• Follow Us on

Home မိုးေကာင္းေခ်ာင္း ေရႀကီးမႈေၾကာင့္ ရွဒူးဇြပ္ေက်း႐ြာက ေနအိမ္ ၂၀ ေက်ာ္ နစ္ျမႇုပ္ခဲ့ၿပီး အိမ္ေမြးတိရစာၦန္ အမ်ားအျပား ဆုံးရႈံးခဲ့

မိုးေကာင္းေခ်ာင္း ေရႀကီးမႈေၾကာင့္ ရွဒူးဇြပ္ေက်း႐ြာက ေနအိမ္ ၂၀ ေက်ာ္ နစ္ျမႇုပ္ခဲ့ၿပီး အိမ္ေမြးတိရစာၦန္ အမ်ားအျပား ဆုံးရႈံးခဲ့

Share this post

ရွဒူးဇြပ္၊ ဇူလိုင္ ၂၂

မိုးေကာင္းေခ်ာင္းေရ ႏွစ္ရက္ဆက္တိုက္ ျမင့္တက္ခဲ့မႈေၾကာင့္ ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ ရွဒူးဇြပ္ေက်း႐ြာက လူအိမ္ (၂၀)ေက်ာ္ႏွင့္ အိမ္ေမြးတိရစာၦန္ အမ်ားအျပား ဆုံးရႉံးခဲ့ေၾကာင္း ယင္းေဒသခံမ်ားထံမွ သိရသည္။

အဆိုပါ မိုးေကာင္းေခ်ာင္းေရႀကီးမႈေၾကာင့္ ရွဒူးဇြပ္ေက်း႐ြာ အတြင္း ဇူလွိုင္(၂၀)မွ (၂၁)ရက္ေန႕အထိ ေခ်ာင္းေရဝင္ေရာက္ခဲ့ၿပီး ရွဒူးဇြပ္ ေက်း႐ြာ၏ ေလးပုံ သုံးပုံခန႔္ ေရႏွစ္ျမႇပ္ခဲ့ရာ လူေနအိမ္ (၂၀) ေက်ာ္ႏွင့္ အိမ္ေမြးတိရစာၦန္ အမ်ားအျပား ေရထဲေမ်ာပါသြားေၾကာင္း ယင္းေရႀကီးမႈတြင္ ကယ္ဆယ္ေရး လုပ္ငန္း ေဆာင္႐ြက္ေပးေနသည့္ ရွဒူးစြပ္ေက်း႐ြာမွ ျပည္သူ႕စစ္ေခါင္းေဆာင္ ဦးမင္းဇင္သန႔္က ဆိုသည္။

“မနက္ပိုင္း(၂)နာရီေလာက္မွာ ျဖစ္တာဆိုေတာ့ေလ အိမ္ေတြ အလုံးလိုက္ ေမ်ာသြားတာကေတာ့ အလုံး ၂၀ ၾကားမွာ ရွိတယ္။ ပစၥည္းေတြကေတာ့ အဆိုးဆုံးပဲ ပစၥည္းေတြ အကုန္လုံး ေမ်ာသြားတယ္။ အိမ္ေမြး တိရိစာၦန္ ကြၽဲ၊ ႏြားပစၥည္း အကုန္လုံးပဲ။ ”ဟု ဦးမင္းဇင္းသန႔္ က ေျပာသည္။

ယင္းေရႀကီးမႈေၾကာင့္ လက္ရွိတြင္ ရွဒူးဇြပ္ ျပည္သူအိမ္ေထာင္စု (၄၀၀)ေက်ာ္ခန႔္ ေရေဘး သင့္ေနၿပီး ယင္းေရေဘးသင့္ျပည္သူမ်ားကို ဘုန္းေတာ္ႀကီးေက်ာင္း၊ ခရစ္ယာန္ဘုရားေက်ာင္းမ်ား၌ ယာယီေနရာ ခ်ထားေပးေၾကာင္း ရွဒူးဇြပ္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေနာ္ဒီးက ဆိုသည္။

