• Follow Us on

Home ယူကရိန်းနှင့်အနီးတွင် အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘောအုပ်စု တပ်ဖြန့်ချထားမည့်အစီအစဉ် အနည်းငယ်ပြောင်းလဲ

ယူကရိန်းနှင့်အနီးတွင် အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘောအုပ်စု တပ်ဖြန့်ချထားမည့်အစီအစဉ် အနည်းငယ်ပြောင်းလဲ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၅ (People Media)

 

ရုရှားတပ်ဖွဲ့ဝင်များ ယူကရိန်းနိုင်ငံကိုကျူးကျော်လာနိုင်သည့်အရေးကြောင့် အမေရိကန်ရေတပ်မှ နျူကလီးယား စွမ်းအင်သုံးလေယာဉ်တင်သင်္ဘောအုပ်စုတစ်စုကို ယူကရိန်းနိုင်ငံနှင့် နီးစပ်သောနေရာတွင် တပ်ဖြန့်ချသွား မည့် အစီအစဉ်အား အနည်းငယ်ပြောင်းလဲလိုက်ကြောင်းသိရသည်။

 

ယူအက်စ်အက်စ်ဟယ်ရီအက်စ်ထရူးမန်း လေယာဉ်တင်သင်္ဘောဦးဆောင်သည့် တိုက်ခိုက်ရေးရေယာဉ်အုပ်စု သည် လက်ရှိအချိန်တွင် မြေထဲပင်လယ်တွင်ရှိနေပြီး အချိန်တိုအတွင်း ယူကရိန်းနိုင်ငံအနီးသို့ ပြောင်းရွှေ့တပ် ဖြန့်ချထားနိုင်သည်။

 

ဒီဇင်ဘာလနှောင်းပိုင်းက ကာကွယ်ရေးဝန်ကြီးအယ်လွိုက်သြစတင်က ယူအက်စ်အက်စ်ဟယ်ရီအက်စ်ထရူး မန်းလေယာဉ်တင်သင်္ဘောဦးဆောင်သည့် တိုက်ခိုက်ရေးသင်္ဘောအုပ်စုကို အာရစ်ဘီယန်ပင်လယ်နှင့် ပါရှန် ပင်လယ်ကွေ့မှ စူအက်တူးမြောင်းကိုဖြတ်သန်းသွားမည့်အစီအစဉ်အစား မြေထဲပင်လယ်တွင် ဆက်လက်တပ် စွဲထားရန် အမိန့်ပေးခဲ့သည်။

 

“စစ်နယ်ဝန်းလုံခြုံရေးစစ်ဆင်ရေးတွေတိုးမြှင့်ဆောင်ရွက်ပြီး ရေတပ်စစ်ဆင်ရေးနယ်မြေမှာ ဆက်လက်တပ်စွဲ ထားနိုင်ရေးထောက်ပံ့ပေးဖို့အတွက် ပင်လယ်ပြင်လုံခြုံရေးစစ်ဆင်ရေးတွေကနေ အကျပ်အတည်းပြဿနာတွေ ကို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့အထိ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ စစ်ဆင်ရေးစွမ်းရည်တွေကို ဆောင်ရွက်နိုင်ဖို့ ကျွန် တော်တို့ရေတပ်က အမြဲတမ်း အသင့်ဖြစ်နေပါတယ်။ တခြားစစ်သင်္ဘောတွေနဲ့ဖြစ်စေ၊ ဝေဟင်နဲ့ဖြစ်စေ၊ ရေပြင် မှာဖြစ်စေ ပြန့်ကျဲနေတဲ့စစ်အင်အားတွေကို တစ်စုတစ်စည်းတည်းပေါင်းစပ်အသုံးပြုဖို့ ကျွန်တော်တို့ ပြင်ဆင် ထားပြီးသားဖြစ်တယ်။” ဟု ယူအက်စ်အက်စ်ဟယ်ရီအက်စ်ထရူးမန်း၏ CO ကပ္ပတိန် ဂါဗင်ဒက်ဖ်ကပြောသည်။

 

