• Follow Us on

Home မြစ်ဆုံအထက်တွင် ယနေ့နံနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်ပြီး အနီးတစ်ဝိုက်ကပြည်သူများတိမ်းရှောင်နေရ

မြစ်ဆုံအထက်တွင် ယနေ့နံနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်ပြီး အနီးတစ်ဝိုက်ကပြည်သူများတိမ်းရှောင်နေရ

Share this post

အင်ဂျန်းယန်၊ မတ် ၁၆

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်၊မြစ်ဆုံအထက်ပိုင်းတွင် စစ်တပ်နှင့် ကေအိုင်အေ တို့ယနေ့ (မတ် ၁၆) ရက်နေ့ နံနက်ပိုင်း အထိတိုက်ပွဲပြင်းထန်နေပြီး အနီးတစ်ဝိုက်ကကျေးရွာနေပြည်သူများဘေးလွတ်ရာ တွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယမန်နေ့ (မတ် ၁၅ )နေ့ည ပိုင်းကတည်းက မြစ်ကြီးအနီးကဂွေထောင်ကျေးရွာ၊ တန်ဘော်ယန်ကျေးရွာဘက်တို့တွင် ကေအိုင်အေနှင့် တပ်မတော်တို့ နှစ်ဖက်တိုက်ပွဲများပြင်းထန်ခဲ့ပြီးယနေ့နံနက်ပိုင်းအထိပစ်ခတ်သံများကြားနေရကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်ကကျေးရွာနေပြည်သူများ တိမ်းရှောင်ထွက်ပြေးနေရကြောင်း မြစ်ဆုံဒေသခံတစ်ဦးကပြောသည်။

“မနေ့ညအဲ့ဘက်မှာတိုက်ပွဲဖြစ်တယ်အဲ့မှာအမျိုးတွေရှိတယ် သေနတ်ကဒီမနက်ထိခုနထိလက်နက်ကြီးသံတွေက မြည်နေတယ်ကြားနေရတယ်ပြောတယ်။လက်နက်ကြီးသံပဲကြားနေရတယ်ပြောတယ်အဲ့ဒီတပ်စခန်းရှိတဲ့နေရာဂွေထောင်မှာကအိမ်ခြေ ၂၀လောက်ပဲရှိတယ်။တချို့ကမြစ်ဖျားဘက်ကိုသွားပြီးတချို့ကမြစ်ဆုံအောက်ဘက်ကိုဆင်းလာကြတယ်ပြောတယ်´´ဟု ထွက်ပြေးတိန်းရှောင်နေရသူ၏အသိမိတ်ဆွေတစ်ဦးကပြောသည်။

ယင်းထွက်ပြေးတိန်းရှောင်နေသူများအနက်အချို့မှာ မြစ်ဆုံအထက် ဝှေရှီကျေးရွာဘက်တို့ တိမ်းရှောင်သွားပြီးအချို့မှာတန်ဖရဲကျေးရွာဘက်သို့ တိမ်းရှောင်လာဖွယ်ရှိကြောင်း သိရသည်။

လွမ်းအောင်


Share this post