• Follow Us on

Home ယူကရိန်းဝေဟင်ပိုင်နက်ကို လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ပေးရန်တောင်းဆိုမှုအား နေတိုးအဖွဲ့က ငြင်းပယ်လိုက်ပြီးနောက် ယူကရိန်းသမ္မတ ဒေါသထွက်နေ

ယူကရိန်းဝေဟင်ပိုင်နက်ကို လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ပေးရန်တောင်းဆိုမှုအား နေတိုးအဖွဲ့က ငြင်းပယ်လိုက်ပြီးနောက် ယူကရိန်းသမ္မတ ဒေါသထွက်နေ

Share this post

နိုင်ငံတကာ၊ မတ် ၅

 

ယူကရိန်းနိုင်ငံရဲ့ဝေဟင်ကို လေယာဉ်မပျံသန်းရဇုံအဖြစ်သတ်မှတ်ပေးဖို နေတိုးအဖွဲ့က ငြင်းဆိုလိုက်တဲ့အတွက် အဲဒီလိုငြင်းဆိုလိုက်တာဟာ ရုရှားလက်ကို ကြိုးဖြည်ပေးလိုက်တာပဲဖြစ်ကြောင်း ပြောဆိုရင်း ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးက နေတိုးအဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

 

“ဒီကနေ့ကနေ ရှေ့လျှောက် သေကြရမယ့် ယူကရိန်းပြည်သူတွေဟာ ခင်ဗျားတို့ကြောင့် သေရမှာပါ။ ခင်ဗျား တို့ အားနည်းချက်ကြောင့် သေကြရမှာပါ။ ခင်ဗျားတို့ စည်းလုံးညီညွတ်မှုမရှိလို့ သေကြရမှာပါ။ လေယာဉ်မပျံ သန်းရဇုံသတ်မှတ်ပေးဖို့ ငြင်းဆန်လိုက်တဲ့ မဟာမိတ်အဖွဲ့ဟာ ယူကရိန်းမြို့ကြီးတွေနဲ့ ကျေးရွာတွေကို ဗုံးကြဲ ကြပါတော့လို့ သဘောတူခွင့်ပြုလိုက်တာပါပဲ။” လို့ ဇီလန်စကီးက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံမှာ လေယာဉ်မပျံသန်းရဇုံသတ်မှတ်ပေးလိုက်မယ်ဆိုရင် နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ ရုရှားနဲ့ဖြစ်နေတဲ့ ဥရောပဒေသမှာ စစ်ပွဲပိုမိုကျယ်ပြန့်သွားမှာဖြစ်တယ်လို့ နေတိုးအဖွဲ့က သတိပေးလိုက်ပြီး အဲဒီ လို လေယာဉ်မပျံသန်းရဇုံသတ်မှတ်ပေးဖို့ကိစ္စကို ငြင်းဆိုလိုက်ပါတယ်။

 

“ဒီကနေ့ မဟာမိတ်နိုင်ငံတွေလုပ်နိုင်တာဆိုလို့ ယူကရိန်းအတွက် ဒီဇယ်တန် ၅၀ ဝယ်ယူရေးစနစ်ကို ရပ်တန့်ပစ် လိုက်တာပဲတတ်နိုင်တော့တာပေါ့။ ဒါဆို ကျွန်တော်တို့က ဘူဒါပက်လူထုဆန္ဒခံယူပွဲကို မီးရှို့စ်လိုက်ရတော့မှာ ပေါ့။” လို့ ဆိုဗီယက်ခေတ်နျူကလီးယားလက်နက်တွေကို စွန့်လွှတ်တဲ့အချိန်မှာ ယူကရိန်းလုံခြုံရေးကို အာမခံ ပေးခဲ့တဲ့ ၁၉၉၄ ခုနှစ်က ဖြစ်ရပ်ကို ရည်ညွှန်းပြီး ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းနိုင်ငံအနေနဲ့ ဆက်လက်ခုခံတိုက်ခိုက်သွားမှာဖြစ်ပြီး ရုရှားရဲ့စီမံချက်တွေကို ဖျက်ဆီးပြီးသွားပြီဖြစ် ကြောင်း ၎င်းကပြောပါတယ်။

 

“ကျွန်တော်တို့ဟာ အလင်းရောင်ရဲ့ စစ်သည်တော်တွေပါ။ ဥရောပသမိုင်းက ဒီအဖြစ်အပျက်တွေကို တစ်သက်လုံး သတိရနေမှာပါ။” လို့ ၎င်းကပြောပါတယ်။

 

နျူကလီးယားစက်ရုံကို ရုရှားနိုင်ငံက တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း ယူကရိန်းမှာရှိတဲ့ အ မေရိကန်သံရုံးက ပြောပါတယ်။

 

Ref: Volodymyr Zelenskyy fumes at NATO after it refuses to impose no-fly zone over Ukraine

 

#PeopleMedia

 

(unicode)


……………………………………………………

 


 


 


 


 


 


 


 


 

Ref: Volodymyr Zelenskyy fumes at NATO after it refuses to impose no-fly zone over Ukraine

 

#PeopleMedia


Share this post