• Follow Us on

Home လႊတ္ေတာ္ထဲတြင္ငါးႏွစ္စာေပ်ာက္ခဲ့သည့္ ကရင္အသံလာမည့္ လႊတ္ေတာ္တြင္ျပန္ေရာက္ေအာင္ေဆာင္ရြက္ မည္ဟု KKP ဥကၠ႒ဆို

လႊတ္ေတာ္ထဲတြင္ငါးႏွစ္စာေပ်ာက္ခဲ့သည့္ ကရင္အသံလာမည့္ လႊတ္ေတာ္တြင္ျပန္ေရာက္ေအာင္ေဆာင္ရြက္ မည္ဟု KKP ဥကၠ႒ဆို

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၅
ယခုအစိုးရသက္တမ္း လႊတ္ေတာ္ထဲတြင္ ငါးႏွစ္စာ ကရင္အသံေပ်ာက္ခဲ့ရသည့္အတြက္ လာမည့္ လႊတ္ ေတာ္တြင္ ကရင္အသံ ျပန္ေရာက္ေအာင္ေဆာင္ရြက္သြားမည္ ျဖစ္တယ္လို႔ ကရင္ျပည္သူ႔ပါတီဥကၠ႒ ဦးထြန္းေအာင္ျမင့္က ေျပာပါတယ္။
“ပါတီရဲ႕ အဓိကအခ်က္ကေတာ့ လႊတ္ေတာ္ထဲကို ကရင္အသံ ျပန္ေရာက္ဖို႔ေပါ့ဗ်ာ၊ ၿပီးခဲ့ငါးႏွစ္လႊတ္ေတာ္မွာ ကရင္ပါတီက တစ္ေယာက္မွမရွိတဲ့အတြက္ ကရင္အသံမရွိဘူးေပါ့၊ ဒီနိုင္ငံမွာ အရင္က ကရင္လူဦးေရက ဒုတိယအမ်ားဆုံးေလ၊ အဲ့လိုအေျခအေနမွာ လႊတ္ေတာ္ထဲမွာ ကရင္ပါတီက ကရင္လူမ်ိဳးမရွိဘူးဆိုေတာ့ ေတာ္ေတာ္ေလးမေကာင္းတဲ့ လကၡဏာျဖစ္ေနတယ္၊ ဒါေၾကာင့္ လႊတ္ေတာ္ထဲမွာ ငါးႏွစ္စာ ေပ်ာက္ေနတဲ့ ကရင္အသံ ျပန္ေရာက္ရမယ္” ဟု ဦးထြန္းေအာင္ျမင့္က ေျပာပါတယ္။
NLD အစိုးရအေနျဖင့္ ေရြးေကာက္ပြဲကတိက၀တ္မ်ား ျပန္ၿပီးေဖာ္ေဆာင္ရာမွာ အားနည္းၿပီး၊ ဖြဲ႕စည္းပုံအေျခခံ ပုဒ္မ ၂၆၁ ျပင္ဆင္ေရးအတြက္ကို NLD ကေနၿပီးေတာ့ လက္မခံသည့္အတြက္ တိုင္းရင္းသားမ်ားမွာ ေတြေဝ သြားေၾကာင္း ယင္းေၾကာင့္ ျပည္နယ္မ်ားတြင္ NLD ပါတီအေနျဖင့္ ယခင္လို အားေကာင္းနိုင္မည္ဟု မထင္ ေၾကာင္း ဦးထြန္းေအာင္ျမင့္ဆိုပါတယ္။
ဒီတစ္ခါၾကရင္ေတာ့ အရင္လို ကရင္ပါတီေတြ အကြဲအၿပဲ မဟုတ္ဘဲနဲ႔ တစ္လုံးတစ္စီးထဲဆိုေတာ့ ေျခညီသြားၿပီ အေျဖကေတာ့ ဘယ္လို ထြက္လာမလဲဆိုတာ ေစာင့္ၾကည့္ရမွာေပါ့ဟု ကရင္ျပည္သူ႔ပါတီဥကၠ႒ ဦးထြန္းေအာင္ ျမင့္က ေျပာပါတယ္။
ကရင္ျပည္သူ႔ပါတီအေနျဖင့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ျပည္သူ႔လႊတ္ေတာ္ ၁၉ ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္ ၉ ေနရာ၊ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးလႊတ္ေတာ္ ၄၅ ေနရာႏွင့္ ကရင္တိုင္းရင္းသားေရးရာ ၀န္ႀကီးေနရာ ၅ ေနရာ စုစုေပါင္း ၇၈ ေနရာကို ၀င္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ပါတယ္။
ကရင္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ KNU ဗဟိုေကာ္မတီ၀င္ ဦးမန္းၿငိမ္ေမာင္မွ လက္နက္ကိုင္နိုင္ေရးမွ လႊတ္ေတာ္နိုင္ငံေရးကို ကူးေျပာင္းၿပီး ကရင္ျပည္သူ႔ပါတီကိုယ္စားျပဳၿပီး ဧရာ၀တီတိုင္းေဒသႀကီး ပန္းတေနာ္ၿမိဳ႕ နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းအျဖစ္လည္း ၀င္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္၍ ကရင္ပါတီမ်ား ယခုေရြးေကာက္ပြဲတြင္ ပိုမိုအားေကာင္းလာနိုင္ေၾကာင္း နိုင္ငံေရးေလ့လာသူမ်ားက သုံးသပ္လ်က္ရွိပါတယ္။
