• Follow Us on

Home မဂၤလာဒုံၿမိဳ႕နယ္ရွိ Myanmar Asia Optical စက္႐ုံ Lock Down ခ်ထားမႈေၾကာင့္ စက္႐ုံဝန္ထမ္းမ်ား၏ က်န္းမာေရးကို နိုင္ငံေတာ္မွ တိတိက်က် ဝင္ေရာက္စစ္ေဆးေပးရန္ စက္႐ုံဝန္ထမ္းမ်ားေတာင္းဆို

မဂၤလာဒုံၿမိဳ႕နယ္ရွိ Myanmar Asia Optical စက္႐ုံ Lock Down ခ်ထားမႈေၾကာင့္ စက္႐ုံဝန္ထမ္းမ်ား၏ က်န္းမာေရးကို နိုင္ငံေတာ္မွ တိတိက်က် ဝင္ေရာက္စစ္ေဆးေပးရန္ စက္႐ုံဝန္ထမ္းမ်ားေတာင္းဆို

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၆

ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္ရွိ Myanmar Asia Optical(မွန္ဘီလူးစက္႐ုံ)၌ COVID-19 ေတြ႕ ရွိမႈေၾကာင့္ Lock Down ခ်ထားမႈအေပၚ စက္႐ုံရွိ ဝန္ထမ္းမ်ား၏ က်န္းမာေရးကို နိုင္ငံေတာ္မွ တိတိက်က် ေဆာင္ရြက္ေပးရန္ ဝန္ထမ္းမ်ားက People Media သို႔ ဆက္သြယ္ေျပာဆိုလာပါတယ္။

အဆိုပါဝန္ထမ္းမ်ား၏ ေျပာဆိုခ်က္၌ စက္႐ုံ၌ COVID ပိုးေတြ႕ရွိေသာ္လည္း စက္႐ုံရွိ ဝန္ထမ္းမ်ားကို စနစ္ တက် သတ္မွတ္၍ ေနရာခ်ထားေပးမႈမရွိေၾကာင္း၊ စားေသာက္ေရး၌ ေန႔စဥ္ အဆင္မေျပေၾကာင္း၊ COVID ပိုးေတြ႕ရွိသူမ်ားႏွင့္ အမ်ားသုံးအိမ္သာအတူတူတြဲ၍ သုံးစြဲေနရေၾကာင္း၊ ထို႔အတူ စက္႐ုံရွိ ဝန္ထမ္းမ်ား၌ COVID ပိုး ရွိ-မရွိ လာေရာက္စစ္ေဆးေပးရန္ ေျပာဆိုေနၾကပါတယ္။

အဆိုပါစက္႐ုံ၌ COVID ပိုးေတြ႕ရွိမႈေၾကာင့္ စက္တင္ဘာ(၂၄)ရက္မွ စတင္၍ ယေန႔အခ်ိန္ထိ စက္႐ုံကို Lock Down ခ်ထားၿပီး စက္႐ုံ၌ လက္ရွိအခ်ိန္တြင္ ဝန္ထမ္းတစ္ေထာင္ခန္႔ ရွိေၾကာင္း စက္႐ုံဝန္ထမ္းမ်ားက ေျပာ ပါတယ္။

“ကၽြန္မကိုယ္တိုင္လည္း အနံ႔မရေတာ့ပါဘူး။ ပိုးရွိမရွိ မေသခ်ာေတာ့လို႔ပါ။ သက္ဆိုင္ရာတိုင္း က်န္းမာေရး ဦးစီးမွဴးထံ ဖုန္းဆက္တာလည္း ဖုန္းလုံးဝမကိုင္ပါဘူး။ က်န္းမာေရး စစ္ေဆးေပးတာလိုခ်င္ပါတယ္” လို႔ အလုပ္သမားေခါင္းေဆာင္တစ္ဦးက ေျပာပါတယ္။

#PeopleMedia #မဂၤလာဒုံ #MyanmarAsiaOptical

(Unicode)
မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Asia Optical စက်ရုံ Lock Down ချထားမှုကြောင့် စက်ရုံဝန်ထမ်းများ၏ ကျန်းမာရေးကို နိုင်ငံတော်မှ တိတိကျကျ ဝင်ရောက်စစ်ဆေးပေးရန် စက်ရုံဝန်ထမ်းများတောင်းဆို
……………………………………………………….

ရန်ကုန်၊ အောက်တိုဘာ – ၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Asia Optical(မှန်ဘီလူးစက်ရုံ)၌ COVID-19 တွေ့ ရှိမှုကြောင့် Lock Down ချထားမှုအပေါ် စက်ရုံရှိ ဝန်ထမ်းများ၏ ကျန်းမာရေးကို နိုင်ငံတော်မှ တိတိကျကျ ဆောင်ရွက်ပေးရန် ဝန်ထမ်းများက People Media သို့ ဆက်သွယ်ပြောဆိုလာပါတယ်။

အဆိုပါဝန်ထမ်းများ၏ ပြောဆိုချက်၌ စက်ရုံ၌ COVID ပိုးတွေ့ရှိသော်လည်း စက်ရုံရှိ ဝန်ထမ်းများကို စနစ် တကျ သတ်မှတ်၍ နေရာချထားပေးမှုမရှိကြောင်း၊ စားသောက်ရေး၌ နေ့စဉ် အဆင်မပြေကြောင်း၊ COVID ပိုးတွေ့ရှိသူများနှင့် အများသုံးအိမ်သာအတူတူတွဲ၍ သုံးစွဲနေရကြောင်း၊ ထို့အတူ စက်ရုံရှိ ဝန်ထမ်းများ၌ COVID ပိုး ရှိ-မရှိ လာရောက်စစ်ဆေးပေးရန် ပြောဆိုနေကြပါတယ်။

အဆိုပါစက်ရုံ၌ COVID ပိုးတွေ့ရှိမှုကြောင့် စက်တင်ဘာ(၂၄)ရက်မှ စတင်၍ ယနေ့အချိန်ထိ စက်ရုံကို Lock Down ချထားပြီး စက်ရုံ၌ လက်ရှိအချိန်တွင် ဝန်ထမ်းတစ်ထောင်ခန့် ရှိကြောင်း စက်ရုံဝန်ထမ်းများက ပြော ပါတယ်။

“ကျွန်မကိုယ်တိုင်လည်း အနံ့မရတော့ပါဘူး။ ပိုးရှိမရှိ မသေချာတော့လို့ပါ။ သက်ဆိုင်ရာတိုင်း ကျန်းမာရေး ဦးစီးမှူးထံ ဖုန်းဆက်တာလည်း ဖုန်းလုံးဝမကိုင်ပါဘူး။ ကျန်းမာရေး စစ်ဆေးပေးတာလိုချင်ပါတယ်” လို့ အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

#PeopleMedia #မင်္ဂလာဒုံ #MyanmarAsiaOptical


Share this post