• Follow Us on

Home မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ၏ မဲဆြယ္စရိတ္အတြက္ လုပ္ငန္းရွင္ ပထမ႐ိုး႐ိုးေလးကုမၸဏီဥကၠ႒ ဦးေနထက္သိန္းနိုင္ က်ပ္သိန္း(၂၇)သိန္း ေထာက္ပံ့ခဲ့

မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ၏ မဲဆြယ္စရိတ္အတြက္ လုပ္ငန္းရွင္ ပထမ႐ိုး႐ိုးေလးကုမၸဏီဥကၠ႒ ဦးေနထက္သိန္းနိုင္ က်ပ္သိန္း(၂၇)သိန္း ေထာက္ပံ့ခဲ့

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ၏ မဲဆြယ္စရိတ္အတြက္ လုပ္ငန္းရွင္ ပထမ႐ိုး႐ိုးေလးကုမၸဏီဥကၠ႒ ဦးေနထက္သိန္းနိုင္ က်ပ္သိန္း(၂၇)သိန္း ေထာက္ပံ့ခဲ့သည္။

မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ၏ ေ႐ြးေကာက္ပြဲကုန္က်စရိတ္တြင္ ပထမရိုးရိုးေလးကုမၸဏီဥကၠ႒ ဦးေနထက္သိန္းႏိုင္မွ ေငြက်ပ္ (၂၇)သိန္းေက်ာ္၊ ဦးျမင့္တင္ PT Power ဆီဆိုင္မွ ေငြက်ပ္ (၅)သိန္း၊ က်ိဳက္ထို ၿမိဳ႕ လုပ္ငန္းရွင္ ဦးရဲထြန္းမွ ေငြက်ပ္ (၁၀)သိန္း၊ ရတနာဟိန္း ေက်ာက္ထုတ္လုပ္ေရးမွ ေငြက်ပ္ (၇၅၀၀၀)ႏွင့္ က်ိဳက္ထီးရိုး ေဈးေကာ္မတီမွ ေငြက်ပ္ (၂၅၀၀၀၀)တို႔ကို ေထာက္ပံေပးခဲ့ျခင္းျဖစ္သည္။

ပထမ႐ိုး႐ိုးေလးကုမၸဏီဥကၠ႒ ဦးေနထက္သိန္းနိုင္သည္ က်ဳိတ္ထီးရုိး-ရန္ကုန္ ခရီးသြားလုပ္ငန္းမ်ားႏွင့္ မြန္ျပည္နယ္ရွိ စီးပြားေရးလုပ္ငန္းမ်ားကုိ ပုိင္ဆုိင္ထားသလုိ က်ဳိက္ထီးရုိးေတာင္ေပၚ၌ ဟုိတယ္မ်ားဖြင့္ထားသည့္လုပ္ငန္းရွင္တစ္ဦးျဖစ္ပါသည္။

ထုိကဲ့သုိ႔ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ထံ ေရႊးေကာက္ပြဲအသုံးစရိတ္ ေထာက္ပံ့မႈအေပၚ ဦးေနထက္သိန္းနိုင္က သူ၏ လူမႈကြန္ယက္၌ “ကြၽန္ေတာ္က NLD ပါတီကို ဝန္းရံလို႔ ၂၇ သိန္း အက်ီတံဆိပ္ဖိုး ဝန္းရံတာပါ။ တစ္တိုင္း ျပည္လုံး ကမာၻလုံး အေမစုကို ခ်စ္ခင္ၿပီး ကြၽန္ေတာ္လည္း အေမစုနဲ႔ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ႀကီးကို ဝန္းရံေနၾက တဲ့ ျပည္သူေတြထဲမွာ ကြၽန္ေတာ္ဝန္းရံတာ မွားလားဗ်ာ။ တစ္တိုင္းျပည္လုံး ဝန္းရံလို႔ ေအာင္ခဲ့ၿပီေလ ကြၽန္ေတာ္ကေတာ့ ေနာက္မဆုတ္ပါဘူး ဝန္းရံေနမွာပါ။ ကြၽန္ေတာ္ ၅ ႏွစ္တာကာလမွာ မြန္ျပည္နယ္ဝန္ႀကီး ခ်ဳပ္ႀကီးထံမွာ ဘာတင္ဒါ ဘာလုပ္ငန္းမွာမယူခဲ့ပါဘူး။ အေမစုနဲ႔ ဝန္ႀကီးခ်ဳပ္ႀကီးကို ျပည္သူေတြခ်စ္သလို ကၽြန္ေတာ္ခ်စ္တာ မွားလားဗ်ာ။ ကြၽန္ေတာ္ေရးတာေျပာတာ အမွားပါရင္ ခြင့္လႊတ္ပါ” လုိ႔ ေရးသားထားသည္။

