• Follow Us on

Home မာလီပြည်သူထောင်ပေါင်းများစွာ မာလီစစ်တပ်ကို ထောက်ခံဆန္ဒပြ

မာလီပြည်သူထောင်ပေါင်းများစွာ မာလီစစ်တပ်ကို ထောက်ခံဆန္ဒပြ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၃ (People Media)

 

မာလီနိုင်ငံမြို့တော်တွင် ပြည်သူထောင်ပေါင်းများစွာက မာလီတပ်မတော်ခေါင်းဆောင်များကို ထောက်ခံဆန္ဒပြ ခဲ့ပြီး ဆာဟဲလ်ဒေသတွင် ပြည်ပနိုင်ငံများ၏ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း AFP သတင်း ဌာန၏ဖော်ပြချက်အရသိရသည်။

 

ရုရှားနိုင်ငံမှ Wagner ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီနှင့် သဘောတူစာချုပ်ကို စွန့်လွှတ်ရန် နိုင်ငံတကာ ဖိအားပေး မှုများကို သဘောထားတင်းမာသူ ဗိုလ်မှူးကြီးအက်စ်စီမီဂိုအီတာရင်ဆိုင်နေရစဉ်အတွင်း ယခုဆန္ဒပြပွဲများပေါ် ပေါက်ခဲ့ခြင်းဖြစ်သည်။

 

Wagner ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီမှ ကြေးစားစစ်သည် ၁,၀၀၀ ကို မာလီနိုင်ငံက ငှားရမ်းမည်ဖြစ်ကြောင်း သ တင်းများထွက်ပေါ်လာပြီးနောက် မာလီနိုင်ငံတွင် စစ်သည်အင်အား တစ်ထောင်တပ်ဖြန့်ချထားသည့် ကိုလိုနီ ဟောင်း ပြင်သစ်နိုင်ငံက မာလီနိုင်ငံကို သတိပေးလိုက်သည်။

 

ပြင်သစ်အစိုးရအနေဖြင့် ကြေးစားစစ်သားများနှင့် အတူယှဉ်တွဲ တစ်တန်းတည်းထား၍ မနေနိုင်ကြောင်း ယခုသီ တင်းပတ်အတွင်းက ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလိုးရင့်စ်ပါလီကပြောကြားလိုက်သည်။

 

မာလီနိုင်ငံက ကြေးစားစစ်သားများကိုခေါ်ယူမည်ဆိုပါက မိမိနိုင်ငံ၏စစ်သည်များတပ်ဖြန့်ချထားမှုကို ပြန်လည် သုံးသပ်ရမည်ဖြစ်ကြောင်း မာလီနိုင်ငံတွင် တပ်ဖြန့်ချထားသည့် ဂျာမနီအစိုးရကပြောသည်။ စစ်ဘေးဒဏ်သင့် မာလီနိုင်ငံတွင် လူဦးရေ ၁၉ သန်းရှိသည်။

 

စက်တင်ဘာလ ၂၂ ရက်နေ့က မာလီပြည်သူသုံးထောင်ခန့် ချီတက်ဆန္ဒပြခဲ့ကြကြောင်း အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးကပြောသည်။ ဆန္ဒပြသူအများအပြားက မာလီအလံများကိုဝှေ့ယမ်းလာကြပြီး စစ်တပ်လိုလား သည့်စာသားများပါသောဆိုင်းဘုတ်များကိုကိုင်ဆောင်လာကြသည်။ ဆန္ဒပြသူအချို့က ရုရှားအလံများကို ဝှေ့ ယမ်းလာကြကြောင်းသိရသည်။

 

မာလီနိုင်ငံတွင် ပြင်သစ်စစ်တပ်၏ ကြားဝင်စွက်ဖက်မှုမှာ အဆုံးသတ်သွားပြီဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူ တစ်ဦးဖြစ်သည့် ဆီရီကီကိုယူရတ်ကပြောသည်။

 

မာလီနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင်စတင်ဖြစ်ပွားခဲ့သော ဂျီဟတ်စစ်ပွဲအကြမ်းဖက်မှု ရပ်တန့်သွားရန် ကြိုးပမ်း ဆောင်ရွက်နေရပြီး ယင်းဂျီဟတ်လှုပ်ရှားမှုမှာ အိမ်နီးချင်း ဘာကီနာဖာဆိုနှင့် နိုင်ဂျာနိုင်ငံများအထိ ပျံ့နှံ့သွားခဲ့ သည်။ ပြင်သစ်နိုင်ငံက ၂၀၁၃ ခုနှစ်တွင် မာလီနိုင်ငံ၏ ဂျီဟတ်ဝါဒနှိမ်နှင်းရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ပြင် သစ်စစ်တပ်များရှိနေသော်လည်း ပဋိပက္ခများမှာ ပို၍ဆိုးရွားလာကြောင်းသိရသည်။

 

Ref: Thousands in Mali Demonstrate in Support of Army Rulers

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Thousands in Mali Demonstrate in Support of Army Rulers

 

#PeopleMedia


Share this post