• Follow Us on
Latest News

Home မႀကဳံစဖူး ေတာင္က်ေရေၾကာင့္ ကန္ပိုင္တီ ကုန္သြယ္ေရးလမ္းေၾကာင္း ယာယီပိတ္ထား

မႀကဳံစဖူး ေတာင္က်ေရေၾကာင့္ ကန္ပိုင္တီ ကုန္သြယ္ေရးလမ္းေၾကာင္း ယာယီပိတ္ထား

Share this post

ကန္ပိုင္တီ၊ ၾသဂုတ္ ၁၈

ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ ျမန္မာ-တ႐ုတ္ နယ္စပ္ၿမိဳ႕ျဖစ္သည့္ ကန္ပိုင္တီၿမိဳ႕တြင္ ယခုရက္ပိုင္း မိုးအဆက္မျပတ္ ႐ြာသြန္းေနမႈေၾကာင့္ ၾသဂုတ္လ ၁၈ ရက္ေန႕၊ နံနက္ ၇ နာရီခန့္မွ စတင္ကာ ေတာင္က်ေရမ်ား​ က်ေရာက္ခဲ့ၿပီး ကားလမ္းေပၚ ေရေက်ာ္မႈမ်ား ျဖစ္ပြားခဲ့သျဖင့္ ႏွစ္နိုင္ငံ ကားလမ္းဆက္သြယ္ဆက္သြယ္မႈမ်ား ယာယီပိတ္ထားခဲ့ရေၾကာင္း ကန္ပိုင္တီၿမိဳ႕ခံမ်ားထံမွ သိရသည္။

`မိုး႐ြာေနတာ သုံးရက္ေက်ာ္ၾကာေနၿပီ အရင္က ခုလိုတစ္ခါမွ ေရမႀကီးခဲ့ဘူး။ ေျမအနည္းငယ္ ၿပိဳတာ ေလာက္ပဲရွိတယ္။ ဒီေန႕မနက္ ၇ နာရီေလာက္က စၿပီး ေတာင္က်ေရနဲ႕အတူ သစ္တုံးေတြ သဲေက်ာက္ေတြပါ ၿမိဳ႕အဝင္ဂိတ္ လမ္းမႀကီးေပၚမွာ အျမင့္ေလးေပေလာက္အထိ ေရစီးနဲ႕အတူ ပါလာတယ္” ဟု ယင္းေဒသတြင္ တာဝန္ထမ္းေဆာင္ေနသည့္ ဝန္ထမ္း တစ္ဦးက ေျပာျပသည္။

ထို႔အျပင္ ေတာင္က်ေရမ်ားတြင္ သစ္တုံးႏွင့္ သစ္ပင္မ်ားေမ်ာပါေနၿပီး ေရစီးမွာလည္း ၾကမ္းေနသျဖင့္ ကားလမ္းအဆက္အသြယ္ ျပတ္ေတာက္ေနေၾကာင္း” ၄င္းက ဆက္၍ ဆိုသည္။

အဆိုပါလမ္းသည္ ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕ႏွင့္ တ႐ုတ္နိုင္ငံ ယူနန္ျပည္နယ္ ထိန္ခ်ဳံးၿမိဳ႕တို႔ ဆက္သြယ္ထားေသာ ကုန္သြယ္ေရး လမ္းေၾကာင္းတစ္ခုျဖစ္ၿပီး ယခုကဲ့သို႔ ေတာင္က်ေရမ်ားေၾကာင့္ ကားလမ္းေရေက် ာ္မႈႏွင့္ မိုး႐ြာသြန္းမႈ အေပၚမူတည္၍ ႏွစ္နိုင္ငံကုန္စီးဆင္းမႈ အနည္းဆုံး (၃)ရက္မွ ရက္သတၱပတ္အထိ ၾကာျမင့္နိုင္ေၾကာင္း ယင္းလမ္းပိုင္း ျဖတ္သန္းသြားလာေနသူမ်ားက သုံးသပ္ေျပာဆိုေနၾကသည္။

မိုးဟိန္း

#PeopleMedia

[Unicode]
မကြုံစဖူး တောင်ကျရေကြောင့် ကန်ပိုင်တီ ကုန်သွယ်ရေးလမ်းကြောင်း ယာယီပိတ်ထား
…………………………………………………………………………….

ကန်ပိုင်တီ၊ သြဂုတ် ၁၈

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြန်မာ-တရုတ် နယ်စပ်မြို့ဖြစ်သည့် ကန်ပိုင်တီမြို့တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် သြဂုတ်လ ၁၈ ရက်နေ့၊ နံနက် ၇ နာရီခန့်မှ စတင်ကာ တောင်ကျရေများ​ ကျရောက်ခဲ့ပြီး ကားလမ်းပေါ် ရေကျော်မှုများ ဖြစ်ပွားခဲ့သဖြင့် နှစ်နိုင်ငံ ကားလမ်းဆက်သွယ်ဆက်သွယ်မှုများ ယာယီပိတ်ထားခဲ့ရကြောင်း ကန်ပိုင်တီမြို့ခံများထံမှ သိရသည်။

`မိုးရွာနေတာ သုံးရက်ကျော်ကြာနေပြီ အရင်က ခုလိုတစ်ခါမှ ရေမကြီးခဲ့ဘူး။ မြေအနည်းငယ် ပြိုတာ လောက်ပဲရှိတယ်။ ဒီနေ့မနက် ၇ နာရီလောက်က စပြီး တောင်ကျရေနဲ့အတူ သစ်တုံးတွေ သဲကျောက်တွေပါ မြို့အဝင်ဂိတ် လမ်းမကြီးပေါ်မှာ အမြင့်လေးပေလောက်အထိ ရေစီးနဲ့အတူ ပါလာတယ်” ဟု ယင်းဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း တစ်ဦးက ပြောပြသည်။

ထို့အပြင် တောင်ကျရေများတွင် သစ်တုံးနှင့် သစ်ပင်များမျောပါနေပြီး ရေစီးမှာလည်း ကြမ်းနေသဖြင့် ကားလမ်းအဆက်အသွယ် ပြတ်တောက်နေကြောင်း” ၄င်းက ဆက်၍ ဆိုသည်။

အဆိုပါလမ်းသည် ကချင်ပြည်နယ် ဝိုင်းမော်မြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ထိန်ချုံးမြို့တို့ ဆက်သွယ်ထားသော ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်ပြီး ယခုကဲ့သို့ တောင်ကျရေများကြောင့် ကားလမ်းရေကျေ ာ်မှုနှင့် မိုးရွာသွန်းမှု အပေါ်မူတည်၍ နှစ်နိုင်ငံကုန်စီးဆင်းမှု အနည်းဆုံး (၃)ရက်မှ ရက်သတ္တပတ်အထိ ကြာမြင့်နိုင်ကြောင်း ယင်းလမ်းပိုင်း ဖြတ်သန်းသွားလာနေသူများက သုံးသပ်ပြောဆိုနေကြသည်။

မိုးဟိန်း

#PeopleMedia


Share this post