• Follow Us on

Home မုံရွာမြို့၌ ခရီးသည်တင် ယာဉ်တစ်စီး မိုင်းထိ၍ ယာဉ်ပေါ်လိုက်ပါလာသူ ၄ ဦး ထိခိုက်ဒဏ်ရာရ

မုံရွာမြို့၌ ခရီးသည်တင် ယာဉ်တစ်စီး မိုင်းထိ၍ ယာဉ်ပေါ်လိုက်ပါလာသူ ၄ ဦး ထိခိုက်ဒဏ်ရာရ

Share this post

မုံရွာ၊ ဖေဖော်ဝါရီ ၁ (People Media)

 

ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာ-မုံရွာလမ်းတွင် ခရီးသည်တင် ယာဉ်တစ်စီးသည် မိုင်းထိ၍ ယာဉ်ပေါ်လိုက်ပါလာသူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

 

ကျောက္ကာ-မုံရွာလမ်းအတိုင်း မောင်းနှင်လာသည့် အဆိုပါ မော်တော်ယာဉ်သည် မုံရွာမြို့၊ ဆေးဆိုးပန်းရိုက် စက်ရုံအနီး အရောက်တွင် လမ်းဘေးဝဲယာမှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ လောလောဆယ် ၄ ဦး ဒဏ်ရာရတယ်” လို့ လူမှုကယ်ဆယ်ရေးအသင်း တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယခုလပိုင်းအတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ခရီးသည်တင်ယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူ နာတင်ယာဉ်များ၊ ဆေးဘက်ဆိုင်ရာယာဉ်များ၊ အရပ်သားကားများသည် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းများ ဖြစ်ပေါ် လျက်ရှိသည်။

 

Photo – လူမှုကူညီရေး

 

#PeopleMedia #ခရီးသည်တင်ယာဉ် #မုံရွာ #မိုင်းထိ

 

(unicode)


…………………………………………………

 


 


 


 


 


 


 



Share this post