• Follow Us on

Home ရွမ္းျပည္နယ္၊ ေက်ာက္မဲတြင္ ဆႏၵျပဦးေဆာင္သူမ်ားကို အေရးယူျခင္း မျပဳရန္ အရပ္ဖက္အဖြဲ႕အစည္း ၁၂၉ ဖြဲ႕ ထုတ္ျပန္

ရွမ္းျပည္နယ္၊ ေက်ာက္မဲတြင္ ဆႏၵျပဦးေဆာင္သူမ်ားကို အေရးယူျခင္း မျပဳရန္ အရပ္ဖက္အဖြဲ႕အစည္း ၁၂၉ ဖြဲ႕ ထုတ္ျပန္

Share this post

ရန္ကုန္၊ ဇူလိုင္ ၁၃

ရွမ္းျပည္နယ္၊ ေက်ာက္မဲတြင္ ဆႏၵျပဦးေဆာင္သူမ်ားကို အေရးယူျခင္းမျပဳရန္ အရပ္ဖက္အဖြဲ႕အစည္း ၁၂၉ ဖြဲ႕က ဇူလိုင္ ၁၂ ရက္တြင္ ထုတ္ျပန္လိုက္ေၾကာင္းသိရသည္။

အဆိုပါထုတ္ျပန္စာႏွင့္ပတ္သက္၍ ဇူလိုင္၁၃ရက္ people media က ဆက္သြယ္ေမးျမန္းရာတြင္ ကြ်န္းတစ္ ေထာင္ေျမေဖာင္ေဒးရွင္းမွ ေဒၚနန္းဝါႏုကေျပာၾကားသည္။

“တပ္မေတာ္ကိုေရာ အစိုးရကိုေရာ ေက်ာက္မဲျပည္သူေတြအေနနဲ႔ တင္ျပခ်င္တယ္။ ေျပာျပခ်င္တယ္။ ျဖစ္ေနတဲ့ ဟာေတြအကုန္လုံးေပါ့။ ဒါေပမဲ့ သူတို႔မွာ အခြင့္အေရးမရွိဘူး။ ဆႏၵျပဖို႔ စာတင္ေတာ့လည္း လက္မခံဘူး။ ခြင့္မ ျပဳဘူးဆိုတဲ့အေနအထားမွာၾကေတာ့ သူတို႔က ဒီအတိုင္းဆႏၵျပပြဲကို လုပ္လိုက္ရျခင္းျဖစ္တယ္။ အဓိကေျပာလို႔ ရွိရင္ေတာ့ ကိုဗစ္ကပ္ေရာဂါထက္ပိုေၾကာက္ဖို႔ေကာင္းတဲ့လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈကပ္ကို သူတို႔က ေၾကာက္တဲ့အတြက္ေၾကာင့္ လုပ္ျခင္းျဖစ္တယ္။ အဲဒီအတြက္ေၾကာင့္ အခုအခ်ိန္အေနအထားမွာ ကိုဗစ္ကပ္ အေနအထားေၾကာင့္ တရားစြဲႏိုင္တဲ့အေနအထားလည္းရွိတယ္။ ၿငိမ္းစုစည္းဥပေဒေၾကာင့္လည္း တရားစြဲႏိုင္ တယ္။ ဒါေပမဲ့ ကြ်န္မတို႔ရပ္တည္တာက လူ႔အခြင့္အေရး၊ ႏိုင္ငံသားအခြင့္အေရး ခ်ိဳးေဖာက္တာေတြကို အစိုးရနဲ႔ တပ္မေတာ္က တာ၀န္ယူေပးဖို႔ရပ္တည္တယ္။ တရားစြဲဖို႔မသင့္ဘူး’’ဟု ၎ကေျပာသည္။

၂၀၂၀ ခုႏွစ္ ဇြန္လ ၂၅ ရက္မွ ၂၉ ရက္အတြင္း ရွမ္းျပည္နယ္ေက်ာက္မဲတြင္ ေက်းရြာအခ်ိဳ႕အတြင္းလက္နက္ ႀကီး က်ည္က်ေရာက္ျခင္း၊ ရွမ္းအမ်ိဳးသားတစ္ဦး ေသနတ္က်ည္ေၾကာင့္ ေသဆုံးျခင္း၊ ရြာသားမ်ား လမ္းျပအျဖစ္ ႐ိုက္ႏွက္ခံရျခင္းတို႔ေၾကာင့္ ေဒသခံလူအင္အားေထာင္ႏွင့္ခ်ီမွ ဇူလိုင္၁၀ရက္ေန႔တြင္ ေက်ာက္မဲၿမိဳ႕တြင္ စီတန္း လွည့္လည္ကာဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္းသိရသည္။

