• Follow Us on

Home မေကြးတိုင္းေဒသႀကီး၊ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ တိုင္းေဒသႀကီးဦးစီးဌာနမႉး၊ ညႊန္ၾကားေရးမႉး ေဒါက္တာေမာင္ေမာင္စိုးဦးႏွင့္ ဒုတိယဦးစီးမႉး ေဒၚသႏၲာဆင့္ တို႔အေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္လွစ္ အေရးယူ

မေကြးတိုင္းေဒသႀကီး၊ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ တိုင္းေဒသႀကီးဦးစီးဌာနမႉး၊ ညႊန္ၾကားေရးမႉး ေဒါက္တာေမာင္ေမာင္စိုးဦးႏွင့္ ဒုတိယဦးစီးမႉး ေဒၚသႏၲာဆင့္ တို႔အေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္လွစ္ အေရးယူ

Share this post

ေနျပည္ေတာ္၊ ဒီဇင္ဘာလ ၁၄

မေကြးတိုင္းေဒသႀကီး၊ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၊ တိုင္းေဒသႀကီးဦးစီးမႉးႏွင့္ ၎လက္ေအာက္ဌာနမွ ဝန္ထမ္းမ်ားသည္ နိုင္ငံေတာ္မွ ခ်မွတ္ေပးေသာ သင္တန္းေၾကးမ်ား၊ ႐ုံး အေဆာက္အဦမ်ားအတြက္ အသုံးစရိတ္မ်ားအား ကိုယ္က်ိဳးသုံးစြဲ၍ အဂတိလိုက္စားမႈ က်ဴးလြန္ေနမႈမ်ားကို အေရးယူေပးပါရန္ ဤေကာ္မရွင္သို႔ တိုင္ၾကားခဲ့ပါသည္။

တိုင္ၾကားစာအရ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာ မေကြးတိုင္းေဒသႀကီး၊ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ တိုင္းေဒသႀကီးဦးစီးဌာနမႉး၊ ညႊန္ၾကားေရးမႉး ေဒါက္တာေမာင္ေမာင္စိုးဦးသည္ ၂၀၁၈-၂၀၁၉ ခုႏွစ္ ဘ႑ာေရးႏွစ္အတြက္ နိုင္ငံေတာ္ဘတ္ဂ်က္ျဖင့္ ခြဲေဝခ်ထားေပးေသာ ဌာနဆိုင္ရာ သင္တန္းမ်ား၊ ႐ုံးအေဆာက္အအုံဆိုင္ရာ အသုံးစရိတ္မ်ားကို သက္ဆိုင္ရာ လက္ေအာက္ခံ ၿမိဳ႕နယ္မ်ားသို႔ ခြဲေဝခ်ထားေပးရာတြင္ သင္တန္းမ်ားႏွင့္စပ္လ်ဥ္း၍ တိုင္းဦးစီးမႉး႐ုံး အေထြေထြအသုံးစရိတ္အျဖစ္ (၂)ရက္သင္တန္း တစ္ခုလၽွင္ ေငြက်ပ္ ၂၀၀၀၀/- ႏႈန္း၊ (၅)ရက္ သင္တန္းတစ္ခုလၽွင္ ေငြက်ပ္ ၅၀၀၀၀/- ႏႈန္းျဖင့္ ဒုတိယဦးစီးမႉး ေဒၚသႏၲာဆင့္ မွတစ္ဆင့္ ေတာင္းခံခဲ့ၿပီး တိုင္ၾကားသည့္အခါ အဆိုပါ ေတာင္းခံရယူခဲ့သည့္ ေငြက်ပ္ (၁၅)သိန္းကို သက္ဆိုင္ရာၿမိဳ႕နယ္မ်ားသို႔ ျမန္မာ့စီးပြားေရးဘဏ္မွတစ္ဆင့္ ျပန္လည္ လႊဲေပးခဲ့ပါသည္။

