• Follow Us on

Home မက္ကဆီကိုသမ္မတ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရဟုကြေညာ

မက္ကဆီကိုသမ္မတ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရဟုကြေညာ

Share this post

မက္ကဆီကို၊ ဇန်နဝါရီ ၂၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း မက္ကဆီကိုသမ္မတ အန်ဒရက် မန်နွဲ လိုပတ်ဇ် အော်ဘရာဒေါကကြေ ညာသည်။

လက္ခဏာများသည် အပျော့စားသာဖြစ်ပြီး စစ်ဆေးမှုရလဒ်ထွက်လာပြီးနောက် အကောင်းမြင်စိတ်ရှိနေကြောင်း အသက် ၆၇ နှစ်ရှိနေသည့် မစ္စတာ လိုပက်ဇ် အော်ဘရာဒေါက တွစ်တာတွင်ပြောသည်။

သေဆုံးသူ ၁၅၀၀၀၀ နီးပါးရှိနေပြီး ကူးစက်မှုမြင့်တက်နေသည့်မက္ကဆီကိုနိုင်ငံတွင် သမ္မတကူးစက်ခံရခြင်း ဖြစ်သည်။

ရုရှားနိုင်ငံထုတ် စပွတ်ညစ်-၅ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဝယ်ယူရန် ရုရှားသမ္မတ ဗလာဒီမျာ ပူတင်နှင့် ဆွေးနွေးမည့်ကိစ္စအပါအဝင် အိမ်မှဆက်လက်အလုပ်လုပ်မည်ဟု မစ္စတာ လိုပက်ဇ် အော်ဘရာဒေါကပြော သည်။

နှစ်နိုင်ငံဆက်ဆံရေးနှင့် ကာကွယ်ဆေးဝယ်ယူရန်ဖြစ်နိုင်သည့် ခေါင်းဆောင် ၂ ယောက်ကြားဆွေးနွေးမှုများ တနင်္ဂနွေနေ့တွင်ပြုလုပ်မည်ဟု တနင်္ဂနွေနေ့အစောပိုင်းတွင်ကြေညာသည်။

အစွမ်းထက်ကြောင်းသက်သေပြနိုင်ပါက ရုရှားကာကွယ်ဆေး ၁၂ သန်းဝယ်ယူမည်ဟု မက္ကဆီကိုသမ္မတက ၂၀၂၀ ပြည့်နှစ်တွင် ပြောသည်။

ထိုဆေးကိုအသုံးပြုရန် မက္ကဆီကိုနိုင်ငံတွင်ခွင့်မပြုသေးသော်လည်း ဖိုင်ဇာ-ဘိုင်ယွန်းတက်ခ်ကာကွယ်ဆေးများ ရရှိရန်နှောင့်နှေးနေချိန်တွင် နိုင်ငံလူဦးရေ ၁၂၈ သန်းစလုံးအတွက် ကာကွယ်ဆေးထိုးမည့်အစီအစဉ်ကို အာဏာပိုင်များက ချဲ့ထွင်ချင်နေသည်။

ဘရာဇီးနှင့် အာဂျင်တီးနားအပါအဝင် နိုင်ငံအများအပြားတွင် စပွတ်ညစ်-၅ ကာကွယ်ဆေးများအသုံးပြုရန် ခွင့်ပြုထားပြီး ယခုတပတ်တွင် ဥရောပသမဂ္ဂနိုင်ငံများအတွင်း ဟန်ဂေရီသည် ပထမဆုံးခွင့်ပြုသည့်နိုင်ငံ ဖြစ်လာသည်။

Ref : Covid-19: Mexican President López Obrador tests positive

#PeopleMedia

(unicode)
မက်ကဆီကိုသမ်မတ ကိုရိုနာဗိုငျးရပျဈကူးစကျခံရဟုကွညော
…………………………………………..

မက်ကဆီကို၊ ဇနျနဝါရီ ၂၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)









Ref : Covid-19: Mexican President López Obrador tests positive

#PeopleMedia


Share this post