• Follow Us on

Home မိတ္ထီလာတက္ကသိုလ်မှ ထောင်ဒဏ်တစ်နှစ်စီကျခံနေရသည့် ဗကသကျောင်းသားလေးဦး ထောင်တွင်းဆန္ဒပြရန် စည်းရုံးမှုကြောင့် ပြစ်ဒဏ် ၁ လစီထပ်မံတိုးမြှင့်ခံရ

မိတ္ထီလာတက္ကသိုလ်မှ ထောင်ဒဏ်တစ်နှစ်စီကျခံနေရသည့် ဗကသကျောင်းသားလေးဦး ထောင်တွင်းဆန္ဒပြရန် စည်းရုံးမှုကြောင့် ပြစ်ဒဏ် ၁ လစီထပ်မံတိုးမြှင့်ခံရ

Share this post

နေပြည်တော်၊ သြဂုတ် ၇ (Poeple Media)

 

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဦးဆောင်ပြုလုပ်ခဲ့မှုကြောင့် မိတ္ထီလာတက္က သိုလ်မှ ထောင်ဒဏ်တစ်နှစ်ကျခံနေရသည့် ဗကသကျောင်းသားလေးဦးသည် ထောင်တွင်းဆန္ဒပြရန်စည်းရုံး မှုကြောင့် ပြစ်ဒဏ် ၁ လစီထပ်မံတိုးမြှင့်ခံရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ထုတ်ပြန်ကြေညာထားသည်။

 

အဆိုပါ ဗကသကျောင်းသား ကိုသန်းတိုးအောင်၊ ကိုဆန်းလင်ကို၊ ကိုအောင်သူဟိန်းတို့ ၃ ဦးမှာ ၂၀၂၀ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး၊ ကိုနေရဲစိုး(ခ)ဏေဝင်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ယင်းဗကသကျောင်းသားလေးဦးကို မိတ္ထီလာအကျဉ်းထောင်တွင် ထောင်ဒဏ် ၁ နှစ်စီချမှတ်ခံထားရခြင်းဖြစ်သည်။

 

ယင်းအဖမ်းဆီးခံ ဗကသကျောင်းသားလေးဦးမှာ ထောင်တွင်းဆန္ဒပြရန် စည်းရုံးမှုတို့ကြောင့် ထောင်ဒဏ် ၁ လ စီ ထပ်မံတိုးမြှင့်ခံထားရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

 

#PeopleMedia #ဗကသများအဖွဲ့ချုပ်

 

(unicode)


………………………………………………………….

 


 


 


 


 



Share this post