• Follow Us on

Home မိုးေကာင္းၿမိဳ႕တြင္ Mask မတပ္ဘဲသြားလာသူမ်ားအား ေရွာင္တခင္စစ္ေဆးရာ သုံးရက္အတြင္း လူတစ္ရာေက်ာ္ ဒဏ္ေငြတပ္ခံရ

မိုးေကာင္းၿမိဳ႕တြင္ Mask မတပ္ဘဲသြားလာသူမ်ားအား ေရွာင္တခင္စစ္ေဆးရာ သုံးရက္အတြင္း လူတစ္ရာေက်ာ္ ဒဏ္ေငြတပ္ခံရ

Share this post

မိုးေကာင္း၊ စက္တင္ဘာ ၂၄

မိုးေကာင္းၿမိဳ႕တြင္ Mask Camping ျပဳလုပ္ၿပီး ေနာက္ပိုင္း COVID-19 ကာလတြင္ အျပင္ထြက္လၽွင္ Mask မျဖစ္မေန တပ္ဆင္သည့္ အေလ့အထရွိေစေရးအတြက္ ေရွာင္တခင္ စစ္ေဆး၍ ဖမ္းဆီးဒဏ္ရိုက္ရာ (၃)ရက္အတြင္း (၁၀၅)ဦးကို ဖမ္းဆီး ဒဏ္ရိုက္ အေရးယူ ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။
ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕ မႏၲေလး-ျမစ္ႀကီးနား ျပည္ေထာင္စုလမ္းမႀကီး လမ္းမေပၚရွိ မိုးေကာင္းတံတားထိပ္ႏွင့္ ေဆး႐ုံလမ္းဆုံတြင္စက္တင္ဘာ (၂၄)ရက္ နံနက္ (၉) နာရီအခ်ိန္က ၿမိဳ႕နယ္ (COVID-19) ေရာဂါထိန္းခ်ဳပ္ေရးႏွင့္အေရးေပၚတုံ႔ျပန္ေရးေကာ္မတီဥကၠဌ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးရန္နိုင္ထြန္းဟဦးစီးေသာ ဌာနဆိုင္ရာ ေပါင္းစုံပါဝင္သည့္ အဖြဲ႕မွ ေရွာင္တခင္စစ္ေဆး၍ Mask တပ္ဆင္ျခင္း မရွိဘဲ ၿမိဳ႕တြင္း စက္ဘီး၊ ဆိုင္ကယ္၊ ေမာ္ေတာ္ကားျဖင့္ သြားလာေနသူမ်ားအား Mask တစ္ခုလၽွင္ (၁၀၀ဝိ/-)ႏႈန္းျဖင့္ ဒဏ္တပ္ရိုက္ကာ ခ်က္ခ်င္းဝယ္၊ ခ်က္ခ်င္းတပ္ ေစခဲ့သည္။
လက္ရွိတြင္ မိုးေကာင္းၿမိဳ႕ Isolation Room ၌ COVID-19 ေရာဂါပိုးေတြ႕ လူနာႏွစ္ဦးရွိေနၿပီး ကုသမႈခံယူေနေၾကာင္း သိရသည္။
ခ်ိဳေမာင္
#PeopleMedia #EPN #မိုးေကာင္း

 

(unicode)

မိုးကောင်းမြို့တွင် Mask မတပ်ဘဲသွားလာသူများအား ရှောင်တခင်စစ်ဆေးရာ သုံးရက်အတွင်း လူတစ်ရာကျော် ဒဏ်ငွေတပ်ခံရ
မိုးကောင်း၊ စက်တင်ဘာ ၂၄
မိုးကောင်းမြို့တွင် Mask Camping ပြုလုပ်ပြီး နောက်ပိုင်း COVID-19 ကာလတွင် အပြင်ထွက်လျှင် Mask မဖြစ်မနေ တပ်ဆင်သည့် အလေ့အထရှိစေရေးအတွက် ရှောင်တခင် စစ်ဆေး၍ ဖမ်းဆီးဒဏ်ရိုက်ရာ (၃)ရက်အတွင်း (၁၀၅)ဦးကို ဖမ်းဆီး ဒဏ်ရိုက် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့ မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး လမ်းမပေါ်ရှိ မိုးကောင်းတံတားထိပ်နှင့် ဆေးရုံလမ်းဆုံတွင်စက်တင်ဘာ (၂၄)ရက် နံနက် (၉) နာရီအချိန်က မြို့နယ် (COVID-19) ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းဟဦးစီးသော ဌာနဆိုင်ရာ ပေါင်းစုံပါဝင်သည့် အဖွဲ့မှ ရှောင်တခင်စစ်ဆေး၍ Mask တပ်ဆင်ခြင်း မရှိဘဲ မြို့တွင်း စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ကားဖြင့် သွားလာနေသူများအား Mask တစ်ခုလျှင် (၁၀၀ဝိ/-)နှုန်းဖြင့် ဒဏ်တပ်ရိုက်ကာ ချက်ချင်းဝယ်၊ ချက်ချင်းတပ် စေခဲ့သည်။
လက်ရှိတွင် မိုးကောင်းမြို့ Isolation Room ၌ COVID-19 ရောဂါပိုးတွေ့ လူနာနှစ်ဦးရှိနေပြီး ကုသမှုခံယူနေကြောင်း သိရသည်။
ချိုမောင်
#PeopleMedia #EPN #မိုးကောင်း


Share this post