• Follow Us on

Home မိမိတစ်ဦးတစ်ယောက်၏ ပါတီနိုင်ငံရေးခံစားချက်များကြောင့် နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် နစ်နာမှုများမဖြစ်ပေါ်ရန်လိုကြောင်း နစကဥက္ကဋ္ဌပြောကြား

မိမိတစ်ဦးတစ်ယောက်၏ ပါတီနိုင်ငံရေးခံစားချက်များကြောင့် နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် နစ်နာမှုများမဖြစ်ပေါ်ရန်လိုကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

ရန်ကုန်၊ စက်တင်ဘာ ၁၇ (People Media)

 

မိမိတစ်ဦးတစ်ယောက်၏ ပါတီနိုင်ငံရေးခံစားချက်များကြောင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာ ရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် နစ်နာမှုများ မဖြစ်ပေါ်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးနှင့် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား ပြင်ဦးလွင်မြို့နယ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများကို ယခုနှစ်အစောပိုင်းကာလများကတည်းက အလေးထား ဆောင် ရွက်ခဲ့သော်လည်း ကျန်းမာရေးဝန်ထမ်းအခက်အခဲများကြောင့် ဖိဖိစီးစီးဆောင်ရွက်နိုင်မှု အားနည်းမှုများရှိခဲ့ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး မိမိ၏ နိုင်ငံ့ဝန်ထမ်းလုပ်ငန်းတာ ဝန်များနှင့် ပါတီနိုင်ငံရေးကို ခွဲခြားသိမြင်ရမည်ဖြစ်ကြောင်း၊ မသမာသောသူများ၏ ခြိမ်းခြောက်မှုများအရ အစိုးရကို ဆန့်ကျင်သည့် CDM လှုပ်ရှားမှုများ၊ တာဝန်ဝတ္တရား လစ်ဟင်းမှုများကို နားလည်နိုင်သော်လည်း မိမိတစ်ဦးတစ်ယောက်၏ ပါတီနိုင်ငံရေးခံစားချက်များကြောင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာ ရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် နစ်နာမှုများ မဖြစ်ပေါ်ရန်လိုကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဝန်ထမ်းများကို ကြေညာချက်များထုတ်ပြန်၍ ပြန်လည်ထမ်းဆောင်နိုင်ရန် ဖိတ်ခေါ်ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် ကာကွယ်ဆေးများရရှိရေးအတွက်လည်း အထူးအလေးထားလုပ်ဆောင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ပြည်ပ နိုင်ငံများမှ ကာကွယ်ဆေးများ ဝယ်ယူရရှိစေရေး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ကာကွယ် ဆေးများ ဆက်တိုက်ရောက်ရှိလာလျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ဆေး ထိုးပြီးဖြစ်စေရေး မျှော်မှန်းလုပ်ဆောင်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

တိုင်းဒေသကြီးအတွင်း မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လျှပ်စစ်ကို အခြေ ခံသည့် လျှပ်စစ်ဘတ်စ်ကားလုပ်ငန်းများနှင့် လျှပ်စစ်မြို့ပတ်ရထားလမ်းများ၊ မြေအောက်ရထားလမ်းများအထိ တွက်ချက်စဉ်းစားလုပ်ဆောင်ကြစေလိုကြောင်း၊ ထိုသို့သော စီမံချက်များသည် အနာဂတ် plan များဖြစ်ပြီး မိမိတို့သည် ခေတ္တတာဝန်ယူထိန်းသိမ်းဆောင်ရွက်နေရသည့် အစိုးရဖြစ်သဖြင့် လက်ရှိ ပြည်သူလူထုရင်ဆိုင် နေရသည့် အခက်အခဲများနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများကို အဓိကဦးစားပေးအနေဖြင့် လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကောင်းမွန်သည့်ရေရှည်စီမံကိန်း များကို တတ်စွမ်းသရွေ့ ရေးဆွဲချမှတ်ဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

 

#PeopleMedia #နစက

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 



Share this post