• Follow Us on

Home မွန်ညီညွတ်ရေးပါတီအနေဖြင့် NLD ပါတီနှင့် တတိယနေရာ၌ တွေ့ဆုံဆွေးနွေးမှသာလျှင် ဆက်လက် ဆွေးနွေးရန် ဆုံးဖြတ်ထားကြောင်း မွန်ညီညွတ်ရေးပါတီ ပြောဆို

မွန်ညီညွတ်ရေးပါတီအနေဖြင့် NLD ပါတီနှင့် တတိယနေရာ၌ တွေ့ဆုံဆွေးနွေးမှသာလျှင် ဆက်လက် ဆွေးနွေးရန် ဆုံးဖြတ်ထားကြောင်း မွန်ညီညွတ်ရေးပါတီ ပြောဆို

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
မွန်ညီညွတ်ရေးပါတီ MUP အနေဖြင့် NLD ပါတီနှင့် တွေ့ဆုံရာတွင် နှစ်ဘက်ပါတီ ပြောဆိုသည့်နေရာ မဟုတ်ဘဲ တတိယနေရာတစ်ခု၌ တွေ့ဆုံဆွေးနွေးမှသာလျှင် ဆက်လက်ဆွေးနွေးရန်ဆုံးဖြတ်ထားကြောင်း မွန်ညီညွတ်ရေးပါတီအတွင်းရေးမှူး ဦးနိုင်လယိတမက People Media ကို ပြောပါတယ်။
 
NLD ပါတီနှင့် မွန်ညီညွတ်ရေးပါတီ MUP ကြား နှစ်ပါတီရုံးများမဟုတ်သည့် ကြားနေရာတွင် တွေ့ဆုံရန် MUP ပါတီက တောင်းဆိုခဲ့သော်လည်း ဇန်နဝါရီ ၄ ရက်နေ့၌ NLD ပါတီက လက်ခံခြင်းမရှိဘဲ ပြည်နယ် NLD ရုံး၌ တွေ့ဆုံရန်စီစဉ်မှုကြောင့် တွေ့ဆုံမည့်အစီစဉ်ပျက်ပြယ်ခဲ့ပါတယ်။
 
“ဆက်တွေ့ဖို့ ဖြစ်မဖြစ်ဆိုတာ NLD ပါတီပေါ်မူတည်ပါလိမ့်မယ်၊ ကျွန်တော်တို့ဘက်ကတော့ ပြည်ထောင်စု အတွက် အကျိုးရှိမယ်ဆိုရင် ဘယ်ပါတီနဲ့မဆို တတိယနေရာမှာ တွေ့မယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က အမြဲတမ်း အဆင်သင့်ရှိပါတယ်၊ လောလောဆယ်မှာတော့ တတိယနေရာမဟုတ်ရင်တော့ မတွေ့ဘူးလို့ ဆုံးဖြတ်ထားတယ်”လို့ ဦးနိုင်လယိတမက ပြောပါတယ်။
 
ထိုသို့ ဆုံးဖြတ်ရခြင်းမှာလည်း အနာဂတ်နိုင်ငံတည်ဆောက်ရေး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေးစသည်တို့အတွက်ကြောင့်ဖြစ်သလို အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်နိုင်ရန် အတွက်လည်း ပါတီခြင်း အပြန်အလှန် လေးစားမှု တန်းတူမှု စသည်တို့ အရေးကြီးကြောင်း အဆိုပါ ရည်ရွယ် ချက်နှင့် တတိယနေရာ၌ တွေ့ဆုံရန် တောင်းဆိုခြင်းဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီအတွင်းရေးမှူး ဦးနိုင်လ ယိတမက ပြောပါတယ်။
 
“မွန်နဲ့ ပြန်တွေ့ဖို့မတွေ့ဆိုတာ အထက်လူကြီးတွေရဲ့ ညွန်ကြားချက် ပြန်စောင့်ရမယ်” လို့ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးအင်ထုံးခါးနော်ဆန်က People Media ကို ပြောပါတယ်။
 
NLD ပါတီမှ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသည့် မကွေး တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအပါအဝင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦး အင်ထုံးခါးနော်ဆန်စသည့် တာဝန်ပေးထားခြင်းဖြစ်ပါတယ်။
 
#PeopleMedia #မွန်ညီညွှတ်ရေးပါတီ
 
(unicode)
……………………………………………..
 
 
 
 
 
 
 
 

Share this post