#PeopleMedia
(unicode)
လွှတ်တော်ထဲတွင်ငါးနှစ်စာပျောက်ခဲ့သည့် ကရင်အသံလာမည့် လွှတ်တော်တွင်ပြန်ရောက်အောင်ဆောင်ရွက် မည်ဟု KKP ဥက္ကဋ္ဌဆို
………………………………………………………………
ရန်ကုန်၊ အောက်တိုဘာ ၁၅
ယခုအစိုးရသက်တမ်း လွှတ်တော်ထဲတွင် ငါးနှစ်စာ ကရင်အသံပျောက်ခဲ့ရသည့်အတွက် လာမည့် လွှတ် တော်တွင် ကရင်အသံ ပြန်ရောက်အောင်ဆောင်ရွက်သွားမည် ဖြစ်တယ်လို့ ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်မြင့်က ပြောပါတယ်။
“ပါတီရဲ့ အဓိကအချက်ကတော့ လွှတ်တော်ထဲကို ကရင်အသံ ပြန်ရောက်ဖို့ပေါ့ဗျာ၊ ပြီးခဲ့ငါးနှစ်လွှတ်တော်မှာ ကရင်ပါတီက တစ်ယောက်မှမရှိတဲ့အတွက် ကရင်အသံမရှိဘူးပေါ့၊ ဒီနိုင်ငံမှာ အရင်က ကရင်လူဦးရေက ဒုတိယအများဆုံးလေ၊ အဲ့လိုအခြေအနေမှာ လွှတ်တော်ထဲမှာ ကရင်ပါတီက ကရင်လူမျိုးမရှိဘူးဆိုတော့ တော်တော်လေးမကောင်းတဲ့ လက္ခဏာဖြစ်နေတယ်၊ ဒါကြောင့် လွှတ်တော်ထဲမှာ ငါးနှစ်စာ ပျောက်နေတဲ့ ကရင်အသံ ပြန်ရောက်ရမယ်” ဟု ဦးထွန်းအောင်မြင့်က ပြောပါတယ်။
NLD အစိုးရအနေဖြင့် ရွေးကောက်ပွဲကတိကဝတ်များ ပြန်ပြီးဖော်ဆောင်ရာမှာ အားနည်းပြီး၊ ဖွဲ့စည်းပုံအခြေခံ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအတွက်ကို NLD ကနေပြီးတော့ လက်မခံသည့်အတွက် တိုင်းရင်းသားများမှာ တွေဝေ သွားကြောင်း ယင်းကြောင့် ပြည်နယ်များတွင် NLD ပါတီအနေဖြင့် ယခင်လို အားကောင်းနိုင်မည်ဟု မထင် ကြောင်း ဦးထွန်းအောင်မြင့်ဆိုပါတယ်။
ဒီတစ်ခါကြရင်တော့ အရင်လို ကရင်ပါတီတွေ အကွဲအပြဲ မဟုတ်ဘဲနဲ့ တစ်လုံးတစ်စီးထဲဆိုတော့ ခြေညီသွားပြီ အဖြေကတော့ ဘယ်လို ထွက်လာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့ဟု ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးထွန်းအောင် မြင့်က ပြောပါတယ်။
ကရင်ပြည်သူ့ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၁၉ နေရာ၊ အမျိုးသားလွှတ်တော် ၉ နေရာ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော် ၄၅ နေရာနှင့် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ၅ နေရာ စုစုပေါင်း ၇၈ နေရာကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပါတယ်။
ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNU ဗဟိုကော်မတီဝင် ဦးမန်းငြိမ်မောင်မှ လက်နက်ကိုင်နိုင်ရေးမှ လွှတ်တော်နိုင်ငံရေးကို ကူးပြောင်းပြီး ကရင်ပြည်သူ့ပါတီကိုယ်စားပြုပြီး ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ ကရင်ပါတီများ ယခုရွေးကောက်ပွဲတွင် ပိုမိုအားကောင်းလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်လျက်ရှိပါတယ်။

Share this post