• Follow Us on

Home မိုးၫွင္းၿမိဳ႕နယ္၌ မဲဆႏၵရွင္တစ္ဦးက မဲေပးခြင့္သက္ေသခံကဒ္ ႏွစ္ခုရရွိမႈျဖစ္ပြား

မိုးၫွင္းၿမိဳ႕နယ္၌ မဲဆႏၵရွင္တစ္ဦးက မဲေပးခြင့္သက္ေသခံကဒ္ ႏွစ္ခုရရွိမႈျဖစ္ပြား

Share this post

ရန္ကုန္၊ ႏိုဝင္ဘာ – ၆

ကခ်င္ျပည္နယ္၊ မိုးၫွင္းၿမိဳ႕၌ မဲဆႏၵရွင္တစ္ဦးသည္ ႏိုဝင္ဘာ ၈ ရက္ေန႔၌ က်င္းပမည့္ ေရြးေကာက္ပြဲ၌ မဲေပးရန္ မဲေပးခြင့္သက္ေသခံလက္မွတ္(၂)ခု ရရွိထားေၾကာင္း ကာယကံရွင္ျဖစ္သူက People Media ကို အတည္ျပဳေျပာဆိုသည္။

ျဖစ္စဥ္မွာ မဲဆႏၵရွင္တစ္ဦသည္ မိုးၫွင္းၿမိဳ႕ မဲ႐ုံအမွတ္(၅၉)ႏွင့္မဲ႐ုံအမွတ္(၆၀)တို႔၌ မဲေပးခြင့္ မဲသက္ေသခံ လက္မွတ္ႏွစ္ခုရရွိခဲ့ျခင္း ျဖစ္သည္။

“အစက ရပ္ကြက္(၆)မွာေနေတာ့ အခု (၇)ကို ေျပာင္းခဲ့ေတာ့ အဲ့ဒီလို ျဖစ္သြားတာပဲ” လို႔ ကာယကံရွင္ ျဖစ္သူက ေျပာသည္။

ထိုကဲ့သို႔ မဲေပးခြင့္ သက္ေသခံလက္မွတ္ႏွစ္ခု ရရွိထားေသာ္လည္း ကာယကံရွင္သည္ မဲေပးခြင့္ ကဒ္တစ္ခုသာ အသုံးျပဳ၍ ဆႏၵမဲေပးသြားမည္ျဖစ္ေၾကာင္း People Media ကို ေျပာဆိုခဲ့သည္။

#PeopleMedia #2020election #မိုးၫွင္း #မဲသက္ေသခံကဒ္

(unicode)
မိုးညှင်းမြို့နယ်၌ မဲဆန္ဒရှင်တစ်ဦးက မဲပေးခွင့်သက်သေခံကဒ် နှစ်ခုရရှိမှုဖြစ်ပွား
…………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၆

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ မဲဆန္ဒရှင်တစ်ဦးသည် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပမည့် ရွေးကောက်ပွဲ၌ မဲပေးရန် မဲပေးခွင့်သက်သေခံလက်မှတ်(၂)ခု ရရှိထားကြောင်း ကာယကံရှင်ဖြစ်သူက People Media ကို အတည်ပြုပြောဆိုသည်။

ဖြစ်စဉ်မှာ မဲဆန္ဒရှင်တစ်ဦသည် မိုးညှင်းမြို့ မဲရုံအမှတ်(၅၉)နှင့်မဲရုံအမှတ်(၆၀)တို့၌ မဲပေးခွင့် မဲသက်သေခံ လက်မှတ်နှစ်ခုရရှိခဲ့ခြင်း ဖြစ်သည်။

“အစက ရပ်ကွက်(၆)မှာနေတော့ အခု (၇)ကို ပြောင်းခဲ့တော့ အဲ့ဒီလို ဖြစ်သွားတာပဲ” လို့ ကာယကံရှင် ဖြစ်သူက ပြောသည်။

ထိုကဲ့သို့ မဲပေးခွင့် သက်သေခံလက်မှတ်နှစ်ခု ရရှိထားသော်လည်း ကာယကံရှင်သည် မဲပေးခွင့် ကဒ်တစ်ခုသာ အသုံးပြု၍ ဆန္ဒမဲပေးသွားမည်ဖြစ်ကြောင်း People Media ကို ပြောဆိုခဲ့သည်။

#PeopleMedia #2020election #မိုးညှင်း #မဲသက်သေခံကဒ်


Share this post