အဆိုပါဆႏၵထုတ္ေဖာ္မႈအား ခြင့္ျပဳခ်က္ေပးထားျခင္းမရွိဘဲ ဆႏၵေဖာ္ထုတ္မႈေၾကာင့္ ၿငိမ္းစုစည္းဥပေဒအပါ အ၀င္ ကိုဗစ္ကပ္ေရာဂါတားဆီးကာကြယ္သည့္ဥပေဒႏွင့္ပါ အေရးယူသြားမည္ျဖစ္ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးေကာ္မတီမွလည္း သတင္းထုတ္ျပန္ထားသည္။

#PeopleMedia

(unicode)
ရှမ်းပြည်နယ်၊ ကျောက်မဲတွင် ဆန္ဒပြဦးဆောင်သူများကို အရေးယူခြင်း မပြုရန် အရပ်ဖက်အဖွဲ့အစည်း ၁၂၉ ဖွဲ့ ထုတ်ပြန်
…………………………………………………

ရန်ကုန်၊ ဇူလိုင် ၁၃

ရှမ်းပြည်နယ်၊ ကျောက်မဲတွင် ဆန္ဒပြဦးဆောင်သူများကို အရေးယူခြင်းမပြုရန် အရပ်ဖက်အဖွဲ့အစည်း ၁၂၉ ဖွဲ့က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

အဆိုပါထုတ်ပြန်စာနှင့်ပတ်သက်၍ ဇူလိုင်၁၃ရက် people media က ဆက်သွယ်မေးမြန်းရာတွင် ကျွန်းတစ် ထောင်မြေဖောင်ဒေးရှင်းမှ ဒေါ်နန်းဝါနုကပြောကြားသည်။

“တပ်မတော်ကိုရော အစိုးရကိုရော ကျောက်မဲပြည်သူတွေအနေနဲ့ တင်ပြချင်တယ်။ ပြောပြချင်တယ်။ ဖြစ်နေတဲ့ ဟာတွေအကုန်လုံးပေါ့။ ဒါပေမဲ့ သူတို့မှာ အခွင့်အရေးမရှိဘူး။ ဆန္ဒပြဖို့ စာတင်တော့လည်း လက်မခံဘူး။ ခွင့်မ ပြုဘူးဆိုတဲ့အနေအထားမှာကြတော့ သူတို့က ဒီအတိုင်းဆန္ဒပြပွဲကို လုပ်လိုက်ရခြင်းဖြစ်တယ်။ အဓိကပြောလို့ ရှိရင်တော့ ကိုဗစ်ကပ်ရောဂါထက်ပိုကြောက်ဖို့ကောင်းတဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုကပ်ကို သူတို့က ကြောက်တဲ့အတွက်ကြောင့် လုပ်ခြင်းဖြစ်တယ်။ အဲဒီအတွက်ကြောင့် အခုအချိန်အနေအထားမှာ ကိုဗစ်ကပ် အနေအထားကြောင့် တရားစွဲနိုင်တဲ့အနေအထားလည်းရှိတယ်။ ငြိမ်းစုစည်းဥပဒေကြောင့်လည်း တရားစွဲနိုင် တယ်။ ဒါပေမဲ့ ကျွန်မတို့ရပ်တည်တာက လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး ချိုးဖောက်တာတွေကို အစိုးရနဲ့ တပ်မတော်က တာဝန်ယူပေးဖို့ရပ်တည်တယ်။ တရားစွဲဖို့မသင့်ဘူး’’ဟု ၎င်းကပြောသည်။

၂၀၂၀ ခုနှစ် ဇွန်လ ၂၅ ရက်မှ ၂၉ ရက်အတွင်း ရှမ်းပြည်နယ်ကျောက်မဲတွင် ကျေးရွာအချို့အတွင်းလက်နက် ကြီး ကျည်ကျရောက်ခြင်း၊ ရှမ်းအမျိုးသားတစ်ဦး သေနတ်ကျည်ကြောင့် သေဆုံးခြင်း၊ ရွာသားများ လမ်းပြအဖြစ် ရိုက်နှက်ခံရခြင်းတို့ကြောင့် ဒေသခံလူအင်အားထောင်နှင့်ချီမှ ဇူလိုင်၁၀ရက်နေ့တွင် ကျောက်မဲမြို့တွင် စီတန်း လှည့်လည်ကာဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုအား ခွင့်ပြုချက်ပေးထားခြင်းမရှိဘဲ ဆန္ဒဖော်ထုတ်မှုကြောင့် ငြိမ်းစုစည်းဥပဒေအပါ အဝင် ကိုဗစ်ကပ်ရောဂါတားဆီးကာကွယ်သည့်ဥပဒေနှင့်ပါ အရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီမှလည်း သတင်းထုတ်ပြန်ထားသည်။

#PeopleMedia


Share this post