• Follow Us on

Home မန္တလေးမြို့၊ ကညနရုံးရှေ့၌ ဒုတိယအကြိမ်ပေါက်ကွဲရာ လူမှုကူညီရေးအသင်းမှ ပရဟိတဆောင်ရွက်သူ ၅ ဦး ထိခိုက်မှုရှိပြီး ၁ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရ

မန္တလေးမြို့၊ ကညနရုံးရှေ့၌ ဒုတိယအကြိမ်ပေါက်ကွဲရာ လူမှုကူညီရေးအသင်းမှ ပရဟိတဆောင်ရွက်သူ ၅ ဦး ထိခိုက်မှုရှိပြီး ၁ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရ

Share this post

မန္တလေး၊ အောက်တိုဘာ ၂၇ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ သိပ္ပံလမ်း၊ ၇၃-၇၈ လမ်း ကြားရှိ ကညနရုံးရှေ့၌ ဒုတိယအကြိမ် အချိန်ကိုက်မိုင်းတစ်လုံး ပေါက်ကွဲရာ ထိုပေါက်ကွဲမှု၌ လူမှုကူညီရေး အသင်းမှ အသင်းဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရပါတယ်။

 

ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစည်မြောက်ရပ်ကွက်၊ သိပ္ပံလမ်း၊ ၇၃-၇၈ လမ်းကြားရှိ ကညနရုံးရှေ့တွင် အချိန်ကိုက်မိုင်းတစ်လုံးသည် ၁၁ နာရီခန့်တွင် တစ်လုံး ပေါက်ကွဲခဲ့ပါတယ်။

 

အဆိုပါဖြစ်စဉ်၌ ထိခိုက်ဒဏ်ရာရသူများကို လူမှုရေးကူညီရေးအဖွဲ့မှ ကူညီကယ်ဆယ်ရေးလုပ်နေစဉ် ၁၁ နာရီခွဲ အချိန်ခန့်၌ ဒုတိအကြိမ်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ လူမှုကူညီရေးအသင်းမှ အသင်းဝင် ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  ၁ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရပါတယ်။

 

“တစ်ယောက်ကတော့ ခွဲခန်းဝင်နေရတယ်။ အသက်အန္တရယ်လည်းစိုးရိမ်ရတယ်။ သူက အခုချက်ခြင်းတောင် ခွဲခန်းဝင်နေရတာ။ နောက်လူတွေက ခြေထောက်ပြဲတာတွေ၊ လက်ပြဲတာတွေပဲရှိတယ်” လို့ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

 

ထိုထိခိုက်မှုတွင် ရွှေမန္တလေးလူမှုကယ်ဆယ်ရေးအသင်းမှ (၃) ဦး၊ ဌာနီရှေ့လူမှုကယ်ဆယ်ရေးအသင်းမှ (၂) ဦး စုစုပေါင်း အဖွဲ့ဝင် (၅) ဦးထဲတွင် တစ်ဦးမှာ အသက်အန္တရာစိုးရိမ်ရကြောင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

 

#PeopleMedia #မန္တလေး #ကညန

 

(unicode)

မန်တလေးမွို့၊ ကညနရုံးရှေ့၌ ဒုတိယအကွိမျပေါကျကှဲရာ လူမှုကူညီရေးအသငျးမှ ပရဟိတဆောငျရှကျသူ ၅ ဦး ထိခိုကျမှုရှိပွီး ၁ ဦးမှာ အသကျအန်တရာယျစိုးရိမျရ

…………………………………………………………………

 

မန်တလေး၊ အောကျတိုဘာ ၂၇ (People Media)

 


 


 


 


 


 

#PeopleMedia #မန်တလေး #ကညန


Share this post