• Follow Us on

Home မိုးညှင်းမြို့နယ်၌ အရှည် ၃ ပေခန့်ရှိပြီး အလေးချိန် ၁၀၈ ပေါင်ရှိသည့် ဗုံးသီးအဟောင်းတစ်လုံးတွေ့ရှိ


Share this post





ချိုမောင်

#PeopleMedia #EPN

(Unicode)
မိုးညှင်းမြို့နယ်၌ အရှည် ၃ ပေခန့်ရှိပြီး အလေးချိန် ၁၀၈ ပေါင်ရှိသည့် ဗုံးသီးအဟောင်းတစ်လုံးတွေ့ရှိ
…………………………………………………………

မိုးညှင်း၊ ဖေဖေါ်ဝါရီ – ၁၅

မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာအုပ်စုတွင် မြေညှိရာမှ ဗုံးသီးအဟောင်းတစ်လုံး တွေ့ရှိရကြောင်းသိရသည်။

ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာအုပ်စု၊ သရက်ကုန်းရပ်ကွက် ဒေါ်လှထူး(၆၄)နှစ် တောင်သူ၏ ခြံဝင်းအတွင်း ဖေဖေါ်ဝါရီလ (၁၄) ရက် နံနက်ပိုင်းက အလုပ်သမားဖြစ်သူ ဦးမောင်ပါ (၄၈)နှစ်မှ နေအိမ်ဆောက်လုပ်ရန် မြေညှိရာ ၎င်းခြံဝင်းအတွင်းမှ အရှည်(၂)ပေ (၈)လက်မခန့်၊ လုံးပတ်(၂၆) လက်မခန့်၊ အလေးချိန်(၁၀၈)ပေါင်ခန့်ရှိ ဗုံးအဟောင်း (၁) လုံးအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှတဆင့် သက်ဆိုင်ရာသို့ သတင်းပို့ခဲ့ရာ အဆိုပါ ဗုံးအဟောင်း အား သက်ဆိုင်ရာတာဝန်ရှိသူများမှ သိမ်းဆည်းသွားကြောင်း သိရှိရသည်။

ချိုမောင်

#PeopleMedia #EPN


Share this post