သို့သော် ဒေသတွင်း ယူအက်စ်အက်စ်ဟယ်ရီအက်စ်ထရူးမန်း လေယာဉ်တင်သင်္ဘောဦးဆောင်သည့် တိုက်  ခိုက်ရေးရေယာဉ်အုပ်စု ရေရှည်တပ်စွဲထားခြင်းမှာ ယူကရိန်းနိုင်ငံကို ရုရှား၏ခြိမ်းခြောက်မှုမှကာကွယ်ရန်ထက် နေတိုးမဟာမိတ်နိုင်ငံများကို ထောက်ပံ့ရန်တပ်စွဲထားခြင်းဖြစ်သည်။ ရုရှားနိုင်ငံက ယူကရိန်းကိုကျူးကျော်တိုက် ခိုက်ရန် ဆုံးဖြတ်ပါက အမေရိကန်အနေဖြင့် ၎င်းတပ်များကို ယူကရိန်းနိုင်ငံတွင် တပ်ဖြန့်ချထားမည်မဟုတ် ကြောင်း ဒီဇင်ဘာလအတွင်းက သမ္မတဂျိုးဘိုင်ဒန်က ပြောခဲ့သည်။

 

ယူအက်စ်အက်စ်ဟယ်ရီအက်စ်ထရူးမန်း လေယာဉ်တင်သင်္ဘောဦးဆောင်သည့် တိုက်ခိုက်ရေးရေယာဉ်အုပ်စု သည် ပင်လယ်ပြင်တည်ငြိမ်ရေး/ လုံခြုံရေးနှင့် ဥရောပနှင့် အာဖရိက ဒေသရှိ အမေရိကန်မဟာမိတ်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ၏ အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ရန်အတွက် အမေရိကန် အမှတ် ၆ ရေတပ်အုပ်စု၏ စစ်  ဆင်ရေးနယ်မြေတွင် စစ်ဆင်ရေးစီမံချက်အတိုင်းတပ်ဖြန့်ချထားခြင်းဖြစ်ကြောင်း အမေရိကန်ရေတပ်က ပြောသည်။

 

နျူကလီးယားစွမ်းအင်သုံးလေယာဉ်တင်သင်္ဘောအပြင် အဆိုပါတိုက်ခိုက်ရေးရေယာဉ်အုပ်စုတွင် ပဲ့ထိန်းဒုံး ကျည်တပ်ခရုဇာစစ်သင်္ဘော ယူအက်စ်အက်စ်ဂျာဆင်တိုနှင့် အမှတ် ၂၈ ပဲ့ထိန်းဒုံးကျည်တပ်ဖျက်သင်္ဘောအုပ်စု (ယူအက်စ်အက်စ်ဘိန်းဘရစ်၊ ယူအက်စ်အက်စ်ကိုးလ်၊ ယူအက်စ်အက်စ်ဂရာဗယ်လီနှင့် ယူအက်စ်အက်စ် ဂျက် ဆန်ဒန်ဟန်တို့ပါဝင်သည်။) လည်းပါဝင်သည်။

 

၎င်းအပြင် နော်ဝေနိုင်ငံက HNoMS Fridtjof Nansen ဖရီးဂိတ်စစ်သင်္ဘောတစ်စီး၊ Fridtjof-Nansen အဆင့် ဖရီးဂိတ်စစ်သင်္ဘောတစ်စီး စေလွှတ်ခဲ့သည်။ နော်ဝေနို်ုင်ငံသည် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုတွင် တွဲဖက်တာဝန်ထမ်းဆောင်သည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။

 

ယူအက်စ်အက်စ်ဟယ်ရီအက်စ်ထရူးမန်းလေယာဉ်တင်သင်္ဘောပေါ်တွင် F/A-18F/E Super Hornet တိုက် လေယာဉ်များ၊ EA-18G Growler တိုက်လေယာဉ်များ၊ E-2D Advanced Hawkeye အေဝပ်လေယာဉ်များ၊ C-2A Greyhound စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်များ၊ MH-60S Knight Hawk ဘက်စုံသုံး  ရ ဟတ်ယာဉ်များ၊ MH-60R Sea Hawk fixed-wing ဘက်စုံသုံးရဟတ်ယာဉ်များနှင့် rotary-wing aircraft ရ ဟတ်ယာဉ်များဖြင့်ဖွဲ့စည်းထားသော လေယာဉ်အုပ် ၉ အုပ် ပါဝင်ကြောင်းသိရသည်။

 

Ref: Russia Won’t Like This: The US Navy Has An Aircraft Carrier Near Ukraine

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: Russia Won’t Like This: The US Navy Has An Aircraft Carrier Near Ukraine

 

#PeopleMedia


Share this post