• Follow Us on

Home ယာဉ်ထိန်းရဲ အပါအဝင် ပြည်သူအချို့ကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် မုံရွာသံမဏိ PDF အဖွဲ့ဝင် (၉) ဦး လက် နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံ

ယာဉ်ထိန်းရဲ အပါအဝင် ပြည်သူအချို့ကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် မုံရွာသံမဏိ PDF အဖွဲ့ဝင် (၉) ဦး လက် နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံ

Share this post

မုံရွာ၊ နိုဝင်ဘာ ၃၀ (People Media)

 

မုံရွာမြို့အတွင်း၌ ဖောက်ခွဲရေးလုပ်ငန်းနှင့် လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်နေသော မုံရွာသံမဏိ PDF အဖွဲ့ဝင်များသည် လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။

 

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် မုံရွာသံမဏိ PDF အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ပတ်သက်ဆက်သွယ် နေသော မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နေ ကျော်ဦး(ခ) ကျော်ကျော်ဦး (၄၇)နှစ် အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ အောင်ကျော်ဇင် (၂၇)နှစ်၊ ဝေဖြိုးကျော်(ခ)အသေးလေး (၂၅)နှစ်၊ ဟိန်းထက်ဝင်း (၂၀) နှစ် နှင့် ဝင်းကို(၁၉)နှစ်၊ မောင်တိုး(ခ) ရန်အောင်တိုး (၃၂)နှစ်၊ ရဲထက်ငြိမ်း (၂၉)နှစ်၊ ကောင်းမြတ်ဖေ (၂၇)နှစ်၊ ဇင်မောင် (၂၀) နှစ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

ဖြစ်စဉ်တွင် တရားခံ ကျား ၉ ဦး အား ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ AK 47 သေနတ် ၁ လက်၊ လက်လုပ် သေနတ် ၇ လက်၊ ကျည်အိမ် ၂ ခု၊ ၇.၆၂ ကျည် ၁၀၀ တောင့်၊ ၄၀ မမ ဗုံးသီး ၁၄ လုံး၊ လက်ပစ်ဗုံး ၆ လုံး၊ လက်လုပ်မိုင်း ၁၂ လုံး၊ မှန်ပြောင်း ၁ လက်၊ လက်လုပ်သေနတ် ပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

အဆိုပါ တရားခံများသည် အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ငန်းများအနေဖြင့် ဩဂုတ်လ ၁၆ ရက်တွင် ရုံးကြီးရပ်ကွက်၊ မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံး ဝန်ထမ်းအိမ်ရာသို့ လက်လုပ်မိုင်း ၁ လုံးဖြင့် လည်းကောင်း၊ စက်တင်ဘာလ ၁၃ ရက်တွင် ချမ်းမြဝတီ ရပ်ကွက် ရေကူးကန်လမ်းအနီးရှိ Mytel တာဝါတိုင်အား လက် လုပ်မိုင်း ၄ လုံးဖြင့် လည်းကောင်း၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် မြဝတီရပ်ကွက်၊ Mytel ရုံး၊ ဆက်သွယ် ရေးရုံးရှေ့၌ လက်လုပ်မိုင်း ၁ လုံးဖြင့် လည်းကောင်း၊ စက်တင်ဘာလ ၁၆ ရက်တွင် စက်မှုဇုန်ရပ်ကွက်၊ မြန်မာဘီယာရုံးရှေ့၌ လက်လုပ်မိုင်း ၁ လုံးဖြင့် လည်းကောင်း၊ နိုဝင်ဘာလ ၁၃ ရက်တွင် မုံရွာ – ကျောက်ကာ လမ်း တိုင်းရင်းဆေးရုံအနီးရှိ ခရေဆောင် အတွင်းသို့ လက်လုပ်မိုင်း ၂ လုံးဖြင့် လည်းကောင်း ဖောက်ခွဲခဲ့ ကြောင်း န-စ-ကမှ ထုတ်ပြန်ထားသည်။

 

မုံရွာသံမဏိ PDF အဖွဲ့မှ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ကျူးလွန်မှုများအနေဖြင့် ယာဉ်ထိန်းရဲအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်း၊ Mytel ရုံးရှေ့ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင် ၁ ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်း၊ ပုဏ္ဏမီလမ်းရှိ အပြစ်မဲ့ပြည်သူ ၁ ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်း၊ မအူကျေးရွာရှိ အပြစ်မဲ့ပြည်သူ ၁ ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်း၊ စက်မှုဇုန်ရပ်ကွက်အတွင်းရှိ (၈၁)ကာလာအိုကေဆိုင်ရှေ့၌ အပြစ်မဲ့ပြည်သူ ၂ ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း စသည်တို့ကို ဖော်ထုတ်သိရှိရခဲ့ကြောင်း န-စ-ကမှ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #မုံရွာ #မုံရွာသံမဏိPDFအဖွဲ့

 

(unicode)


…………………………………………………..

 


 


 


 


 


 


 



Share this post