• Follow Us on

Home ယူကရိန်းနိုင်ငံကို ကာကွယ်ရန် စစ်ရေးအရဝင်ရောက်ဆောင်ရွက်မည်မဟုတ်ကြောင်း နေတိုးအဖွဲ့ပြော

ယူကရိန်းနိုင်ငံကို ကာကွယ်ရန် စစ်ရေးအရဝင်ရောက်ဆောင်ရွက်မည်မဟုတ်ကြောင်း နေတိုးအဖွဲ့ပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃ (People Media)

 

ယူကရိန်းနိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမဟုတ်သဖြင့် ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်လာပါက ၎င်းနိုင်ငံကိုကာကွယ်ရန်  နေတိုးအဖွဲ့အနေဖြင့် စစ်ရေးအရ အရေးယူဆောင်ရွက်သွားမည်မဟုတ်ကြောင်း နေ တိုးအဖွဲ့က ကြေညာလိုက်သည်။

 

အနောက်နိုင်ငံများက ယူကရိန်းနိုင်ငံအတွက်စစ်ရေးအရအကာအကွယ်ပေးမည်မဟုတ်ကြောင်း ကြေညာလိုက် ပြီးနောက် ယူကရိန်းနိုင်ငံသည် ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး (OSCE) နိုင်ငံခြားရေးဝန်ကြီးများ ကောင်စီ၏ အာရုံစိုက်စရာတစ်ခုဖြစ်လာခဲ့သည်။

 

OSCE အစည်းအဝေးကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ယခုအပတ်ကြာသာပတေးနေ့ (နိုဝင်ဘာလ ၂ ရက်) က ကျင်းပခဲ့ရာ ယင်းအစည်းအဝေးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂျီလာရော့ဗ်က “ရုရှားနိုင်ငံသည် ယူက ရိန်းနိုင်ငံ ဒန်ဘက်စ်ဒေသတွင် ၂၀၁၄ ခုနှစ်ကဖြစ်ပွားခဲ့သော ပဋိပက္ခဖြေရှင်းရေးအတွက် ထည့်ဝင်ကူညီလျက်ရှိ ကြောင်း” အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကိုပြောကြားခဲ့သည်။

 

ယူကရိန်းနိုင်ငံသည် နေတိုးအဖွဲ့ဝင်မဟုတ်သောကြောင့် ယင်းနိုင်ငံ၏လုံခြုံရေးကို မိမိတို့အာမမခံနိုင်ကြောင်း နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဂျန်းစ်ဆော့တ်တန်းဘာ့ဂျ်က ပြောသည်။

 

နေတိုးအဖွဲ့ဝင်နိုင်ငံများကို စစ်ရေးအရကာကွယ်ရန် နေတိုးမဟာမိတ်တပ်ဖွဲ့ဝင်နိုင်ငံများတွင် တာဝန်ရှိသည်ကို သဘောတူညီချက်ရှိထားကြောင်း ပြန်လည်သတိပေးပြောကြားရင်း နေတိုးအဖွဲ့ဝင်နိုင်ငံများကို စုပေါင်းကာ ကွယ်ခြင်းနှင့်  ယူကရိန်းနိုင်ငံကိုထောက်ပံ့ခြင်းတို့အား မရှုပ်ထွေးစေရန် ဆော့တ်တန်းဘာ့ဂျ်က ပြောသည်။

 

“အရေးကြီးတာက ယူကရိန်းနိုင်ငံနဲ့ပတ်သက်လို့ စစ်ရေးကိစ္စတွေမှာ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ဖို့ ဝန်ကြီးများအ စည်းအဝေးမှာ ကျွန်တော့်တို့ ဘက်ကတောင်းဆိုတဲ့အခါ ရှင်းလင်းပြတ်သားတဲ့ တုံ့ပြန်ချက်ကို ကျွန်တော်တို့ ကြားခဲ့ပြီးပါပြီ။” ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အိုင်ဗန်ဒီမီထရိုယက်ဗ်ကူလီဘာကပြောသည်။

 

နေတိုးအဖွဲ့အနေဖြင့် ယူကရိန်းနိုင်ငံကိုထောက်ပံ့နေသည်မှာ မှန်သော်လည်း မြောက်အတ္တလန်တစ်စာချုပ် အ ပိုဒ် ၅ ပါ ပြဋ္ဌာန်းချက်များအရ ယူကရိန်းနိုင်ငံသည် နေတိုးအဖွဲ့ ဝင်နိုင်ငံများ စုပေါင်းကာကွယ်ရမည့်အာမခံချက် ရထားသောနိုင်ငံများတွင် မပါဝင်ကြောင်း ၎င်းကပြောသည်။

 

Ref: NATO States It Will Not Take Military Action To Defend Ukraine

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 

Ref: NATO States It Will Not Take Military Action To Defend Ukraine

 

#PeopleMedia


Share this post