• Follow Us on

Home ယူကရိန္း ခရီးသည္တင္ေလယာဉ္ပစ္ခ်ခံရမႈ ႏိုင္ငံငါးႏိုင္ငံက အီရန္ကိုေလ်ာ္ေၾကးေတာင္း

ယူကရိန္း ခရီးသည္တင္ေလယာဉ္ပစ္ခ်ခံရမႈ ႏိုင္ငံငါးႏိုင္ငံက အီရန္ကိုေလ်ာ္ေၾကးေတာင္း

Share this post

ႏိုင္ငံတကာ၊ ဇန္နဝါရီ ၁၇

ယူကရိန္းခရီးသည္တင္ေလယာဉ္အား ပစ္ခ်မႈတြင္ ပြင့္လင္းျမင္သာေသာ စုံစမ္းစစ္ေဆးမႈတစ္ရပ္ျပဳလုပ္ရန္ႏွင့္ ၀မ္းနည္းေၾကကြဲဖြယ္အျဖစ္ဆိုးေၾကာင့္ ေသဆုံးသြားသူမ်ား၏မိသားစုမ်ားအား ေလ်ာ္ေၾကးေပးရန္ ႏိုင္ငံငါးႏိုင္ငံမွ ထိပ္တန္းသံတမန္မ်ားက အီရန္ကိုတိုက္တြန္းလိုက္သည္။

ယင္းျဖစ္စဉ္ႏွင့္ ပတ္သက္၍ ကေနဒါ၊ ယူကရိန္း၊ ဆြီဒင္၊ အာဖဂန္နစၥတန္ႏွင့္ ၿဗိတိန္တို႔မွ ႏိုင္ငံျခားေရး၀န္ႀကီးဌာန အႀကီးအကဲမ်ားသည္ ဇန္နဝါရီ ၁၆ ရက္ေန႔က လန္ဒန္တြင္ေတြ႕ဆုံခဲ့ၾကသည္။ ဇန္နဝါရီအေစာပိုင္းက ျဖစ္ပြားခဲ့ေသာ ယူကရိန္းခရီးသည္တင္ေလယာဉ္ပ်က္က်မႈတြင္ ႏိုင္ငံငါးႏိုင္ငံမွာ ခရီးသြားမ်ား ေသဆုံးခဲ့သည္။

ယင္းျဖစ္စဉ္ႏွင့္ပတ္သက္၍ ပြင့္လင္းျမင္သာေသာ စုံစမ္းစစ္ေဆးမႈအတြက္ အီရန္အေနျဖင့္ ႏိုင္ငံတကာအသိုင္းအဝိုင္းႏွင့္ အတူတကြလုပ္ေဆာင္ရန္၊ အျပည့္အ၀ တာ၀န္ယူမႈ၊ ပြင့္လင္းျမင္သာမႈႏွင့္ ပူးေပါင္းေဆာင္ရြက္မႈတို႔ကို ယေန႔ကမၻာႀကီးက ေတာင္းဆိုေနေၾကာင္း ေတြ႕ဆုံေဆြးေႏြးပြဲအၿပီး သတင္းေထာက္မ်ားႏွင့္ ေတြ႕ဆုံရာတြင္ ကေနဒါႏိုင္ငံျခားေရး၀န္ႀကီး ဖရန္ကြိဳင္းဖိလစ္ရွမ္ပိန္က တိုက္တြန္းေျပာဆိုသည္။

အီရန္အေနျဖင့္ အျပည့္အ၀တာ၀န္ယူမႈကို လက္ခံပါက ယင္းလုပ္ရပ္၏ ေနာက္ဆက္တြဲအက်ိဳးဆက္မ်ား ကိုလည္း လက္ခံရန္လိုအပ္ေၾကာင္း ၊ ယင္းတို႔တြင္ ေသဆုံးသူမ်ား၏မိသားစု၀င္မ်ားကို ေလ်ာ္ေၾကးေပးရန္အတြက္ကိုလည္း လက္ခံရမည္ဟု ၎ကေျပာသည္။

