• Follow Us on
Latest News

Home ယမန်နေ့ညပိုင်းက အင်းစိန်မြို့နယ်၌ ဗုံးပေါက်ကွဲမှု လေးကြိမ်အထက်ရှိခဲ့

ယမန်နေ့ညပိုင်းက အင်းစိန်မြို့နယ်၌ ဗုံးပေါက်ကွဲမှု လေးကြိမ်အထက်ရှိခဲ့

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း၌ စက်တင်ဘာလ ၁၇ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှု လေး ကြိမ်အထက်ရှိခဲ့တယ်လို့ အင်းစိန်မြို့နယ် နေထိုင်သူတွေထံက သိရပါတယ်။

 

အင်းစိန်မြို့နယ်၌ ယမန်နေ့ ည ၈ နာရီဝန်းကျင်အချိန်မှာ အင်းစိန်အကျဉ်ထောင်ရှေ့အနီးမှာ ဗုံးတစ်လုံး၊ နောက် ၁၀ နာရီဝန်းကျင်အချိန်မှာ နောက်ထပ် ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့တယ်လို့ အင်းစိန်ထောင်ရှေ့ အနီးနေထိုင်သူတွေထံက သိရပါတယ်။

 

ထို့နောက် အင်းစိန် ခလရ (၁၆) ရှေ့မှာလည်း  ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။

 

အလားတူ ပြီးခဲ့သည့်လပိုင်းက အင်းစိန်ကညရုံးအနီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ ယာဉ်ထိန်းရဲရုံးများစတဲ့ နေရာတွေမှာလည်း ဗုံးပေါက်ကွဲမှုများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

 

#PeopleMedia #အင်းစိန်မြို့

 

(unicode)


…………………………………………………………………

 


 


 


 


 


 



Share this post