ေဒါက္တာေအးဇံသည္ ၂၀၂၀ ေရြးေကာက္ပြဲကာလ၌ ေရြးေကာက္ပြဲအသုံးစရိတ္အျဖစ္ (၇၆)သိန္း သုံးစြဲခဲ့ သည္။

Photo – Credit

#PeopleMedia #ေဒါက္တာေအးဇံ #ဦးေနထက္သိန္းနိုင္

(unicode)
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ မဲဆွယ်စရိတ်အတွက် လုပ်ငန်းရှင် ပထမရိုးရိုးလေးကုမ္ပဏီဥက္ကဋ္ဌ ဦးနေထက်သိန်းနိုင် ကျပ်သိန်း(၂၇)သိန်း ထောက်ပံ့ခဲ့
…………………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ မဲဆွယ်စရိတ်အတွက် လုပ်ငန်းရှင် ပထမရိုးရိုးလေးကုမ္ပဏီဥက္ကဋ္ဌ ဦးနေထက်သိန်းနိုင် ကျပ်သိန်း(၂၇)သိန်း ထောက်ပံ့ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ရွေးကောက်ပွဲကုန်ကျစရိတ်တွင် ပထမရိုးရိုးလေးကုမ္ပဏီဥက္ကဋ္ဌ ဦးနေထက်သိန်းနိုင်မှ ငွေကျပ် (၂၇)သိန်းကျော်၊ ဦးမြင့်တင် PT Power ဆီဆိုင်မှ ငွေကျပ် (၅)သိန်း၊ ကျိုက်ထို မြို့ လုပ်ငန်းရှင် ဦးရဲထွန်းမှ ငွေကျပ် (၁၀)သိန်း၊ ရတနာဟိန်း ကျောက်ထုတ်လုပ်ရေးမှ ငွေကျပ် (၇၅၀၀၀)နှင့် ကျိုက်ထီးရိုး ဈေးကော်မတီမှ ငွေကျပ် (၂၅၀၀၀၀)တို့ကို ထောက်ပံပေးခဲ့ခြင်းဖြစ်သည်။

ပထမရိုးရိုးလေးကုမ္ပဏီဥက္ကဋ္ဌ ဦးနေထက်သိန်းနိုင်သည် ကျိုတ်ထီးရိုး-ရန်ကုန် ခရီးသွားလုပ်ငန်းများနှင့် မွန်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းများကို ပိုင်ဆိုင်ထားသလို ကျိုက်ထီးရိုးတောင်ပေါ်၌ ဟိုတယ်များဖွင့်ထားသည့်လုပ်ငန်းရှင်တစ်ဦးဖြစ်ပါသည်။

ထိုကဲ့သို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ ရွှေးကောက်ပွဲအသုံးစရိတ် ထောက်ပံ့မှုအပေါ် ဦးနေထက်သိန်းနိုင်က သူ၏ လူမှုကွန်ယက်၌ “ကျွန်တော်က NLD ပါတီကို ဝန်းရံလို့ ၂၇ သိန်း အကျီတံဆိပ်ဖိုး ဝန်းရံတာပါ။ တစ်တိုင်း ပြည်လုံး ကမ္ဘာလုံး အမေစုကို ချစ်ခင်ပြီး ကျွန်တော်လည်း အမေစုနဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ကြီးကို ဝန်းရံနေကြ တဲ့ ပြည်သူတွေထဲမှာ ကျွန်တော်ဝန်းရံတာ မှားလားဗျာ။ တစ်တိုင်းပြည်လုံး ဝန်းရံလို့ အောင်ခဲ့ပြီလေ ကျွန်တော်ကတော့ နောက်မဆုတ်ပါဘူး ဝန်းရံနေမှာပါ။ ကျွန်တော် ၅ နှစ်တာကာလမှာ မွန်ပြည်နယ်ဝန်ကြီး ချုပ်ကြီးထံမှာ ဘာတင်ဒါ ဘာလုပ်ငန်းမှာမယူခဲ့ပါဘူး။ အမေစုနဲ့ ဝန်ကြီးချုပ်ကြီးကို ပြည်သူတွေချစ်သလို ကျွန်တော်ချစ်တာ မှားလားဗျာ။ ကျွန်တော်ရေးတာပြောတာ အမှားပါရင် ခွင့်လွှတ်ပါ” လို့ ရေးသားထားသည်။

ဒေါက်တာအေးဇံသည် ၂၀၂၀ ရွေးကောက်ပွဲကာလ၌ ရွေးကောက်ပွဲအသုံးစရိတ်အဖြစ် (၇၆)သိန်း သုံးစွဲခဲ့ သည်။

Photo – Credit

#PeopleMedia #ဒေါက်တာအေးဇံ #ဦးနေထက်သိန်းနိုင်


Share this post