• Follow Us on

Home မိတ္တီလာမြို့၌ ရေတွင်းထဲ တစ်ရက်ခန့် ကျခဲ့သည့် ဒုတိယနှစ် မဟာတန်း တက်ရောက်နေသည့် ကျောင်းသား ကိုကယ်တင်နိုင်၊ အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိ


Share this post

ရန်ကုန်၊ သြဂုတ် – ၂၄
 
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၌ ရေတွင်းထဲသို့ တစ်ရက်ခန့် ပြုတ်ကျခဲ့သည့် ဒုတိယနှစ် မဟာတန်း တက်ရောက်နေသည့် ကျောင်းသားကို အသက်ရှင်စွာ ကယ်တင်နိုင်ခဲ့ပြီး လက်ရှိအချိန်၌ အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိကြောင်း မျိုးဆက်သစ်မြတ်ပါရမီအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
ဒုတိယနှစ်မဟာတန်းတက်ရောက်နေသည့် ကျောင်းသားသည် သြဂုတ်လ(၂၂)ရက်နေ့၌ တွင်းဝ ရှစ်ပေခန့် အကျယ်ရှိသည့် ရေတွင်းထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ(၂၃)ရက် ညနေ (၃း၃၀)အချိန်၌ အသက်ရှင်စွာ ကူညီကယ်ဆယ်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
 
 
 
Photo – Credit
 
 
(unicode)
မိတ္တီလာမြို့၌ ရေတွင်းထဲ တစ်ရက်ခန့် ကျခဲ့သည့် ဒုတိယနှစ် မဟာတန်း တက်ရောက်နေသည့် ကျောင်းသား ကိုကယ်တင်နိုင်၊ အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိ
……………………………………………
 
ရန်ကုန်၊ ဩဂုတ် – ၂၄
 
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၌ ရေတွင်းထဲသို့ တစ်ရက်ခန့် ပြုတ်ကျခဲ့သည့် ဒုတိယနှစ် မဟာတန်း တက်ရောက်နေသည့် ကျောင်းသားကို အသက်ရှင်စွာ ကယ်တင်နိုင်ခဲ့ပြီး လက်ရှိအချိန်၌ အသက်အန္တရာယ် စိုးရိ်မ်ဖွယ်မရှိကြောင်း မျိုးဆက်သစ်မြတ်ပါရမီအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
ဒုတိယနှစ်မဟာတန်းတက်ရောက်နေသည့် ကျောင်းသားသည် ဩဂုတ်လ(၂၂)ရက်နေ့၌ တွင်းဝ ရှစ်ပေခန့် အကျယ်ရှိသည့် ရေတွင်းထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ(၂၃)ရက် ညနေ (၃း၃၀)အချိန်၌ အသက်ရှင်စွာ ကူညီကယ်ဆယ်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
 
“ရေတွင်းကနေ ရေခပ်ရင်း ရေခပ်တဲ့ ကြိုးပျက်ပြီး စက်သီးကနေ လူကို ရေတွင်းထဲဆွဲချသွားတာ။မနေ့က သုံးနာရီလောက်မှာ သိတယ်။သုံးနာရီခွဲလောက်မှ ကုန်းပေါ်ကို ဆယ်တယ်နိုင်တယ်”လို့ မျိုးဆက်သစ်မြတ်ပါရမီအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
ရေတွင်းထဲပြုတ်ကျခဲ့သူသည် အသက်(၂၂)နှစ် အရွယ်ရှိပြီး လက်ရှိအချိန်၌ မိတ္တီလာဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး အသက်အန္တရယ် စိုးရိမ်ဖွယ်မရှိကြောင်း မျိုးဆက်သစ်မြတ်ပါရမီအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
Photo – Credit
 
#PeopleMedia #မိတ္တီလာ #မျိုးဆက်သစ်မြတ်ပါရမီအသင်း

Share this post