• Follow Us on

Home မိတ္ထီလာမြို့၌ ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်ဖြစ်သူ အမျိုးသားတစ်ဦးကို တစ်မြို့ထဲနေသူမှ သေနတ်ဖြင့် လာရောက် လုပ်ကြံခဲ့သော်လည်း ဆိုင်ပိုင်ရှင် ပြန်လည်ခုခံမှုကြောင့် သေနတ်သမားထွက်ပြေး

မိတ္ထီလာမြို့၌ ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်ဖြစ်သူ အမျိုးသားတစ်ဦးကို တစ်မြို့ထဲနေသူမှ သေနတ်ဖြင့် လာရောက် လုပ်ကြံခဲ့သော်လည်း ဆိုင်ပိုင်ရှင် ပြန်လည်ခုခံမှုကြောင့် သေနတ်သမားထွက်ပြေး

Share this post

မန္တလေး၊ ဇန်နဝါရီ ၇ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ စစ်သူကြီးဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်ဖြစ်သူ အမျိုးသားတစ်ဦးကို တစ် မြို့ထဲနေ သေနတ်သမားတစ်ဦးက သေနတ်ဖြင့် လာရောက်လုပ်ကြံခဲ့သော်လည်း ဆိုင်ရှင်ဖြစ်သူမှာ ပြန် လည်ခုခံမှုကြောင့် သေနတ်သမားသည် ပြန်လည်ထွက်ပြေးခဲ့ရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက်နေ့၊ ညနေပိုင်းက စစ်သူကြီးဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင် ကိုခင်ကိုလတ်သည် ဆိုင်တွင်ရှိနေစဉ် ဆိုင်ရှေ့သို့ အမျိုးသားတစ်ဦးသည် လော့ဂျားဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီးနောက် သေနတ်ထုတ်၍ ပစ်ခတ်လုပ်ကြံရန် ကြိုးစားရန် ဆိုင်ရှင်ဖြစ်သူက ပြန်လည်ခုခံခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ခုခံမှုကြောင့် သေနတ်သမားဖြစ်သူသည် ထွက်ပြေးသွားခဲ့သည်။

 

“သေနတ်နဲ့ ပစ်သေးတယ်။ ဆိုင်ရှင်ဖြစ်သူက ဒဏ်ရာရတာတွေဘာတွေမရှိဘူး။ လာပြီးတော့ လုပ်ကြံတဲ့သူ ကတော့ ထွက်ပြေးသွားတယ်။ လာပြီးတော့ လုပ်ကြံတဲ့သူရဲ့ သေနတ်တွေရော ဆိုင်ကယ်တွေရော ကျန်ခဲ့ တယ်။” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

အလားတူး ပြီးခဲ့သည့်လပိုင်းက အမျိုးသားတစ်ဦးသည် ဆိုင်ကယ်အတွင်းအတွင်း၌ လက်လုပ်မိုင်းထည့်သွင်းပြီး အဆိုပါ စစ်သူကြီးဆိုင်ကယ်ပြင်ဆိုင်ကို မိုင်းခွဲရန် ဆောင်ရွက်ခဲ့သည်။

 

#PeopleMedia #မန္တလေး #လုပ်ကြံသတ်ဖြတ်မှု

 

(unicode)


……………………………………………………………

 

မန်တလေး၊ ဇနျနဝါရီ ၇ (People Media)

 


 


 


 


 

#PeopleMedia #မန်တလေး #လုပျကွံသတျဖွတျမှု


Share this post