• Follow Us on

Home မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်းမှ အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်သည့် အချုပ်ကားတစ်စီး မိုင်းကပ် ခြင်းခံရ

မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်းမှ အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်သည့် အချုပ်ကားတစ်စီး မိုင်းကပ် ခြင်းခံရ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၁ (People Media)

 

ဇန်နဝါရီ ၂၀ ရက်နေ့ မွန်းလွဲပိုင်းခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှ အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင်သည့် အချုပ်ကားတစ်စီး၌ မိုင်းကပ်ထောင်ထားခြင်းကို အင်းစိန်ထောင်ရောက်မှ တာဝန်ရှိသူများက တွေ့ရှိ၍ ရှင်းလင်းခဲ့ရသည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်။

 

အချုပ်ကားသည် မင်္ဂလာတောင်ညွှန့်ရဲစခန်းမှ အင်းစိန်ထောင်အထိ မောင်းနှင်ခဲ့သောကားဖြစ်ပြီး အဆိုပါ ကားကို စောင့်ကြပ်ရန်အတွက် ကား၏နောက်၌ ရဲတပ်ဖွဲ့ဝင်အချို့ လိုက်ပါစောင့်ကြည့်ခဲ့သည်။

 

သို့သော် အချုပ်ကားသည် မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်းမှ အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်သည့် ခရီးစဉ်အတွင်း၌ စက်သုံးဆီဆိုင်၌ ဆီဝင်ထည့်စဉ် တစ်ကြိမ်သာ ရပ်နားမှု ပြုလုပ်ခဲ့သည်။

 

“အင်းစိန်ရောက်တော့မှ တွေ့တာ။ နောက်က အချုပ်သားတွေ ဆင်းတဲ့နေရာမှာ မိုင်းကိုကပ်ထားတာ။ ဘယ်လိုအချိန်မှာ ဖြစ်သွားတာလည်းဆိုတာ သိတောင်မသိလိုက်ကြဘူး” လို့ ရဲတပ်ဖွဲ့ဝင်အချို့က ပြော ဆိုသည်။

 

အထက်ပါ အချုပ်ကား မိုင်းကပ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းထံ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

 

Photo – Credit (ပုံဟောင်း အသုံးပြုထားသည်)

 

#PeopleMedia #အင်းစိန် #အချုပ်ကား

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 



Share this post