• Follow Us on

Home ယူကရိန္းဂ်က္ေလယာဥ္ကို လူသားမ်ားအမွားေၾကာင့္ ပစ္ခ်မိခဲ့ဟု အီရန္ေျပာ

ယူကရိန္းဂ်က္ေလယာဥ္ကို လူသားမ်ားအမွားေၾကာင့္ ပစ္ခ်မိခဲ့ဟု အီရန္ေျပာ

Share this post

တီဟီရန္၊ ဇူလိုင္ ၁၃

ဇန္နဝါရီလက ယူကရိန္းခရီးသည္တင္ေလယာဥ္တစ္စင္းကို မေတာ္တဆပစ္ခ်ခဲ့သည့္ျဖစ္ရပ္သည္ ေလ ေၾကာင္းရန္ကာကြယ္ေရးကိရိယာမ်ားကို မွားယြင္းေနရာခ်ထားမႈေၾကာင့္ျဖစ္သည္ဟု အီရန္ကေျပာသည္။

စေနေန႔ကထုတ္ျပန္သည့္ အစီရင္ခံစာတြင္ အီရန္အရပ္သားေလေၾကာင္းပ်ံသန္းမႈအဖြဲ႕က လူသားအမွား အယြင္းႏွင့္ စစ္ဘက္ဆက္သြယ္ေရးညံ႔ဖ်င္းမႈေၾကာင့္ျဖစ္သည္ဟု အျပစ္တင္လိုက္သည္။

ၿမိဳ႕ေတာ္တီဟီရန္မွာခြာၿပီးခဏအတြင္း ဒံုးပ်ံ ၂ စင္း ယူကရိန္းေလယာဥ္ကိုထိမွန္၍ ေလယာဥ္ေပၚပါလာသူ ၁၇၆ ေယာက္စလံုးေသဆံုးခဲ့သည္။

ထိုျဖစ္ရပ္အတြက္ တာ၀န္မ႐ွိေၾကာင္း အီရန္က အစပိုင္းတြင္ ျငင္းဆိုခဲ့သည္။

သို႔ေသာ္ အေနာက္ႏိုင္ငံမ်ား၏ေထာက္လွမ္းေရးအရာ႐ွိမ်ားက အီရန္ပါ၀င္မႈ႐ွိေၾကာင္း သက္ေသမ်ားေတြ႕႐ွိၿပီး ေနာက္ မွားယြင္းေၾကာင္း အီရန္က ၀န္ခံခဲ့ၿပီး ေလယာဥ္ကို ခ႐ုဇ္ဒံုးပ်ံဟု မွားယြင္းသတ္မွတ္ခဲ့ေၾကာင္းေျပာ သည္။

ထိုျဖစ္ရပ္သည္ ခြင့္မလႊတ္ႏိုင္ေသာအမွားဟု အီရန္သမၼတဟာဆန္ ႐ိုဟာနီကေျပာသည္။

Ref : Iran plane crash: ‘Human error’ to blame for downing of Ukrainian jet

#PeopleMedia

(unicode)
ယူကရိန်းဂျက်လေယာဉ်ကို လူသားများအမှားကြောင့် ပစ်ချမိခဲ့ဟု အီရန်ပြော
…………………………………………………………

တီဟီရန်၊ ဇူလိုင် ၁၃

ဇန်နဝါရီလက ယူကရိန်းခရီးသည်တင်လေယာဉ်တစ်စင်းကို မတော်တဆပစ်ချခဲ့သည့်ဖြစ်ရပ်သည် လေ ကြောင်းရန်ကာကွယ်ရေးကိရိယာများကို မှားယွင်းနေရာချထားမှုကြောင့်ဖြစ်သည်ဟု အီရန်ကပြောသည်။

စနေနေ့ကထုတ်ပြန်သည့် အစီရင်ခံစာတွင် အီရန်အရပ်သားလေကြောင်းပျံသန်းမှုအဖွဲ့က လူသားအမှား အယွင်းနှင့် စစ်ဘက်ဆက်သွယ်ရေးညံ့ဖျင်းမှုကြောင့်ဖြစ်သည်ဟု အပြစ်တင်လိုက်သည်။

မြို့တော်တီဟီရန်မှာခွာပြီးခဏအတွင်း ဒုံးပျံ ၂ စင်း ယူကရိန်းလေယာဉ်ကိုထိမှန်၍ လေယာဉ်ပေါ်ပါလာသူ ၁၇၆ ယောက်စလုံးသေဆုံးခဲ့သည်။

ထိုဖြစ်ရပ်အတွက် တာဝန်မရှိကြောင်း အီရန်က အစပိုင်းတွင် ငြင်းဆိုခဲ့သည်။

သို့သော် အနောက်နိုင်ငံများ၏ထောက်လှမ်းရေးအရာရှိများက အီရန်ပါဝင်မှုရှိကြောင်း သက်သေများတွေ့ရှိပြီး နောက် မှားယွင်းကြောင်း အီရန်က ဝန်ခံခဲ့ပြီး လေယာဉ်ကို ခရုဇ်ဒုံးပျံဟု မှားယွင်းသတ်မှတ်ခဲ့ကြောင်းပြော သည်။

ထိုဖြစ်ရပ်သည် ခွင့်မလွှတ်နိုင်သောအမှားဟု အီရန်သမ္မတဟာဆန် ရိုဟာနီကပြောသည်။

Ref : Iran plane crash: ‘Human error’ to blame for downing of Ukrainian jet

#PeopleMedia


Share this post