“အခုေလာေလာဆယ္ ဘုန္းႀကီးေက်ာင္းတို႔မွာ ခ်ထားတယ္။ စားေသာက္ဖို႔ခက္ခဲေနတယ္။ တခ်ိဳ႕ဆို အဝတ္စားေတြလည္း ဘာမွမရွိဘူး”ဟု ဦးေနာ္ဒီးက ေျပာသည္။

ယင္းေရႀကီးမႈေၾကာင့္ အေသအေပ်ာက္ မရွိေသးေသာ္လည္း ထိခိုက္ဒဏ္ရာရရွိသူမ်ားရွိေနေၾကာင္း ဦးမင္းဇင္သန႔္က ယခုကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့သည္။

”လူလည္းေမ်ာသြားတာေတာ့ရွိတယ္။ ဒါေပမယ့္ ကယ္ဆယ္ လိုက္နိုင္တယ္။ ေလာေလာဆယ္ ကြၽန္ေတာ္တို႔ သိသေလာက္ ေသတာေတာ့ မရွိဘူး မေသဘူးလို႔လည္းေျပာလို႔မရဘူး ဘာလို႔ဆိုေတာ့ ေရျပင္ကလည္း အရမ္းက်ယ္တယ္။ ေရစီးလည္းသန္တယ္ ထိခိုက္ဒဏ္ရာရတာ ေလာက္ေတာ့ရွိတယ္”ဟု ၎ကေျပာသည္။

ေခ်ာင္းေရစႀကီးသည့္ ဇူလိုင္ (၂၀)ရက္ေန႕တြင္ ေရေဘးသင့္ ျပည္သူ(၂၀၀)ေက်ာ္ ေရေဘးသင့္ခဲ့ၿပီး ယမန္ေန႕ ဇူလိုင္ (၂၁) ေန႕တြင္ အိမ္ေထာင္ စု(၂၀၀) ေက်ာ္ထပ္တိုးလားၿပီး ယေန႕တြင္ ေခ်ာင္းေရ (၂)ေပခန႔္ က်ဆင္းသြားေသာေၾကာင့္ အသစ္ထပ္တိုးသည့္ ေရေဘးသင့္ျပည္သူ မရွိေသးေၾကာင္း သိရသည္။

အဆိုပါ ေက်း႐ြာတြင္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၃၀ ရက္ေန႕ ညပိုင္းကလည္း ေက်း႐ြာေဈးဆိုင္မွ စတင္ေလာင္ကြၽမ္းခဲ့သည့္ မီးေၾကာင့္ ဆိုင္ခန္းေပါင္း တစ္ရာေက်ာ္ႏွင့္ ေနအိမ္ ဆယ္လုံးေက်ာ္ မီးေလာင္ကြၽမ္းခဲ့ၿပီး လူရာႏွင့္ခ်ီ အတိဒုကၡေရာက္ခဲ့ၾကရသည္။

လြမ္းေအာင္

#PeopleMedia

[Unicode]
မိုးကောင်းချောင်း ရေကြီးမှုကြောင့် ရှဒူးဇွပ်ကျေးရွာက နေအိမ် ၂၀ ကျော် နစ်မြှုပ်ခဲ့ပြီး အိမ်မွေးတိရစ္ဆာန် အများအပြား ဆုံးရှုံးခဲ့
…………………………………………………………………………………

ရှဒူးဇွပ်၊ ဇူလိုင် ၂၂

မိုးကောင်းချောင်းရေ နှစ်ရက်ဆက်တိုက် မြင့်တက်ခဲ့မှုကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာက လူအိမ် (၂၀)ကျော်နှင့် အိမ်မွေးတိရစ္ဆာန် အများအပြား ဆုံးရှူံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါ မိုးကောင်းချောင်းရေကြီးမှုကြောင့် ရှဒူးဇွပ်ကျေးရွာ အတွင်း ဇူလှိုင်(၂၀)မှ (၂၁)ရက်နေ့အထိ ချောင်းရေဝင်ရောက်ခဲ့ပြီး ရှဒူးဇွပ် ကျေးရွာ၏ လေးပုံ သုံးပုံခန့် ရေနှစ်မြှပ်ခဲ့ရာ လူနေအိမ် (၂၀) ကျော်နှင့် အိမ်မွေးတိရစ္ဆာန် အများအပြား ရေထဲမျောပါသွားကြောင်း ယင်းရေကြီးမှုတွင် ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ပေးနေသည့် ရှဒူးစွပ်ကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းဇင်သန့်က ဆိုသည်။

