• Follow Us on

Home မကွေးတိုင်းဒေသကြီးရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအားလုံးကို တာဝန်မှရပ်ဆိုင်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ပြန်လည် ခန့်အပ်ဖွဲ့စည်း

မကွေးတိုင်းဒေသကြီးရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအားလုံးကို တာဝန်မှရပ်ဆိုင်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ပြန်လည် ခန့်အပ်ဖွဲ့စည်း

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ (People Media)
မကွေးတိုင်းဒေသကြီး၊ မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအားလုံးကို တာဝန်မှရပ်ဆိုင်းပြီးတောက် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ပြန်လည်ဖွဲ့စည်းပြီး တာဝန်ပေးအပ်ခဲ့သည်။
အလားတူ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ခြင်း လုပ်ငန်းများအား ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၁၆ (ဃ) နှင့်အညီ စိစစ်ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်အရ ရေစကြိုမြို့ နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၈၉ ဦးကို ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် တာဝန် ပေးအပ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။
NLD ပါတီအစိုးရလက်ထက်တွင် ဖွဲ့စည်းခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအားလုံးကို တာဝန်မှရပ်ဆိုင်းလိုက် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ရပ်ဆိုင်းခဲ့သည်။
#PeopleMedia #ရပ်ကျေး #ကောင်စီ
(unicode)
……………………………………


Share this post