• Follow Us on

Home ယူကရိန်းအတွက် အရေးပေါ် ဒေါ်လာ ၁၃၈ သန်းတန် စစ်လက်နက်ပစ္စည်းတွေ အမေရိကန်ရောင်းချပေးမည်

ယူကရိန်းအတွက် အရေးပေါ် ဒေါ်လာ ၁၃၈ သန်းတန် စစ်လက်နက်ပစ္စည်းတွေ အမေရိကန်ရောင်းချပေးမည်

Share this post

နိုင်ငံတကာ၊ ဧပြီ ၁၁

 

ယူကရိန်းအတွက် ဒေါ်လာ ဘီလျံ ၆၀ တန်ကြေးရှိ စစ်ရေးအကူအညီတွေကို ကွန်ဂရက်လွှတ်တော်တွင်း ဆိုင်းငံ့ ထားဆဲကာလအတွင်း ယူကရိန်းမှာရှိတဲ့ ဟော့ခ် (Hawk) ဒုံးကျည်စနစ်တွေ ပြင်ဆင်ဖို့နဲ့ အဆင့်မြှင့် တင်ဖို့အတွက် ဒေါ်လာ ၁၃၈ သန်းတန်ကြေးရှိ လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို ရောင်းချပေးဖို့ အမေရိကန်ပြည် ထောင်စုက သဘောတူညီလိုက်ပါတယ်။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှားတပ်တွေကျူးကျော်လာတဲ့အချိန်မှာ ဆိုဗီယက်ခေတ် လေယာဉ်တွေနဲ့ ဒုံးကျည် တွေအများစုပါဝင်ဖွဲ့စည်းထားတဲ့ ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးလက်နက်တွေကို စစ်ပွဲစတင်ကတည်း က အမေရိကန်ပစ္စည်းတွေ/ အကူအညီတွေနဲ့ အဆင့်မြှင့်တင်ခဲ့ပါတယ်။

 

ရုရှားလေကြောင်းတိုက်ခိုက်မှုကို ကာကွယ်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် အမေရိကန်ထုတ် ပက်ထရီ ယော့ခ်ဒုံးကျည်တွေနဲ့ ဟော့ခ်ဒုံးကျည်တွေလို လက်နက်ဟောင်းတွေအပါအဝင် အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တွေကို အမေရိကန်အစိုးရက ယူကရိန်းကို ထောက်ပံ့ခဲ့ပါတယ်။

 

“ရုရှားဒုံးကျည်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အတွက် ယူကရိန်းရဲ့ စွမ်းရည်တွေမြှင့်တင်ဖို့ ယူကရိန်းနိုင်ငံက အရေးတကြီးလိုအပ်နေပါတယ်။” လို့ အမေရိကန် ကာကွယ်ရေးလုံခြုံရေးပူးပေါင်းဆောင်ရွက် မှုအေဂျင်စီ DSCA က အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။

 

“ဟော့ခ်ဒုံးကျည်တွေကို ပြုပြင်ထိန်းသိမ်းခြင်းဟာ ယူကရိန်းပြည်သူတွေနဲ့ အရေးကြီးတဲ့အမျိုးသားအခြေခံအ ဆောက်အဦတွေကို ကာကွယ်ဖို့အတွက် ယူကရိန်းနိုင်ငံရဲ့ စွမ်းရည်ကို မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။ အခု စစ်လက်နက်ပစ္စည်းရောင်းချမှုဟာ ဒေသတွင်း စစ်ရေးချိန်ခွင်လျှာအပြောင်းအလဲ ဖြစ်စေမှာမဟုတ်ပါဘူး။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အမေရိကန်ကွန်ဂရက်လွှတ်တော်ထဲမှာ ရီပတ်ဘလီကန်အမတ်တွေ ပိတ်ဆို့ထားတဲ့ ဒေါ်လာ ဘီလျံ ၆၀ တန် အကူအညီတွေကို စတင်ပို့ပေးဖို့ အမေရိကန်ပြည်ထောင်စုကို ယူကရိန်းနိုင်ငံက အနူးအညွတ်မေတ္တာရပ်ခံခဲ့ပါ တယ်။

 

အဲဒီ ဒေါ်လာ ဘီလျံ ၆၀ တန် အကူအညီရရှိခဲ့ရင် စစ်မြေပြင်က ယူကရိန်းစစ်သည်တွေအတွက် အရေးကြီးတဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

 

လတ်တလောကာလမှာ ရုရှားတပ်တွေဟာ အရှိန်မြှင့်တိုက်ခိုက်လာတဲ့အတွက် အမေရိကန်ကွန်ဂရက်လွှတ် တော်က စစ်ရေးအကူအညီပေးဖို့ ခွင့်မပြုဘူးဆိုရင် ယူကရိန်းနိုင်ငံ စစ်ရှုံးသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ပြောပါတယ်။

 

ရုရှားတပ်တွေဟာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်စစ်ပွဲစတင်ကတည်းက ယူကရိန်းနိုင်ငံရဲ့ စွမ်းအင်အခြေခံအဆောက် အဦကို မတ်လ နှောင်းပိုင်းက လေကြောင်းကနေ အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့ပါတယ်။

 

ရုရှားတပ်တွေက စွမ်းအင်စက်ရုံကို လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် အိမ်ခြေတစ်သန်းကျော် လျှပ်စစ် ဓာတ်အားပြတ်တောက်ခဲ့ပြီး နိုင်ငံရဲ့အကြီးဆုံး ရေအားလျှပ်စစ်စက်ရုံကနေ ဓာတ်အားသုံးစွဲခဲ့ရတယ်လို့ ဆိုပါ တယ်။

 

Ref: US to Sell $138M in Urgent Military Upgrades to Ukraine

 

#PeopleMedia


Share this post