• Follow Us on

Home နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို တပ်မတော်က ၎င်းတို့၏နေအိမ်များသို့ ပြန်ပို့ ရန် စီစဉ်ထားသော်လည်း အကြောင်းကြားမှုမရှိသေးကြောင်း လွှတ်တော်ကိုယ်စားလှယ်များ အတည်ပြု

နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို တပ်မတော်က ၎င်းတို့၏နေအိမ်များသို့ ပြန်ပို့ ရန် စီစဉ်ထားသော်လည်း အကြောင်းကြားမှုမရှိသေးကြောင်း လွှတ်တော်ကိုယ်စားလှယ်များ အတည်ပြု

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များကို တပ်မတော်က ယနေ့၌ ၎င်းတို့နေထိုင်ရာ တိုင်း/ပြည် နယ်များရှိ နေအိမ်များသို့ ပို့ဆောင်ရန် စီစဉ်ထားသော်လည်း လာရောက်ဆက်သွယ်မှုမရှိသေးကြောင်း ကိုယ်စားလှယ်များက People Media သို့ အတည်ပြုသည်။
 
တပ်မတော်သည် ဖေဖော်ဝါရီ ၁ ရက်နေ့၌ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များကို ယာယီထိန်းသိမ်းပြီး နောက် ယနေ့အချိန်၌ ၎င်းတို့နေထိုင်ရာ အိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
 
သို့သော် တပ်မတော်က ၎င်းတို့ကို နေအိမ်အကျယ်ချုပ်ဖြင့်ထားရှိခဲ့ခြင်းဖြစ်သည်။
 
“ကျွန်တော်တို့ကတော့ အခုအချိန်အထိတော့ အေးဆေးပါပဲ ဘာမှတော့မကြားသေးပါဘူး။ ကျွန်တော်တို့ကို အဲ့ဒါနဲ့ပတ်သက်လို့ ဘာမှအကြောင်းကြားတာတော့မရှိသေးဘူး” လို့ NLD အမတ်ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
 
အလားတူ People Media က ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင် ကျော်ကို မေးမြန်းရာ ၎င်းက “ကျွန်တော်တို့ စည်ပင်ဝင်းထဲမှာပဲနေရတယ်။ သွားတာလာတာ စားတာ သောက်တာ နေရထိုင်ရတာ လွတ်လွတ်လပ်လပ်ပါပဲ ဘာအနှောင့်အယှက်မှ မရှိပါဘူး။ ကိုယ်စားလှယ်တွေ အားလုံး ကျန်းကျန်းမာမာပါပဲ။ အခက်အခဲ ကြီးကြီးမာ မား မရှိပါဘူး”ဟု ဆိုသည်။
 
နေပြည်တော်ရှိ စည်ပင်ဧည်ရိပ်သာသည် လွှတ်တော်ကိုယ်စားလှယ်အများစု တည်းခိုနေထိုင်သောနေရာ ဖြစ်သည်။
 
#PeopleMedia #NLD
 
(unicode)
………………………………………………………
 
 
 
 
 
 
 
 
#PeopleMedia #NLD

Share this post