• Follow Us on

Home မိုင်းယောတိုက်နယ်၊ ခိုခမ်းကျေးရွာ၌ မိုင်းပေါက်ကွဲ၍ ကလေးငယ် (၃) ဦး သေဆုံးပြီး ကလေးငယ် ၁၁ ဦး ဒဏ်ရာရရှိ

မိုင်းယောတိုက်နယ်၊ ခိုခမ်းကျေးရွာ၌ မိုင်းပေါက်ကွဲ၍ ကလေးငယ် (၃) ဦး သေဆုံးပြီး ကလေးငယ် ၁၁ ဦး ဒဏ်ရာရရှိ

Share this post

တောင်ကြီး၊ မတ် ၈

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လာရိူးခရိုင်၊ မိုင်းယောတိုက်နယ်၊ ပန်ထိုလိန်ကျေးရွာအုပ်စု၊ ခိုခမ်းကျေးရွာရှိ ရွာ လယ်လမ်းမ၌ ကစားနေသည့် ကလေးငယ်များသည် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားရာ ကလေး ၃ ဦးသေဆုံးပြီး၊ ကလေး ၁၁ ဦး ပြင်းထံသည့် ဒဏ်ရာရရှိခဲ့သည်။

 

အဆိုပါဖြစ်စဉ်မှာ မတ်လ ၅ ရက် နံနက် ၈ နာရီခန့်တွင် ပန်ထိုလိန်ကျေးရွာအုပ်စု၊ ခိုခမ်းကျေးရွာရှိ ရွာလည်၌ ကလေးများ ကစားနေစဉ် မြေမြှုပ်မိုင်းပေါက်ကွဲပြီး သေဆုံး ဒဏ်ရာရမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

 

“ကျေးရွာထဲလာပြီ မြေမြှုပ်မိုင်းထောင်တာ တော်တော်ဆိုးတယ်။ ခုဖြစ်တဲ့နေရာက ကလေးတွေ ကစားတဲ့ နေရာ။ မိုင်းကြောင့် ဘာမှမသိတဲ့ကလေးတွေသေသွားတယ်။ အဲ့မိုင်းကြောင့် ဒဏ်ရာရတဲ့ ကလေးတွေဆို နာလို့အော်နေကြတာ။ ဒီမှာ မိန်းကလေးရော၊ ယောက်ျားလေးရော လက်ပျက်၊ မျက်နှာတွေ ထိတယ်” တို့ ကျေးရွာနေပြည်သူတစ်ဦးမှ ပြောသည်။

 

အဆိုပါသေဆုံးသည့် ကလေး(၃) ဦးမှာ အသက် (၁) နှစ်ကျော်ခန့်ကလေးငယ်ဖြစ်သည့် စိုင်းအောင်လိန်၊ အသက် (၆) နှစ်အရွယ် စိုင်းယုံးခမ်း နဲ့ အသက် (၈) နှစ်အရွယ် နန်းဆိုင်အောင်တို့ ဖြစ်ကြောင်း သိရသည်။

 

မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ကလေး (၁၁) ဦးမှာ ပြင်းထန်သည့် ဒဏ်ရာများရရှိပြီး လက်ရှိတွင် လာရိူးပြည်သူ့ဆေးရုံ၌ ဆေးကုသခံယူနေကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia

 

(unicode)


……………………………….

 


 


 


 


 


 


 

Photo – Credit

 

#PeopleMedia


Share this post