• Follow Us on

Home မိမိတို့အနေဖြင့် လျှောက်လှမ်းနေသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ လုံးဝသွေဖယ်မသွားဘဲ ကာကွယ်ထိန်း သိမ်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

မိမိတို့အနေဖြင့် လျှောက်လှမ်းနေသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ လုံးဝသွေဖယ်မသွားဘဲ ကာကွယ်ထိန်း သိမ်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၈ (People Media)

 

မိမိတို့အနေဖြင့် လျှောက်လှမ်းနေသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ လုံးဝသွေဖယ်မသွားဘဲ ကာကွယ်ထိန်း သိမ်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြား လိုက်သည်။

 

ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ရွေးကောက်ပွဲတွင် ဥပဒေဖြင့် မလျော်ညီဘဲ ဆောင်ရွက်ခဲ့မှုကြောင့် ဖယ်ရှားခံရသူများက ဥပဒေဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းမပြုဘဲ အကြမ်း ဖက်မှုနည်းလမ်းများဖြင့် ဆောင်ရွက်လာခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်လမ်းစဉ်ကို ၎င်းတို့ ရွေးချယ်ခြင်းသာ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီနည်းလမ်းနှင့် ဆောင်ရွက်ခြင်းကိုသာလိုလားကြောင်း၊ တပ်မတော် အနေဖြင့် ပြည်သူလူထု၏ ဆန္ဒကိုလေးစားကြောင်း၊ သို့သော် စည်းကမ်းနှင့်ညီညွတ်ရန်လိုပြီး “လူညီလျှင် ဤကိုကျွဲဖြစ်သည်” ဆိုသော်လည်း ဥပဒေနှင့်ညီညွတ်မှုမရှိပါက ဆောင်ရွက်၍ မရကြောင်း၊ ဥပဒေအရသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

အကြမ်းဖက်မှုများ၊ မီးရှို့ဖျက်ဆီးခြင်းများ၊ သတ်ဖြတ်ခြင်းများ၊ မိုင်းခွဲတိုက်ခိုက်ခြင်းများသည် ဒီမိုကရေစီစနစ်၏ ဆန့်ကျင့်ဘက်ပင်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ၎င်းတို့ ထံမှ သင်ခန်းစာယူ၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေ၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်းကို လိုလားကြောင်း၊ ကောင်းမွန်သည့် ဒီမိုကရေစီအလေ့အထကို ရစေချင်ကြောင်း၊ လူအများ စု၏ ဆန္ဒဆိုပြီး ဥပဒေနှင့်ဆန့်ကျင်ကာ ဆောင်ရွက်၍မရကြောင်း၊ မိမိတို့နှင့် မိမိတို့မွေးထုတ်လိုက်သည့် မျိုးဆက်များတွင် မကောင်းသောအကျင့် မပါသွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်မံ ပြောသည်။

 

ယခုအခါ CRPH, NUG စသည့်အဖွဲ့အစည်းများ ပြောဆိုဆောင်ရွက်နေသည့်ကိစ္စရပ်များသည် အကြမ်း ဖက်လမ်းစဉ်ကို ဦးတည်ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့အတူ ၎င်းတို့နှင့် ဆက်စပ်ဆောင်ရွက် နေသည့် EAO များအနေဖြင့် အကြမ်းဖက်လုပ်ရပ်များတွင် တိုက်ရိုက် နည်းလမ်းများ၊ သွယ်ဝိုက်နည်းလမ်း များဖြင့် ပါဝင်ကူညီဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ NUG နှင့်ဆက်စပ်အဖွဲ့များသည် ဒီမိုကရေစီနည်းအရ နိုင်ငံ၏ တိုးတက်ရာတိုးတက်ကြောင်း၊ ကောင်းမွန်ရာ ကောင်မွန်ကြောင်း တိုက်တွန်း ပြောဆိုနေမှုများ လုံးဝမရှိဘဲ လူသတ်ခြင်း၊ မိုင်းခွဲခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန်သာ တိုက်တွန်းပြောဆို၍ နိုင်ငံပျက်စီးအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် လျှောက်လှမ်းနေသည့်  ဒီမိုကရေစီလမ်းကြောင်းပေါ်မှ လုံးဝသွေဖယ်မသွားဘဲ ကာကွယ်ထိန်းသိမ်း၍ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

 

#PeopleMedia #နစက

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 



Share this post