• Follow Us on

Home မတရားအကြမ်းဖက်မှုအားလုံး ရပ်တန်းကရပ်သင့်ပြီဖြစ်ကြောင်း ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကာဒီနယ်ချား လ်စ်ဘို ပြောကြား

မတရားအကြမ်းဖက်မှုအားလုံး ရပ်တန်းကရပ်သင့်ပြီဖြစ်ကြောင်း ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကာဒီနယ်ချား လ်စ်ဘို ပြောကြား

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ (People Media)

 

မြန်မာပြည်သူများသည် စိတ်ထင်တိုင်း ဖျက်ဆီးသတ်ဖြတ်ခံနေရသည့်ဘဝကို ရင်ဆိုင်ဖြတ်သန်းနေကြရပြီး၊ မတရားအကြမ်းဖက်မှုအားလုံး ရပ်တန်းကရပ်သင့်ပြီဖြစ်ကြောင်း ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘိုက ပြောသည်။

 

ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုသည် ဗာတီကန်သတင်းဌာနမှ မေးမြန်သည့် အင်တာ ဗျူးတွင် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

“နိုင်ငံနဲ့ ပြည်သူတွေဟာ အကြမ်းဖက်မှုနဲ့ ဒုက္ခတွေကို ဆက်ပြီးခံထမ်းနိုင်တော့မယ် မထင်ပါဘူး။ ပါဝင်ပတ် သက်သူအားလုံး ငြိမ်းချမ်းရေးနဲ့ ပြည်လည်သင့်မြတ်ရေးလမ်းစဉ်ကို လိုက်ကြဖို့ ကျွန်ုပ်မျှော်လင့်ဆုတောင်း နေပါတယ်” ဟု ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်က ပြောသည်။

 

“ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နှင့် ကုသမဂ္ဂအဖွဲ့စည်းများမှ စစ်ဘေးရှောင်နေသည့် ဒုက္ခသည်ဦးရေသည် (၃)သိန်း အထိ ရှိလာပြီး၊ လူသန်းပေါင်းများစွာလည်း စားရေးသောက်ရေး ခက်ခဲလာသည့်အကြောင်းကို ပြောဆိုနေ ကြကြောင်း၊ ကျွန်ုပ်တို့ ပြည်သူများသည် မိမိတို့၏ စားဝတ်နေရေးနှင့် အသက်အန္တရာယ်အတွက်ပါ စိုးရိမ် ကြောက်လန့်နေကြရကြောင်း၊ မြန်မာတစ်နိုင်ငံလုံးသည် တကယ့်ကို စစ်တလင်းဖြစ်နေကြောင်း” ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်က ပြောသည်။

 

“မြန်မာပြည်သူများကို ပြောလိုသည်မှာ သင်တို့ခံစားနေရသည့် ဒုက္ခများ၊ နာကျည်းမှုများ၊ ဝေဒနာများ၊ အစာ ရေစာပြတ်လပ်မှုများကို ကျွန်ုပ်တို့ သိရှိခံစားရကြောင်း၊ တွေ့ကြုံနေရသည့်အခြေအနေများကို သင်တို့ စိတ်ပျက်ပြီး အလျှော့မပေးတော့ဘဲ ပြန်လည်ခုခံနေကြခြင်းများကို နားလည်ကြောင်း၊ သို့သော် လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်တစ်ခုတည်းကိုသာ စွဲကိုင်လိုကြသူတစ်ချို့ကို ပြောလိုသည်မှာ ကျွန်ုပ်တို့မှာ ရွေးချယ် စရာ တခြားနည်းလမ်းများ ရှိပါသေးကြောင်း” ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတောက ပြောသည်။

 

#PeopleMedia #Peace

 

(unicode)


………………………………………………………………

 


 


 


 


 


 


 

#PeopleMedia #Peace


Share this post