• Follow Us on

Home ယူကရိန်းနယ်စပ်အနီး ရုရှားတပ်များ ဆက်လက်အင်အားစုဖွဲ့နေ

ယူကရိန်းနယ်စပ်အနီး ရုရှားတပ်များ ဆက်လက်အင်အားစုဖွဲ့နေ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၉ (People Media)

 

ရုရှားတပ်များအင်အား အလုံးအရင်းစုစည်းနေသဖြင့် ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံကို ကျူးကျော် ဝင် ရောက်ရန် စီစဉ်နေသည်ဆိုသည့်သတင်းများကြောင့် ယူကရိန်းနယ်စပ်အရေးနှင့်ပတ်သက်၍ တင်းမာမှုများမြင့် တက်လျက်ရှိကြောင်း သိရသည်။

 

ရုရှားတပ်ဖွဲ့ဝင်အင်အား ၁၀၀,၀၀၀ နီးပါး ယူကရိန်းနယ်စပ်အနီးတပ်ဖြန့်ချထားသောကြောင့် လာမည့်နှစ်သစ် ကူးအစတွင် ရုရှားတပ်များကျူးကျော်ဝင်ရောက်လာမည်ကို စိုးရိမ်ရကြောင်း ယူကရိန်းထောက်လှမ်းရေးအဖွဲ့များ က သတိပေးထားသည်။

 

ယခုနှစ် ဧပြီလအတွင်းကလည်း ယူကရိန်းနယ်စပ်အနီး ရုရှားနိုင်ငံကပြုလုပ်ခဲ့သည့် အင်အားကြီးမားသော စစ် ရေးလေ့ကျင့်မှုကြောင့် ရုရှားတပ်များ ယူကရိန်းနိုင်ငံကိုကျူးကျော်ဝင်ရောက်လာမည့်အရေး စိုးရိမ်ပူပန်မှုများ မြင့်တက်ခဲ့သည်။ ဧပြီလအတွင်းက စစ်ရေးအကြပ်အတည်းနှင့် ပတ်သက်၍ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဆွေးနွေးရန် ညှိနှိုင်းခဲ့ပြီးနောက် ပြေလည်သွားခဲ့သည်။

 

သို့သော် လက်ရှိနယ်စပ်ဒေသတွင်ဖြစ်ပေါ်နေသော အခြေအနေမှာ ဧပြီလအတွင်းကဖြစ်ပွားခဲ့သောအခြေအနေ နှင့် လုံးဝမတူကြောင်း ယူကရိန်းနိုင်ငံ၏ အာဏာရပါတီဖြစ်သော ပြည်သူ့အစေခံပါတီမှ အမတ်တစ်ဦးဖြစ်ပြီး ပါ လီမန်လွှတ်တော် အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးနှင့် ထောက်လှမ်းရေးကော်မတီ၏ ဒုတိယအကြီးအကဲဖြစ် သူ မာရီယာနာဘီဇူလာက ပြောသည်။

 

“ပထမဦးဆုံးပြောချင်တာက ဒရုန်းတွေအသုံးပြုတာအပါအဝင် ရုရှားဘက်ကထောက်လှမ်းရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ခဲ့တာကို ကျွန်မတို့တွေ့ရကြောင်း ပြောချင်ပါတယ်။ ထောက်လှမ်းရေးလုပ်ငန်းတွေကို လွန်ခဲ့ တဲ့နှစ်က ဆောင်ရွက်တာထက် သုံးဆတိုးမြှင့်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒုတိယအနေနဲ့ ဘယ်လာရုစ်နိုင်ငံ ဘက်က ခြိမ်းခြောက်မှုတစ်ခုတွေ့ ရပါတယ်။ ပြီးခဲ့တဲ့နွေဦးနဲ့မတူတာက ဘယ်လာရုစ်တပ်တွေဟာ ရုရှားတပ် တွေနဲ့ အပြည့်အဝပေါင်းစပ်ဖွဲ့စည်းထားပြီးပြီဆိုတာ ရနိုင်သမျှသတင်းတွေကိုအခြေပြုပြီး ကျွန်မတို့သိရပါ တယ်” ဟု ၎င်းကပြောသည်။

 

ရုရှားတပ်ဖွဲ့ဝင်များမှာ ညဘက်တွင်သာ တပ်ရွှေ့ပြောင်းလှုပ်ရှားပြီး ရုရှားကြည်းတပ်၏ အထူးတပ်ဖွဲ့ဝင်များပါဝင် ပတ်သက်နေသည်ကိုတွေ့ရသောကြောင့် ယခုတပ်ဖြန့်ချထားမှုမှာ ပို၍လျှို့ဝှက်သည်ကိုတွေ့ရှိရကြောင်း စစ် ရေးလေ့လာသုံးသပ်သူများက ပြောကြားသည်။ နောက်ထပ်မတူကွဲပြားမှုတစ်ခုမှာ ရုရှားတပ်များအင်အားအလုံး အရင်းစုစည်းနေသည့်သတင်းကို ယူကရိန်းအရာရှိများက ကနဦးတွင် ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

 

“ဒါဟာ ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်နေတဲ့သတင်းအမှားတွေပါ။ သူတို့ပြောနေတဲ့သတင်းတွေက မမှန်ပါဘူး။ ဒီ သတင်းတွေဟာ တကယ့်အဖြစ်မှန်နဲ့ မကိုက်ညီပါဘူး” ဟု အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အ တွင်းရေးမှူး အိုလက်ဆီဒါနီလဗ်က ပြောသည်။

 

သို့သော် အိုလက်ဆီဒါနီလဗ်က ယင်းသို့ပြောဆိုပြီး ရက်ပိုင်းအတွင်းမှာပင် ရုရှားတပ်ဖွဲ့ဝင်များ ယူကရိန်းနယ်စပ် အနီးအင်အားအလုံးအရင်း စုဖွဲ့နေသည်ကို အမေရိကန်က စောင့်ကြည့်နေသည်ဟု စီအိုင်အေအကြီးအကဲ ဝီလျံ ဘန်းစ်က ရုရှားအစိုးရအား သတိပေးပြောဆိုခဲ့သည်။

 

Ref: Russian Troops Continue To Mass On Ukrainian Border

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Russian Troops Continue To Mass On Ukrainian Border

 

#PeopleMedia


Share this post