• Follow Us on

Home မုံရွာမြို့၊ သက္ကယ်ကျင်းကျေးရွာမှ တပ်မတော်ထောက်ခံသူ ဦးအောင်ဝင်းကြည် ဓားဖြင့် ခုတ်သတ်ခံရ၍ သေဆုံး

မုံရွာမြို့၊ သက္ကယ်ကျင်းကျေးရွာမှ တပ်မတော်ထောက်ခံသူ ဦးအောင်ဝင်းကြည် ဓားဖြင့် ခုတ်သတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၈ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာ၍ နေထိုင်သည့် ဦးအောင်ဝင်းကြည်သည်  စက်တင်ဘာ ၇ ရက်နေ့‌က ဓားဖြင့် ခုတ်ခံရ၍ သေဆုံးသွားကြောင်း ယင်းကျေးရွာနေထိုင်သူများထံက သိရသည်။

 

ယမန်နေ့က အမည်မသိ လူတစ်စုမှ ဓားဖြင့် ခုတ်သတ်သွားသည့်အတွက် ဦးအောင်ဝင်းကြည်မှာ လည်ပင်း၊ ပုခုံးတို့တွင် ဒဏ်ရာများရရှိကာ နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသူမှာ ယင်းကျေးရွာအတွင်း တပ်မတော်ထောက်ခံအားပေးနေသူဖြစ်ကြောင်း ဒေသခံအချို့က ပြော သည်။

 

#PeopleMedia #မုံရွာ

 

(unicode)


…………………………………………………………………………

 


 


 


 


 



Share this post