• Follow Us on

Home လူသူမနီးသည့္ ဘာဆန္ခ်ာကြၽန္းသို႔ ဘဂၤါလီတစ္သိန္း ေျပာင္းေရႊ႕ေနရာခ်ထားရန္ ဘဂၤလားေဒ့ရ္အသင့္ျဖစ္ေန

လူသူမနီးသည့္ ဘာဆန္ခ်ာကြၽန္းသို႔ ဘဂၤါလီတစ္သိန္း ေျပာင္းေရႊ႕ေနရာခ်ထားရန္ ဘဂၤလားေဒ့ရ္အသင့္ျဖစ္ေန

Share this post

ႏိုင္ငံတကာ၊ ဇန္နဝါရီ ၁၇

မုတ္သုန္ရာသီတြင္ ေရလႊမ္းမိုးေလ့ရွိေသာ ဘဂၤလားပင္လယ္ေအာ္အတြင္းရွိ လူသူမနီးသည့္ ဘာဆန္ခ်ာကြၽန္းသို႔ ဘဂၤါလီဒုကၡသည္တစ္သိန္းကို ေျပာင္းေရႊ႕ေနရာခ်ထားေပးရန္ အသင့္ျဖစ္ေနေၾကာင္း ဘဂၤလားေဒ့ရွ္ တာ၀န္ရွိသူမ်ားက ဇန္နဝါရီ ၁၆ ရက္တြင္ ေျပာသည္။

သို႔သာ္ ဒုကၡသည္မ်ားကို ႏွစ္အတန္ၾကာေနထိုင္ခဲ့သည့္ ေကာ့ဘဇားေဒသရွိ ဒုကၡသည္စခန္းမ်ားမွာ ေျပာင္းေရႊ႕ေပးမည့္ ေန႔ရက္ကိုမူ ထုတ္ေဖာ္ေျပာဆိုျခင္းမရွိေသးေပ။

ဘဂၤလားပင္လယ္ေအာ္အတြင္းရွိ ေဝးလံေခါင္သီသည့္ ဘာဆန္ခ်ာကြၽန္းေပၚတြင္ ေရလႊမ္းမိုးမႈကိုတားဆီးရန္ တာတမံမ်ား၊ ေနအိမ္မ်ား၊ ေဆး႐ုံမ်ားႏွင့္ ဗလီမ်ားကိုလည္း ေဆာက္လုပ္ၿပီးစီးၿပီဟု ဘဂၤလားေဒ့ရ္ၱာ၀န္ရွိသူမ်ားက ေျပာသည္။

ဘာဆန္ခ်ာကြၽန္းတြင္ ဒုကၡသည္မ်ားေနထိုင္ရန္ အသင့္ျဖစ္ေနၿပီး အရာရာအသင့္ျပင္ဆင္ထားေၾကာင္း ဘဂၤလားေဒ့ရ္ၵဳကၡသည္ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ေကာ္မရွင္နာမင္းႀကီး အလန္တာလြတ္ဒါက ေအပီသတင္းဌာနကိုေျပာသည္။

သို႔ေသာ္ အဆိုပါကြၽန္းသို႔ ႏိုင္ငံျခားသတင္းေထာက္မ်ား သြားေရာက္ျခင္းကို ပိတ္ပင္ထားသည္။ ဘာဆန္ခ်ာကြၽန္းသည္ ျမစ္၀ကြၽန္းေပၚ အနိမ့္ပိုင္းေဒသတြင္တည္ရွိၿပီး ကုန္းမႀကီးမွ ၂၁ မိုင္ကြာေဝးသည္။ ကြၽန္းမွာ လြန္ခဲ့ေသာႏွစ္ ၂၀ ကမွေပၚထြန္းလာျခင္းျဖစ္ၿပီး ယခင္ကလူေနထိုင္ဖူးျခင္းမရွိေသးေပ။

Ref : Bangladesh says once-submerged island ready for Rohingya

#peoplemedia #EPN

(unicode)
လူသူမနီးသည့် ဘာဆန်ချာကျွန်းသို့ ဘင်္ဂါလီတစ်သိန်း ပြောင်းရွှေ့နေရာချထားရန် ဘင်္ဂလားဒေ့ရ်ှအသင့်ဖြစ်နေ
………………………………………………………………………………………

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇

မုတ်သုန်ရာသီတွင် ရေလွှမ်းမိုးလေ့ရှိသော ဘင်္ဂလားပင်လယ်အော်အတွင်းရှိ လူသူမနီးသည့် ဘာဆန်ချာကျွန်းသို့ ဘင်္ဂါလီဒုက္ခသည်တစ်သိန်းကို ပြောင်းရွှေ့နေရာချထားပေးရန် အသင့်ဖြစ်နေကြောင်း ဘင်္ဂလားဒေ့ရှ် တာ၀န်ရှိသူများက ဇန်နဝါရီ ၁၆ ရက်တွင် ပြောသည်။

သို့သာ် ဒုက္ခသည်များကို နှစ်အတန်ကြာနေထိုင်ခဲ့သည့် ကော့ဘဇားဒေသရှိ ဒုက္ခသည်စခန်းများမှာ ပြောင်းရွှေ့ပေးမည့် နေ့ရက်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ဝေးလံခေါင်သီသည့် ဘာဆန်ချာကျွန်းပေါ်တွင် ရေလွှမ်းမိုးမှုကိုတားဆီးရန် တာတမံများ၊ နေအိမ်များ၊ ဆေးရုံများနှင့် ဗလီများကိုလည်း ဆောက်လုပ်ပြီးစီးပြီဟု ဘင်္ဂလားဒေ့ရ်ှတာ၀န်ရှိသူများက ပြောသည်။

ဘာဆန်ချာကျွန်းတွင် ဒုက္ခသည်များနေထိုင်ရန် အသင့်ဖြစ်နေပြီး အရာရာအသင့်ပြင်ဆင်ထားကြောင်း ဘင်္ဂလားဒေ့ရ်ှဒုက္ခသည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မရှင်နာမင်းကြီး အလန်တာလွတ်ဒါက အေပီသတင်းဌာနကိုပြောသည်။

သို့သော် အဆိုပါကျွန်းသို့ နိုင်ငံခြားသတင်းထောက်များ သွားရောက်ခြင်းကို ပိတ်ပင်ထားသည်။ ဘာဆန်ချာကျွန်းသည် မြစ်၀ကျွန်းပေါ် အနိမ့်ပိုင်းဒေသတွင်တည်ရှိပြီး ကုန်းမကြီးမှ ၂၁ မိုင်ကွာဝေးသည်။ ကျွန်းမှာ လွန်ခဲ့သောနှစ် ၂၀ ကမှပေါ်ထွန်းလာခြင်းဖြစ်ပြီး ယခင်ကလူနေထိုင်ဖူးခြင်းမရှိသေးပေ။

Ref : Bangladesh says once-submerged island ready for Rohingya

#peoplemedia #EPN


Share this post