• Follow Us on

Home မည်သည့်အကြောင်းနှင့်မှ ပါတီဆိုင်းဘုတ်များဖြုတ်ချခြင်းမပြုရန် NLD ပါတီ ညွန်ကြား

မည်သည့်အကြောင်းနှင့်မှ ပါတီဆိုင်းဘုတ်များဖြုတ်ချခြင်းမပြုရန် NLD ပါတီ ညွန်ကြား

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မည်သည့်အကြောင်းနှင့်မှ ပါတီဆိုင်းဘုတ်များ ဖြုတ်ချခြင်းမပြုကြရန် ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ညွန်ကြားလိုက်သည်။

အဓိက ပခုက္ကူမြို့နယ်ထဲမှာရှိတဲ့ ရပ်ကျေးတွေမှာ တစ်ချို့က ဆိုင်းဘုတ်တွေကို လာဖြုတ်ခိုင်းနေတာတွေ ရှိတယ်။ ရှိတော့ အဲ့ဒါကို ကျွန်မတို့က ညွန်ကြားချက် ထုတ်ပေးတာပါ ပခုက္ကူမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းက People Media သို့ ပြောသည်။

ပါတီဆိုင်းဘုတ်၊ အလံများကိစ္စနှင့်ပက်သက်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးတွင်ရှိသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်နှင့် အလံများကို သက်ဆိုင်ရာရုံးနေရာတွင် စိုက်ထူလွှင့်တင်ရန် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခရိုင်၊ မြို့နယ်ကော်မရှင်တွင် မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း ညွန်ကြားချက်အရ သိရသည်။

သို့ဖြစ်၍ ညွန်ကြားချက် တစ်စုံတစ်ရာမရရှိဘဲ မည်သည့်အကြောင်းနှင့်မှ ပါတီဆိုင်းဘုတ်များ၊ အလံများကို ဖြူတ်ချခြင်း မပြုကြပါရန် အသိပေးညွန်ကြားစာတွင်ပါဝင်သည်။

#PeopleMedia #NLD

(unicode)
…………………………………….






#PeopleMedia #NLD


Share this post