ဇန္နဝါရီ ၈ ရက္တြင္ အီရန္ႏိုင္ငံ ၿမိဳ႕ေတာ္တီဟီရန္မွ ပ်ံတက္ၿမီးမ်ားမၾကာမီ ယူကရိန္းခရီးသည္တင္ေလယာဉ္ ပ်က္က်သြားၿပီး လိုက္ပါသြားသူ ၁၇၆ ဦးေသဆုံးခဲ့သည္။ ယင္းျဖစ္ရပ္သည္ အေမရိကန္တပ္ဖြဲ႕၀င္မ်ား တပ္စြဲထားရာ အီရတ္ရွိ စစ္အေျခစိုက္စခန္းမ်ားကို အီရန္က ဒုံးပ်ံမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ၿပီးေနာက္ နာရီအနည္းငယ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ကာ ယင္းေလယာဉ္ကိုမေတာ္တဆမွားယြင္းပစ္ခ်မိခဲ့ေၾကာင္း အီရန္က ေနာက္ပိုင္းတြင္ ၀န္ခံခဲ့သည္။

Ref: 5 nations’ top diplomats discuss Iran jet downing

#peoplemedia #EPN

(unicode)
ယူကရိန်း ခရီးသည်တင်လေယာဉ်ပစ်ချခံရမှု နိုင်ငံငါးနိုင်ငံက အီရန်ကိုလျော်ကြေးတောင်း
……………………………………………………………………………………

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇

ယူကရိန်းခရီးသည်တင်လေယာဉ်အား ပစ်ချမှုတွင် ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြုလုပ်ရန်နှင့် ၀မ်းနည်းကြေကွဲဖွယ်အဖြစ်ဆိုးကြောင့် သေဆုံးသွားသူများ၏မိသားစုများအား လျော်ကြေးပေးရန် နိုင်ငံငါးနိုင်ငံမှ ထိပ်တန်းသံတမန်များက အီရန်ကိုတိုက်တွန်းလိုက်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကနေဒါ၊ ယူကရိန်း၊ ဆွီဒင်၊ အာဖဂန်နစ္စတန်နှင့် ဗြိတိန်တို့မှ နိုင်ငံခြားရေး၀န်ကြီးဌာန အကြီးအကဲများသည် ဇန်နဝါရီ ၁၆ ရက်နေ့က လန်ဒန်တွင်တွေ့ဆုံခဲ့ကြသည်။ ဇန်နဝါရီအစောပိုင်းက ဖြစ်ပွားခဲ့သော ယူကရိန်းခရီးသည်တင်လေယာဉ်ပျက်ကျမှုတွင် နိုင်ငံငါးနိုင်ငံမှာ ခရီးသွားများ သေဆုံးခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုအတွက် အီရန်အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အတူတကွလုပ်ဆောင်ရန်၊ အပြည့်အ၀ တာ၀န်ယူမှု၊ ပွင့်လင်းမြင်သာမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ယနေ့ကမ္ဘာကြီးက တောင်းဆိုနေကြောင်း တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ကနေဒါနိုင်ငံခြားရေး၀န်ကြီး ဖရန်ကွိုင်းဖိလစ်ရှမ်ပိန်က တိုက်တွန်းပြောဆိုသည်။

အီရန်အနေဖြင့် အပြည့်အ၀တာ၀န်ယူမှုကို လက်ခံပါက ယင်းလုပ်ရပ်၏ နောက်ဆက်တွဲအကျိုးဆက်များ ကိုလည်း လက်ခံရန်လိုအပ်ကြောင်း ၊ ယင်းတို့တွင် သေဆုံးသူများ၏မိသားစု၀င်များကို လျော်ကြေးပေးရန်အတွက်ကိုလည်း လက်ခံရမည်ဟု ၎င်းကပြောသည်။

ဇန်နဝါရီ ၈ ရက်တွင် အီရန်နိုင်ငံ မြို့တော်တီဟီရန်မှ ပျံတက်မြီးများမကြာမီ ယူကရိန်းခရီးသည်တင်လေယာဉ် ပျက်ကျသွားပြီး လိုက်ပါသွားသူ ၁၇၆ ဦးသေဆုံးခဲ့သည်။ ယင်းဖြစ်ရပ်သည် အမေရိကန်တပ်ဖွဲ့၀င်များ တပ်စွဲထားရာ အီရတ်ရှိ စစ်အခြေစိုက်စခန်းများကို အီရန်က ဒုံးပျံများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် နာရီအနည်းငယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယင်းလေယာဉ်ကိုမတော်တဆမှားယွင်းပစ်ချမိခဲ့ကြောင်း အီရန်က နောက်ပိုင်းတွင် ၀န်ခံခဲ့သည်။

Ref: 5 nations’ top diplomats discuss Iran jet downing

#peoplemedia #EPN


Share this post