• Follow Us on

Home မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ၊ ရဲကင်းစခန်းရှေ့၌ စစ်ဆေးမှုမခံဘဲ မောင်းပြေးသည့် မော်တော်ယာဉ်  ပစ်ခတ်ခံရပြီး ယာဉ်မောင်း သေဆုံး

မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ၊ ရဲကင်းစခန်းရှေ့၌ စစ်ဆေးမှုမခံဘဲ မောင်းပြေးသည့် မော်တော်ယာဉ်  ပစ်ခတ်ခံရပြီး ယာဉ်မောင်း သေဆုံး

Share this post

မိုးညှင်း၊ နိုဝင်ဘာ ၂၉ (People Media)

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ၊ ရဲကင်းစခန်း‌ရှေ့တွင် ဖြတ်သန်းလာသည့် မော်တော်ယာဉ် တစ်စီးကို စစ်ဆေးရန်တားဆီးခဲ့ရာ စစ်ဆေးမခံဘဲ မောင်းပြေးသဖြင့် လုံခြုံရေးအဖွဲ့မှ ပစ်ခတ်ရာ ယာဉ်မောင်း ဖြစ်သူ သေဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာလ (၂၈) ရက်နေ့ည (၆) နာရီ (၄၀) မိနစ်အချိန်ခန့်၌ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ ရဲကင်းစခန်း‌ရှေ့တွင် တပ်ဖွဲ့ဝင်များသည်လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် မိုးညှင်းမြို့ဘက်မှ ပြည်ထောင်စု လမ်းမကြီးအတိုင်း ယာဉ်မောင်း ဘသောင်း(၃၅)နှစ်နှင့် ယာဉ်နောက်လိုက် အောင်မျိုးဆန်း(ခ)ကျွဲကြီး(၂၅)နှစ် မော်ဟန်ကျေးရွာနေထိုင်သူ လိုက်ပါလာပြီး ဝက်(၆)ကောင်တင်တောင်လာသည့် ယာဉ်အမှတ်(3L/5252) Hijet အဖြူရောင်မော်တော်ယာဉ်ကို  စစ်ဆေးရန် တားဆီးရာ စစ်ဆေးမခံဘဲ မောင်းပြေးခဲ့ခြင်းဖြစ်သည်။

 

ယင်းသို့ မောင်းပြေးမှုကြောင့် လုံခြုံရေးအဖွဲ့မှ လက်နက်များဖြင့်ပစ်ခတ်ခဲ့ရာ ယာဉ်မောင်းဖြစ်သူ ဘသောင်း၏ ဦးခေါင်း ရင်ညွန့် နှင့်လက်မောင်းတို့တွင် ကျည်ဖေါက်ဝင်ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံး ကာ ယာဉ်နောက်လိုက် အောင်မျိုးဆန်း(ခ)ကျွဲကြီးတွင် ဝဲဘက်လက်မောင်းနှင့် ဝဲဘက်ပေါင်တို့တွင် ကျည်ထိ မှန်(မစိုးရိမ်ရ)ဒဏ်ရာတို့ရရှိခဲ့သည်။

 

ဒဏ်ရာရရှိသော အောင်မျိုးဆန်း(ခ)ကျွဲကြီး အား ည(၇)နာရီ(၂၀)မိနစ်အချိန်တွင် မော်ဟန်ကျေးရွာ သင်္ဂဟလူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် မိုးညှင်းခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

မင်္ဂလာဦး(EPN)

 

Photo – Credit

 

#PeopleMedia #မိုးညှင်းမြို့နယ်

 

(unicode)


………………………………………………………

 


 


 


 


 


 

မငျ်ဂလာဦး(EPN)

 

Photo – Credit

 



Share this post