• Follow Us on

Home မကွေးမြို့ရှိ အများပြည်သူသုံး ထရန်စဖော်မာကို မကွေးမြို့ PDF အဖွဲ့မှ မိုင်းခွဲဖျက်ဆီးခဲ့၊ အများပြည်သူ လျှပ်စစ်သုံးစွဲနိုင်ရန် ထရန်စဖော်မာအသစ် အစားထိုးလဲလှယ်နိုင်ရေး ဆောင်ရွက်နေကြောင်း တာဝန်ရှိသူများ ပြောဆို

မကွေးမြို့ရှိ အများပြည်သူသုံး ထရန်စဖော်မာကို မကွေးမြို့ PDF အဖွဲ့မှ မိုင်းခွဲဖျက်ဆီးခဲ့၊ အများပြည်သူ လျှပ်စစ်သုံးစွဲနိုင်ရန် ထရန်စဖော်မာအသစ် အစားထိုးလဲလှယ်နိုင်ရေး ဆောင်ရွက်နေကြောင်း တာဝန်ရှိသူများ ပြောဆို

Share this post

မကွေး၊ ဒီဇင်ဘာ ၃၀ (People Media)

 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ဗိုလ်ချုပ်လမ်းရှိ အများပြည်သူသုံး ထရန်စဖော်မာကို ယနေ့နံနက် ၄း၃၀ အချိန်က မကွေးမြို့ PDF အဖွဲ့မှ မိုင်းခွဲဖျက်ဆီးခဲ့ခြင်းကြောင့် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိ သည်။

 

လက်ရှိအချိန်၌ အများပြည်သူ အမြန်ဆုံး လျှပ်စစ်သုံးစွဲနိုင်ရန် ထရန်စဖော်မာအသစ်ကို အစားထိုးလဲလှယ်နိုင် ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများက ပြောဆိုသည်။

 

အဆိုပါ ထရန်စဖော်မာ ပျက်စီးခဲ့မှုကြောင့် ဈေးလယ်စိုးနှင့် ဗိုလ်ချုပ်လမ်းတလျောက် လျှပ်စစ်မီးပြတ်တောက်မှု များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

“ဓါးဓါးချင်း ယှဉ်ကြပါ။ အများပြည်သူနေရာတွေကို ဒီလိုလုပ်နေတာ တော်တော်ဆိုးရွားတဲ့လုပ်ရပ်ပါ” လို့ ဒေသ ခံတစ်ဦးက ဆိုသည်။

 

လက်ရှိအချိန်၌ ကျူးလွန်သူကို ဖမ်းဆီးနိုင်ရေးအတွက် CCTV မှတ်တမ်းများမှတစ်ဆင့် ဆောင်ရွက်နေကြောင်း တာဝန်ရှိသူတစ်ဦးက People Media ကို ပြောဆိုသည်။

 

#PeopleMedia #မကွေးမြို့

 

(unicode)


………………………………………………………

 


 


 


 


 


 


 



Share this post