“မနက်ပိုင်း(၂)နာရီလောက်မှာ ဖြစ်တာဆိုတော့လေ အိမ်တွေ အလုံးလိုက် မျောသွားတာကတော့ အလုံး ၂၀ ကြားမှာ ရှိတယ်။ ပစ္စည်းတွေကတော့ အဆိုးဆုံးပဲ ပစ္စည်းတွေ အကုန်လုံး မျောသွားတယ်။ အိမ်မွေး တိရိစ္ဆာန် ကျွဲ၊ နွားပစ္စည်း အကုန်လုံးပဲ။ ”ဟု ဦးမင်းဇင်းသန့် က ပြောသည်။

ယင်းရေကြီးမှုကြောင့် လက်ရှိတွင် ရှဒူးဇွပ် ပြည်သူအိမ်ထောင်စု (၄၀၀)ကျော်ခန့် ရေဘေး သင့်နေပြီး ယင်းရေဘေးသင့်ပြည်သူများကို ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းများ၌ ယာယီနေရာ ချထားပေးကြောင်း ရှဒူးဇွပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဒီးက ဆိုသည်။

“အခုလောလောဆယ် ဘုန်းကြီးကျောင်းတို့မှာ ချထားတယ်။ စားသောက်ဖို့ခက်ခဲနေတယ်။ တချို့ဆို အဝတ်စားတွေလည်း ဘာမှမရှိဘူး”ဟု ဦးနော်ဒီးက ပြောသည်။

ယင်းရေကြီးမှုကြောင့် အသေအပျောက် မရှိသေးသော်လည်း ထိခိုက်ဒဏ်ရာရရှိသူများရှိနေကြောင်း ဦးမင်းဇင်သန့်က ယခုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့သည်။

”လူလည်းမျောသွားတာတော့ရှိတယ်။ ဒါပေမယ့် ကယ်ဆယ် လိုက်နိုင်တယ်။ လောလောဆယ် ကျွန်တော်တို့ သိသလောက် သေတာတော့ မရှိဘူး မသေဘူးလို့လည်းပြောလို့မရဘူး ဘာလို့ဆိုတော့ ရေပြင်ကလည်း အရမ်းကျယ်တယ်။ ရေစီးလည်းသန်တယ် ထိခိုက်ဒဏ်ရာရတာ လောက်တော့ရှိတယ်”ဟု ၎င်းကပြောသည်။

ချောင်းရေစကြီးသည့် ဇူလိုင် (၂၀)ရက်နေ့တွင် ရေဘေးသင့် ပြည်သူ(၂၀၀)ကျော် ရေဘေးသင့်ခဲ့ပြီး ယမန်နေ့ ဇူလိုင် (၂၁) နေ့တွင် အိမ်ထောင် စု(၂၀၀) ကျော်ထပ်တိုးလားပြီး ယနေ့တွင် ချောင်းရေ (၂)ပေခန့် ကျဆင်းသွားသောကြောင့် အသစ်ထပ်တိုးသည့် ရေဘေးသင့်ပြည်သူ မရှိသေးကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညပိုင်းကလည်း ကျေးရွာဈေးဆိုင်မှ စတင်လောင်ကျွမ်းခဲ့သည့် မီးကြောင့် ဆိုင်ခန်းပေါင်း တစ်ရာကျော်နှင့် နေအိမ် ဆယ်လုံးကျော် မီးလောင်ကျွမ်းခဲ့ပြီး လူရာနှင့်ချီ အတိဒုက္ခရောက်ခဲ့ကြရသည်။

လွမ်းအောင်

#PeopleMedia


Share this post