒုကၡသည္မ်ားေအဂ်င္စီ(UNHCR)အပါအ၀င္ ႏိုင္ငံတကာအစိုးရမဟုတ္ေသာ အဖြဲ႕အစည္း (အိုင္အန္ဂ်ီအို)မ်ားထံမွ ဖိအားမ်ားရင္ဆိုင္ေနရေၾကာင္း ဘဂၤါလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီး ေအေက အဗၺဒူ မိုမန္က တနဂၤေႏြေန႔တြင္ေျပာသည္။
 
လူသူကင္းမဲ့ၿပီး မုန္တိုင္းမ်ားႏွင့္ မၾကာခဏရင္ဆိုင္ရေလ့႐ွိေသာဘာ႐ွန္ခ်ားကၽြန္းသည္ အလြန္လွပေသာေနရာ ျဖစ္ၿပီး အပန္းေျဖစခန္းတခုျဖစ္လာသင့္ေၾကာင္းလည္း မိုမန္ကေျပာသည္။
 
ေကာ့က္စ္ဘဇားခ႐ိုင္မွ ဘဂၤါလီစခန္းမ်ားတြင္ ေျမၿပိဳမႈမ်ားေၾကာင့္ ေသဆံုးမႈအႏၲရာယ္မ်ားေ႐ွာင္႐ွားရန္ ဘဂၤါလီ ၁ သိန္းခန္႔ကို ယခုႏွစ္တြင္စၿပီး ဘာ႐ွန္ခ်ားကၽြန္းသို႔ေျပာင္းေ႐ႊ႕ရန္ ဘဂၤလားေဒ့႐ွ္အစိုးရက ဆံုးျဖတ္ထား ေၾကာင္းလည္းေျပာသည္။
 
ျမန္မာႏိုင္ငံတြင္ သူတို႔လုပ္ခဲ့သကဲ့သို႔ စီးပြားေရးလုပ္ငန္းမ်ားလည္း ထိုကၽြန္းေပၚတြင္ ဘဂၤါလီမ်ားျပန္လုပ္ႏိုင္ရန္ အခြင့္အေရးမ်ားလည္းစီမံေပးထားသည္။
 
ဘာ႐ွန္ခ်ားကၽြန္းေပၚတြင္ လက္႐ွိဘဂၤါလီ ၃၀၀ ေက်ာ္ေျပာင္းေ႐ႊ႕ေနရာခ်ထားသည္ဟု ဘဂၤလားေဒ့႐ွ္ဘက္ကေ ျပာသည္။
 
ကၽြန္းေပၚတြင္ လံုၿခံဳေရးတပ္ဖြဲ႔၀င္မ်ားက ဘဂၤါလီအမ်ိဳးသမီးမ်ားကို အဓမၼမႈက်ဴးလြန္ျခင္းမ်ား႐ွိေနသည္ဟု တိုင္ၾကားမႈမ်ား႐ွိေနသည္။
 
Ref : FM Momen: Govt under pressure over plan to relocate Rohingyas to Bhashan Char
 
#PeopleMedia
 
(unicode)
ဘာရှန်ချားကျွန်းပေါ်သို့ ဘင်္ဂါလီများပြောင်းရွှေ့နေရာချထားရေး နိုင်ငံတကာက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖိအား ပေးနေဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးပြော
…………………………………………………………
 
ဒါကာ၊ အောက်တိုဘာ ၁၉
 
ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကို ဘာရှန်ချားကျွန်းပေါ်သို့ရွှေ့ပြောင်းနေရာချထားရေးကိစ္စအပေါ် ဘင်္ဂါလီတချို့က သူတို့အတွက်ဆောက်လုပ်ပေးထားသောနေရာများဆီ ပျော်ရွှင်စွာသွားရောက်ရန် ရှိသော် လည်း ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ(UNHCR)အပါအဝင် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း (အိုင်အန်ဂျီအို)များထံမှ ဖိအားများရင်ဆိုင်နေရကြောင်း ဘင်္ဂါလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမန်က တနင်္ဂနွေနေ့တွင်ပြောသည်။
 
လူသူကင်းမဲ့ပြီး မုန်တိုင်းများနှင့် မကြာခဏရင်ဆိုင်ရလေ့ရှိသောဘာရှန်ချားကျွန်းသည် အလွန်လှပသောနေရာ ဖြစ်ပြီး အပန်းဖြေစခန်းတခုဖြစ်လာသင့်ကြောင်းလည်း မိုမန်ကပြောသည်။
 
ကော့က်စ်ဘဇားခရိုင်မှ ဘင်္ဂါလီစခန်းများတွင် မြေပြိုမှုများကြောင့် သေဆုံးမှုအန္တရာယ်များရှောင်ရှားရန် ဘင်္ဂါလီ ၁ သိန်းခန့်ကို ယခုနှစ်တွင်စပြီး ဘာရှန်ချားကျွန်းသို့ပြောင်းရွှေ့ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆုံးဖြတ်ထား ကြောင်းလည်းပြောသည်။
 
မြန်မာနိုင်ငံတွင် သူတို့လုပ်ခဲ့သကဲ့သို့ စီးပွားရေးလုပ်ငန်းများလည်း ထိုကျွန်းပေါ်တွင် ဘင်္ဂါလီများပြန်လုပ်နိုင်ရန် အခွင့်အရေးများလည်းစီမံပေးထားသည်။
 
ဘာရှန်ချားကျွန်းပေါ်တွင် လက်ရှိဘင်္ဂါလီ ၃၀၀ ကျော်ပြောင်းရွှေ့နေရာချထားသည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်ကေ ပြာသည်။
 
ကျွန်းပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘင်္ဂါလီအမျိုးသမီးများကို အဓမ္မမှုကျူးလွန်ခြင်းများရှိနေသည်ဟု တိုင်ကြားမှုများရှိနေသည်။
 
Ref : FM Momen: Govt under pressure over plan to relocate Rohingyas to Bhashan Char
 
#PeopleMedia

Share this post