• Follow Us on
Latest News

Home ဘိုကလေးမြို့နယ်၌ စက်လှေဖြင့် ဝင်ရောက်လာသည့် ဘင်္ဂလီ ကျား/မ (၃၀) ဖမ်းဆီးခံရ၊ စက်လှေဖြင့် သယ် ဆောင်ပေးသူမှာ မြို့ခံ ဗမာတိုင်းရင်းသား သုံးဦးဖြစ်နေ

ဘိုကလေးမြို့နယ်၌ စက်လှေဖြင့် ဝင်ရောက်လာသည့် ဘင်္ဂလီ ကျား/မ (၃၀) ဖမ်းဆီးခံရ၊ စက်လှေဖြင့် သယ် ဆောင်ပေးသူမှာ မြို့ခံ ဗမာတိုင်းရင်းသား သုံးဦးဖြစ်နေ

Share this post

ပုသိမ်၊ နိုဝင်ဘာ ၁၁ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ရွာသစ်ကျေးရွာအနီး၌ စက်လှေဖြင့် ဝင်ရောက်လာသည့် ဘင်္ဂလီ ကျား/မ (၃၀) ဦးကို နိုဝင်ဘာ ၁၀ ရက်နေ့၌ လုံခြုံရေးအဖွဲ့များက ဖမ်းဆီးလိုက်ပါတယ်။

 

“ဘင်္ဂလီတွေကို စက်လှေနဲ့ သယ်ဆောင်လာသူတွေက ဘိုကလေးမြို့နယ်က ဗမာတိုင်းရင်းသား အမျိုးသား သုံးဦးဖြစ်တယ်။ စက်လှေပေါ်မှာ ဘင်္ဂလီ ကျား ၅ ဦး၊ မ ၂၅ ဦးဖြစ်တယ်” လို့ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦး ထံက သိရပါတယ်။

 

အဆိုပါ ဖမ်းမိခဲ့သည့် ဘင်္ဂလီများကို လက်ရှိအချိန်၌ ဘိုကလေးမြို့နယ် ရဲစခန်း၌ ယာယီထားရှိထားကြောင်း သိရပါတယ်။

 

ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီများသည် ရေလမ်းကြောင်း အသုံးပြု၍ ဧရာဝတီတိုင်းအတွင်း ဝင်ရောက်လာသလို ကုန်းလမ်းအသုံးပြု၍ မကွေးတိုင်းဒေသကြီးကို ဖြတ်ကျော်၍ သွားလာမှုများ ပြုလုပ်လျက်ရှိပါတယ်။

 

Photo – ပုံအဟောင်း ပြန်လည်အသုံးပြုထားသည်။

 

#PeopleMedia #ဘင်္ဂလီ

 

(unicode)


……………………………………………………

 


 


 


 


 


 


 

#PeopleMedia #ဘငျ်ဂလီ


Share this post