• Follow Us on

Home ယူကရိန်းကခွဲထွက်လာတဲ့ဒေသနှစ်ခုမှာ ရုရှားတပ်တွေကို ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်တွေအဖြစ် ဆောင် ရွက်ရန် ပူတင် အမိန့်ပေး

ယူကရိန်းကခွဲထွက်လာတဲ့ဒေသနှစ်ခုမှာ ရုရှားတပ်တွေကို ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်တွေအဖြစ် ဆောင် ရွက်ရန် ပူတင် အမိန့်ပေး

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၂ (People Media)

 

ယူကရိန်းနိုင်ငံက ဒေသနှစ်ခုဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ နိုင်ငံကခွဲထွက်လာတဲ့အတွက် အဲဒီဒေသနှစ်ခု ရဲ့လွတ်လပ်ရေးကို ရုရှားသမ္မတဗလာဒီမာပူတင်က အသိအမှတ်ပြုလိုက်ပြီးနောက် ရုရှားတပ်ဖွဲ့ဝင်တွေအနေနဲ့ အဲဒီဒေသနှစ်ခုမှာ  ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွေအဖြစ် ဆောင်ရွက်သွားဖို့ တနင်္လာနေ့က အမိန့်ပေးလိုက် ပါတယ်။

 

ခွဲထွက်ဒေသနှစ်ခုရဲ့ လွတ်လပ်ရေးကို ပူတင်ကအသိအမှတ်ပြုထောက်ခံလိုက်တာဟာ အဲဒီဒေသတွေက ပ ဋိပက္ခအတွက် ၂၀၁၅ ငြိမ်းချမ်းရေးစီမံချက်ကို လျစ်လျူရှုလိုက်တာဖြစ်ပြီး ရုရှားနိုင်ငံရဲ့ စစ်ရေးအရပါဝင်ပတ် သက်မှုကို တံခါးဖွင့်ပေးလိုက်တာလည်းဖြစ်ပါတယ်။

 

ခွဲထွက်ဒေသတွေဖြစ်တဲ့ ဒန်းနီးယပ်စ် (Donetsk) နဲ့ လူးဂန့်စ်ခ် (Lugansk) တို့မှာ ရုရှားတပ်တွေကို ငြိမ်းချမ်း ရေးထိန်းသိမ်းမှုတပ်တွေအဖြစ် ပူတင်က ရုရှားကာကွယ်ရေးဝန်ကြီးကို ညွှန်ကြားခဲ့ပါတယ်။ ရုရှားတပ်တွေ တပ်  ဖြန့်ချထားရေးနဲ့ပတ်သက်ပြီး ရုရှားအစိုးရက အသေးစိတ်ထုတ်ဖော်ပြောကြားတာမျိုးမရှိပါဘူး။

 

လတ်တလောကာလတွေမှာ ရုရှားတပ်တွေ ယူကရိန်းနယ်စပ်မှာ အင်အားအလုံးအရင်းစုဖွဲ့ပြီး တပ်ဖြန့်ချထား တဲ့အတွက် အနောက်အုပ်စုက ရုရှားနိုင်ငံဟာ ယူကရိန်းကို အချိန်မရွေး ကျူးကျော်တိုက်ခိုက်နိုင်တယ်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။

 

ခွဲထွက်လာတဲ့ဒေသနှစ်ခုနဲ့ သံတမန်ဆက်ဆံရေးထူထောင်ဖို့အတွက်လည်း သမ္မတပူတင်က ရုရှားနိုင်ငံခြားရေး ဝန်ကြီးကို ညွှန်ကြားထားပါတယ်။

 

ရုရှားအောက်လွှတ်တော်ကထုတ်ပြန်ကြေညာချက်ထဲမှာတော့ “ခွဲထွက်လာတဲ့နိုင်ငံတွေမှာ ရုရှားတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေတာကို ဥပဒေအရအသိအမှတ်ပြုဖို့ဆောင်ရွက်ရမှာဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးထိန်းသိမ်းဖို့နဲ့ လုံခြုံရေးအရစိတ်ချရအောင်ဆောင်ရွက်ဖို့ ရုရှားတပ်တွေရောက်ရှိနေတာဖြစ်ကြောင်း” ဖော်ပြထားပါတယ်။

 

နှစ်ဖက်စလုံးက စစ်အခြေစိုက်စခန်းတွေတည်ဆောက်ရေးနဲ့ နှစ်နိုင်ငံနယ်စပ်ကာကွယ်ရေးတွေကို ပူးတွဲဆောင် ရွက်သွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

 

ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒေသမှာ ရုရှားနိုင်ငံကထောက်ပံ့ထားတဲ့သူပုန်အဖွဲ့ကို ထိုးစစ်ဆင်နေတာတွေကို ရပ် ဆိုင်းဖို့နဲ့ အဲဒီထိုးစစ်တွေမရပ်ဆိုင်းဘူးဆိုရင် ဒီ့ထက်ဆိုးတဲ့သွေးထွက်သံယိုမှုနဲ့ ပိုပြီးရင်ဆိုင်ရလိမ့်မယ်လို့ ရုရှားခေါင်းဆောင်က ယူကရိန်းအစိုးရကို တနင်္လာနေ့အစောပိုင်းက သတိပေးပြောကြားလိုက်ပါတယ်။

 

ခွဲထွက်ဒေသတွေကို အသိအမှတ်ပြုရင် စီးပွားရေးပိတ်ဆို့အရေးယူသွားမယ်လို့ အနောက်နိုင်ငံတွေက သတိ ပေးနေတဲ့ကြားက ရုရှားသမ္မတပူတင်က ခွဲထွက်လာတဲ့ ဒန်းနီးယပ်စ် (Donetsk) နဲ့ လူးဂန့်စ်ခ် (Lugansk) ဒေသတွေရဲ့ လွတ်လပ်ရေးကို တနင်္လာနေ့က အသိအမှတ်ပြုလိုက်ပါတယ်။

 

Ref: Putin Orders Russian Military to Act as ‘Peacekeepers’ in Ukraine Regions

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: Putin Orders Russian Military to Act as ‘Peacekeepers’ in Ukraine Regions

 

#PeopleMedia


Share this post