• Follow Us on

Home မွန်ပြည်နယ်ရှိ အဝေးပြေးကားဂိတ်များတွင် မျက်နှာအား Scan ဖတ်နိုင်သည့် CCTV ကင်မရာများကို တပ်ဆင် ရန် ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြား

မွန်ပြည်နယ်ရှိ အဝေးပြေးကားဂိတ်များတွင် မျက်နှာအား Scan ဖတ်နိုင်သည့် CCTV ကင်မရာများကို တပ်ဆင် ရန် ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြား

Share this post

မော်လမြိုင်၊ စက်တင်ဘာ ၂၈ (People Media)

 

မွန်ပြည်နယ်ရှိ အဝေးပြေးကားဂိတ်များ လုံခြုံမှုရှိစေရန်နှင့် တရားမဝင်ပစ္စည်းများ ပို့ဆောင်မှုမရှိစေရေးတို့ အတွက် အဝေးပြေးကားဂိတ်များတွင် မျက်နှာအား Scan ဖတ်နိုင်သည့် CCTV ကင်မရာများကို တပ်ဆင်ရန် နှင့် ပစ္စည်းများတင်ပို့ရာတွင်လည်း ခိုင်လုံသည့် အထောက်အထားတောင်းယူရန် မွန်ပြည်နယ်ရှိ အဝေးပြေး ဂိတ်များအား ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားလိုက်ကြောင်း သိရသည်။

 

အဆိုပါ ညွှန်ကြားစာတွင် မျက်နှာအား Scavenger ပြုလုပ်နိုင်သည့်စက်အား အရေးကြီးသည့် အဝင်အထွက် နေကာများတွင် တပ်ဆင်ရန်နှင့် တရားမဝင်ပစ္စည်းများ ပေးပို့မှုမရှိစေရေးအတွက် လူမဲ့တန်ဆာများ ပေးပို့ရာ တွင် ပေးပို့သည့်ပစ္စည်းများကို စစ်ဆေး၍ မှတ်ပုံတင်မိတ္တူတောင်းယူပြီးမှသာ လက်ခံမှုပြုလုပ်ရန် ညွှန်ကြားစာ တွင် ပါဝင်သည်။

 

မွန်ပြည်နယ်ရှိ ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ကြီးကြပ်မှုအောက်ရှိ ခရီးသည် ပို့ဆောင်ရေး နှင့် မှန်လုံယာဉ်လိုင်းများအနေဖြင့် မိမိဂိတ်အဝင်အထွက်ပေါက်များတွင် CCTV ကင်မရာများနှင့် မျက်နာအား Scavenger ပြုလုပ်နိုင်သည့်စက်အား တပ်ဆင်ရန်နှင့် တပ်ဆင်ခြင်းမရှိသေးသည့်သူများအနေဖြင့်လည်း ယင်း စက်များကို မဖြစ်မနေတပ်ဆင်ရမည်ဖြစ်ကြောင်း ညွှန်ကြားစာတွင် ပါဝင်သည်။

 

တရားမဝင်ပစ္စည်းများ ပေးပို့မှုမရှိစေရေးအတွက် လူမဲ့တန်ဆာများ ပေးပို့ရာတွင် ပေးပို့သည့်ပစ္စည်းများကို စစ်ဆေး၍ မှတ်ပုံတင်မိတ္တူ တောင်းယူ၍ လက်ခံရန်နှင့် နေ့စဉ်လက်ခံသည့် ပစ္စည်းအရေအတွက်နှင့် ပို့ ဆောင်သည့်အခြေအနေများကိုလည်း အသေးစိတ်မှတ်တမ်းထားရှိရန် ညွှန်ကြာစာတွင် ပါဝင်ချက်အရ သိရသည်။

 

Photo – credit

 

#PeopleMedia # မွန်ပြည်နယ် #CCTV

 

(unicode)


……………………………………………………………………

 


 


 


 


 


 

Photo – credit

 



Share this post