• Follow Us on

Home မွန်ပြည်နယ် ပေါင်မြို့တွင် ကလေးငယ် ၄ ဦး ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရ

မွန်ပြည်နယ် ပေါင်မြို့တွင် ကလေးငယ် ၄ ဦး ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရ

Share this post

No description available.

 

နေပြည်တော်၊ ဇူလိုင် ၂၈ (People Media)

 

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ဇူလိုင် ၂၇ ရက်နေ့မှာ ကိုဗစ် ၁၉ ရောဂါရှိမရှိအား စစ်ဆေးရာမှာ ကလေးငယ် ၄ ဦးတွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ်၊ ပေါင်မြို့ ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သိရပါတယ်။

 

“ကလေးငယ် လေးဦးမှာ ကိုဗစ်ပိုးတွေ့တယ်ဆိုတာတော့ ဟုတ်ပါတယ်။ အသက် ၇ နှစ် တစ်ဦး၊ အသက် ၁၁ နှစ် တစ်ဦး၊ အသက် ၁၄ နှစ် တစ်ဦးနဲ့ အသက် ၁၅ နှစ် တစ်ဦး စုစုပေါင်းလေးဦးလောက်မှာ ပိုးတွေ့တာ ဖြစ်ပါ တယ်” လို့ ပေါင်မြို့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။

 

ကိုဗစ်ရောဂါပိုးတွေ့ရှိထားတဲ့ ကလေးငယ်များသည် ပေါင်မြို့နယ်၊ မုကျိကျေးရွာမှ ကလေးနှစ်ဦး၊ ပေါင်ကျွဲ ခြံကွက်သစ်ရပ်ကွက်မှ ကလေးငယ်တစ်ဦး၊ မုတ္တမနယ်မြေမှ ကလေးတစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ် ကြောင်း သိရပါတယ်။

 

အဆိုပါ ရောဂါပိုးတွေ့ရှိခဲ့သည့် ကလေးငယ်လေးဦးကို လက်ရှိတွင် ပေါင်မြို့နယ် ကိုဗစ်ရောဂါကာကွယ်ကုသ ရေးစင်တာ Isolastion Ward 1 နှင့် Isolastion Ward 2 တို့အား ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

 

#PeopleMedia #ပေါင် #ကလေးငယ်

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post