ယင္းေနာက္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ ေရစႀကိဳၿမိဳ႕နယ္႐ုံး အေဆာက္အဦ ျပဳျပင္ရန္ အတြက္ နိုင္ငံေတာ္မွ ခြဲေဝခ်ထားေပးသည့္ ခြင့္ျပဳရန္ပုံေငြက်ပ္ သိန္း(၈၀)မွ ေငြက်ပ္ (၂၅)သိန္းေပးရန္ ေဒၚသႏၲာဆင့္မွတစ္ဆင့္ ေတာင္းခံခဲ့ၿပီး ေရစႀကိဳၿမိဳ႕နယ္ ဦးစီးမႉးက လႊဲေပးေသာ ေငြက်ပ္ (၅)သိန္းအား လက္ခံရယူခဲ့ျခင္းျဖင့္ ရာထူးတာဝန္ကို အလြဲသုံးစားျပဳ၍ အဂတိလိုက္စားမႈ က်ဴးလြန္ခဲ့ေၾကာင္း၊ ယင္းျဖစ္စဥ္တြင္ ဒုတိယဦးစီးမႉး ေဒၚသႏၲာဆင့္ သည္လည္း ေငြက်ပ္ ၂၀၀၀၀၀/-ကို လက္ခံရယူခဲ့ေၾကာင္းႏွင့္ ေဒါက္တာေမာင္ေမာင္စိုးဦး အဂတိလိုက္စားမႈ က်ဴးလြန္ရာတြင္ အားေပးကူညီေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ တိုင္းဦးစီးဌာနမႉး ေဒါက္တာေမာင္ေမာင္စိုးဦး အေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရလည္းေကာင္း၊ ဒုတိယဦးစီးမႉး ေဒၚသႏၲာဆင့္ အေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆/၆၃ အရလည္းေကာင္း မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕မ ရဲစခန္းတြင္ ၁၄-၁၂-၂၀၂၀ ရက္ေန႔၌ ပထမသတင္းေပး တိုင္ၾကားခ်က္ ဖြင့္လွစ္၍ တရားစြဲဆို အေရးယူနိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းထုတ္ျပန္အပ္ပါသည္။

သတင္း(အဂတိ)

#PeopleMedia #အဂတိ

(unicode)
မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်စိုးဦးနှင့် ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ …………………………………………
နေပြည်တော်၊ ဒီဇင်ဘာလ ၁၄ မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ၎င်းလက်အောက်ဌာနမှ ဝန်ထမ်းများသည် နိုင်ငံတော်မှ ချမှတ်ပေးသော သင်တန်းကြေးများ၊ ရုံး အဆောက်အဦများအတွက် အသုံးစရိတ်များအား ကိုယ်ကျိုးသုံးစွဲ၍ အဂတိလိုက်စားမှု ကျူးလွန်နေမှုများကို အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။ တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်စိုးဦးသည် ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ခွဲဝေချထားပေးသော ဌာနဆိုင်ရာ သင်တန်းများ၊ ရုံးအဆောက်အအုံဆိုင်ရာ အသုံးစရိတ်များကို သက်ဆိုင်ရာ လက်အောက်ခံ မြို့နယ်များသို့ ခွဲဝေချထားပေးရာတွင် သင်တန်းများနှင့်စပ်လျဉ်း၍ တိုင်းဦးစီးမှူးရုံး အထွေထွေအသုံးစရိတ်အဖြစ် (၂)ရက်သင်တန်း တစ်ခုလျှင် ငွေကျပ် ၂၀၀၀၀/- နှုန်း၊ (၅)ရက် သင်တန်းတစ်ခုလျှင် ငွေကျပ် ၅၀၀၀၀/- နှုန်းဖြင့် ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့် မှတစ်ဆင့် တောင်းခံခဲ့ပြီး တိုင်ကြားသည့်အခါ အဆိုပါ တောင်းခံရယူခဲ့သည့် ငွေကျပ် (၁၅)သိန်းကို သက်ဆိုင်ရာမြို့နယ်များသို့ မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ပြန်လည် လွှဲပေးခဲ့ပါသည်။ ယင်းနောက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေစကြိုမြို့နယ်ရုံး အဆောက်အဦ ပြုပြင်ရန် အတွက် နိုင်ငံတော်မှ ခွဲဝေချထားပေးသည့် ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၈၀)မှ ငွေကျပ် (၂၅)သိန်းပေးရန် ဒေါ်သန္တာဆင့်မှတစ်ဆင့် တောင်းခံခဲ့ပြီး ရေစကြိုမြို့နယ် ဦးစီးမှူးက လွှဲပေးသော ငွေကျပ် (၅)သိန်းအား လက်ခံရယူခဲ့ခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့် သည်လည်း ငွေကျပ် ၂၀၀၀၀၀/-ကို လက်ခံရယူခဲ့ကြောင်းနှင့် ဒေါက်တာမောင်မောင်စိုးဦး အဂတိလိုက်စားမှု ကျူးလွန်ရာတွင် အားပေးကူညီကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တိုင်းဦးစီးဌာနမှူး ဒေါက်တာမောင်မောင်စိုးဦး အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မ ရဲစခန်းတွင် ၁၄-၁၂-၂၀၂၀ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ သတင်း(အဂတိ)
#PeopleMedia #အဂတိ


Share this post